Friday, January 18, 2013

♥´အချစ်ကျိန်စာ♥´



မထင်မှတ်ထားခဲ့ပါဘူး

မျှော်လင့်ချက်အပြည့်နဲ့

ဖြစ်တည်မိတဲ့ငါနှလုံးသား

ရုတ်တ၇က်ပိုင်ဆိုင်ထားလိုက်၇တဲ့

အ၇ာတခုပျောက်ဆုံးသွားသလိုပဲ

ငါသွေး၇ူးသွေးတန်းနဲ့လိုက်၇ှာနေမိလေရဲ့

ဖြစ်တည်မှု့တိုင်းဟာတန်ပြန်သက်ေ၇ာက်တယ်ဆို၇င်

ငါပေးခဲ့တဲ့မေတ္တာတွေနင့်ဆီမေ၇ာက်နိုင်တာ

ငါ့အတွက်တော့ကျိန်စာတခုများလားဟာ

ငါမျှော်လင့်မက်နေတဲ့ အိမ်မက်

အိမ်မက်ကိုလန့်နိုးချင်ပြီ

မနက်ခင်းတိုင်းမှာ

လှပတဲ့အနာဂတ်လေးကိုမြင်တွေ့ချင်ပြီ

ဒါပေမယ့်ဟာ

နင်ဆိုတဲ့မျှော်လင့်ချက်တခုက

ငါနလုံးသားနံရံမှာ၇ှိနေသမျှ

ငါမက်နေတဲ့အိမ်မက်ကို

တ၇ှိုက်မက်မက်မက်နေဦးမှာပဲ

ငါရဲ့ဝင်သက်ထွက်သက်တိုင်း

နင့်နာမည်ကိုတဖွဖွ၇ွတ်ဆိုနေမိတဲ့ငါ

နင်ကတော့ ဥပေက္ခာပြုရက်တာ

ငါဟာအချစ်ကျိန်စာမိနေတဲ့သူလိုပါပဲ

သေလောက်တဲ့ဒါဏ်၇ာမဟုတ်ပေမယ့်

ခံစားရတာတော့သေလောက်တယ်

ငါပစ်လိုက်တဲ့အချစ်မြှားနင်ဆီမရောက်တာ

ငါအတွက်အချစ်ကျိန်စာတခုပဲလားဟာ.....

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment