Saturday, February 18, 2012

Ma Ha Nwe ..Win KO Khine (Rakhine song)

*****တဒင်္ဂသာယာမူကြောင့်..မိသားစုဘ၀လေးမပျက်စီးစေချင်***





ကျွန်မတို့အိမ်ဂေဟာလေးက..အချစ်တွေနဲ့တည်ဆောက်လို့ပျော်ရွှင်စရာ....အတိဖြစ်ခဲ့ရပါတယ်
..အိမ်ဆည်လည်းသံလေး....သမီးလေးမွေးဖွားလာချိန်မှာတော့......ပိုတောင်ပြီးပြည့်စုံခဲ့ပါတယ်။
အဲလိုနဲ့ဖြစ်လာခဲ့တာသမီးလေး 5နှစ်တီတီတာလေး...စကားတတ်လို့မူကြိုတတ်လာချိန်မှာတော့...
ကျွန်မလေ..ကိုယ်တိုင်ဒီလိုဘ၀မျိုးတွေကြုံရမယ်လို့တခါမှ..မတွေးမိပါဘူး။
ကံကြမ္မာကိုပဲ…အပြစ်ပုံရလား။
ပတ်ဝန်းကျင်မှာ…ရုပ်ရှင်မှာမြင်ဖူးတုန်းက…ကျွန်မမခံမရပ်ဖြစ်ခဲ့ရတယ်။
ကျွန်မကိုယ်တိုင်ခံစားရတဲ့အချိန်….ဒီလောက်တည်ငြိမ်စွာနေလိမ့်မယ်လို့…ကျွန်မမထင်ခဲ့မိပါဘူး။
ကျွန်မတွေးတုန်းက…ငါသာအဲလိုဖြစ်ရင်…အဲဒီမိန်းမကို…ဘယ်လိုပြောလိုက်မှာ…….တကယ့်
လက်တွေ့ကြုံလာချိန်မှာတော့…ကျွန်မနှုတ်တွေစွံ့အသွားခဲ့ပါတယ်။
ကျွန်မကိုပတ်ဝန်းကျင်က..ဘယ်လိုပြောပြော…မယုံကြည်ခဲ့ပါဘူး။
ကျွန်မခုတွေ့လိုက်ရချိန်မှာတော့….ကျွန်မမူးမေ့သွားခဲ့ရပါတယ်။
ကျွန်မသူငယ်ချင်းတယောက်က…နင်ယောကျာ်းကိုငါတွေ့ခဲ့တာတာ…ငါပြောတိုင်းနင်မယုံဘူးမလား…
ခုနင်လာကြည့်…အဲဒီအခန်းမှာနင်ယောကျာ်းရှိနေတယ်။
ကျွန်မသူငယ်ချင်းတယောက်ကဖုန်းဆက်ပြောတော့…ကျွန်မယုံချင်..ယုံချင်နဲ့..သူပေးတဲ့လိပ်စာ
အတိုင်း…သွားလိုက်မိတယ်။
ကျွန်မသွားတဲ့အချိန်မှာပဲ..သူတို့တိုက်ခန်းပေါ်ကဆင်းအလာနဲ့ပတ်ပင်းတိုးသွားတယ်။

"ကိုကျော်…"
ကျွန်မ နှုတ်ဖျားက အလိုလိုနေရင်း ထွက်သွားတယ်။ ကိုကျော်ကလည်း
ကျွန်မကိုမြင်တော့ အံ့သြတုန်လှုပ်သွားတယ်။

ကျွန်မရဲ့...မျက်လုံးတွေပြာဝေသွားတယ်။ လက်ဝါးကိုဖြန့်ပြီး .... ကိုကျော်နဲ့အတူ တွဲလာတဲ့
ကောင်မလေးရဲ့ ပါးကို  ...အားရပါးရ ရိုက်ဖို့ချိန်ရွယ်လိုက်စဉ်မှာပဲ….
"ခင်မီ…ခင်မီ..သတိထားအုန်းလေ.." လို့ ကိုကျော်အသံကို နောက်ဆုံးကြားရလိုက်ရတယ်။
ကျွန်မသတိလစ်ပြီး…ဆေးရုံရောက်နေခဲ့ပါတယ်။
ကျွန်မဘေးနားမှာ..သမီးလေး..သနားစရာသမီးလေး…အဖေမဲ့တော့မယ်။
သမီးလေးရယ်..မေမေဘယ်လိုပြောရမလည်း…သမီးလေးကို..ကျွန်မမျက်ရည်တွေကျလာမိတယ်။
ကျွန်မမျက်ရည်တွေကိုသမီးတွေ့သွားတော့….
"မေမေ..မေမေအရမ်းနာနေလား…နိုနဲ့လေ…တိတ်တိတ်..သမီးသုတ်ပေးမယ်နော်"
ချစ်စရာသမီးလေးရယ်…လိမ္မာလိုက်တဲ့သမီးလေးရယ်။
ကျွန်မသမီးလေးကိုထွေးပွေ့လိုက်မိတယ်။ သမီးက…
"မေမေလွတ်..လွတ်ပါချို..နာတယ်မေမေရေ…"

"အော်…သမီးလေးနာသွားလားဖွဖွ..လာလာသမီးလေးမေမေနားလာခဲ့"
ကိုကျော်က..ထောင့်နားကပ်ပြီး..ကျွန်မတို့သားအမိကို..လှမ်းကြည့်နေတယ်။
အော်…သူကအပြစ်လုပ်ထားသူဆိုတော့လည်း….
"ကိုကျော်.."
"ခင်မီ..သက်သာလား..ကိုကျော်ဘာလုပ်ပေးရမလည်း…ဘာစားမလည်းရေသောက်မလား…"
"မလိုပါဘူး…ကျွန်မအသက်ရှင်နေသေးတယ်..လက်လက်ဆက်ဆက်ကြီးရှိသေးတယ်
ကျွန်မရှင့်ကိုပြောမလို့ပါ…"
သမီးလေးကမျက်စိလေးကလယ်ကလယ်နဲ့..ကျွန်မသတိထားမိပြီး
"အော်..ဆရာမ..ကျွန်မသမီးနဲ့ဆရာမအပြင်ခဏထွက်ပေးပါလား.."
အခန်းစောင့်နပ်စ်ကိုပြောလိုက်မိတယ်..သမီးလေးရှေ့မှာမပြောချင်လို့လေ…
"သမီးလေး…ဒီကအန်တီနဲ့အပြင်မှာလျှောက်သွားကြည်နေနော်…မေမေနဲ့ဖေဖေပြီးရင်ထွက်ခဲ့မယ်.."
ထွက်သွားတဲ့သမီးလေးကိုကြည့်ပြီး…ကျွန်မမျက်ရည်ကျမိတယ်။
ကျွန်မချက်ခြင်းပဲ..မျက်နှာကိုချက်ခြင်းတည်လိုက်မိတယ်။
"ရှင့်ကိုကျွန်မကွာရှင်းပေးမယ်…ကျွန်မအတွက်လည်း..ဘာမှထောက်ပံ့ပေးစရာမလိုဘူး။
ဒါပေမယ့်သမီးလေးကိုတော့….ဘာမှမပြောဘူး။
ရှင်နိုင်ငံခြားထွက်သွားတယ်လို့ပဲပြောထားမယ်။ သမီးလေးကိုလာမတွေ့ပါနဲ့။
ကျွန်မသမီးလေးစိတ်ဒဏ်ရာဖြစ်မှာမလိုလားဘူး။
နောက်လည်းဝေးရမယ့်အတူတူ…အခုတည်းက…မေ့ထားလိုက်ပါစေသမီးလေး"
"ခင်မီရေ…စိတ်ကြီးလိုက်တာ..မင်းသဘောတိုင်းပါ။ သမီးလေးကိုကိုယ်အဝေးကပဲ
စောင့်ရှောက်ပါ မယ့်။ သမီးလေးရှေ့ကိုယ်မပေါ်စေရပါဘူး။
ကိုယ်ရဲ့တဒင်္ဂသာယာမူကြောင့်…ကိုယ်တို့အေးချမ်းနေတဲ့
မိသားစုဘ၀လေး…ပျက်ဆီးခဲ့ရတယ်
ဘာမှအပြစ်မရှိတဲ့ကောင်မလေးကိုအပြစ်မတင်ပါနဲ့ကွာ…
ကိုယ့်အမှားကြောင့်ပါ..သူဘာမှမသိပါဘူး…."
"ကျွန်မဘယ်သူကိုမှအပြစ်မတင်ပါဘူး…ဒီချိန်မှာ..ဒီလိုဖြစ်ဖို့ကံပါလို့သတ်မှတ်လိုက်ပါတယ်၊
ရှင်သာ… နောက်တစ်ကြိမ်ဒီလိုမဖြစ်ပါစေနဲ့..ကျွန်မဆုတောင်းပါတယ်"
ကောင်မလေးက..ခေါင်းကိုငိုက်စိုက်ထားတယ်..ကျွန်မကိုကြည့်မနေဘူးလေ…
"ညီမဘာမှစိတ်မပူနဲ့နော်…ညီမခြင်း..မိန်းကလေးခြင်းကိုယ်ချင်းစာလို့….မမကွာရှင်းပေးလိုက်ပါမယ်…."
ကောင်မလေးက.
."မမရယ်…ညီမလေးလေ…အကိုကြီးမှာ..သားမယားရှိတာ..မသိခဲ့ရိုးအမှန်ပါ။
သိခဲ့ရင်ရှေ့ဆက်တိုးမိမှာမဟုတ်ပါဘူး။ ညီမလေးကိုခွင့်လွတ်ပါမမရယ်။
ခုတော့..အဟင့်..ညီမလေး..ကိုကြီးရဲ့ ရင်သွေးလေးကို လွယ်ထားရပြီမမရယ်.."
အော်…ယောကျာ်းတွေများကြောက်ဖို့ကောင်းလိုက်တာ။
တဒင်္ဂသာယာမူ့ကိုမက်မောပြီး…လုပ်ရက်လိုက်ကြတာ….ကျွန်မလေ…သမီးကြီးလာမှာတောင်ကြောက်နေမိတယ်။
သူအဖေလိုလူမျိုး….နဲ့သမီးလေးဆုံတွေ့မှာ….သမီးလေးသိမှာကြောက်နေမိတယ်။
ယောကျာ်းလေးများကိုပြောလိုက်ချင်ပါရဲ့….တဒင်္ဂသာယာမူကြောင့်…
သူများသားသမီးများဘ၀ကို..မဖျက်ဆီးကြပါနဲ့လို့…
.ကျွန်မခင်မီ…ဘ၀နဲ့ရင်ပြီး….ကြော်ငြာလိုက်ချင်ပါတယ်ရှင်…
သမီးလေး..သနားစရာသမီးလေးရယ်...မေမေလေးသမီးလေးကိုအမေအချစ်ကော..
အဖေအချစ်ကိုကောပုံအောပြီး...မေမေဘ၀ကိုသမီးလေးအတွက်..
သမီးလေးလှပတဲ့ပန်းလေးတပွင့်ဖြစ်အောင်...မေမေစောင့်ရှောက်သွားမှာပါ..သမီးလေးရယ်...
ယောကျာ်းတိုင်းမကောင်းသလိုမိန်းကလေးတိုင်းလည်းမကောင်းပါဘူး...မိန်းကလေးများအားလုံးလည်း
ကိုယ်ရည်စူးထားတဲ့သူဟာ..အိမ်ထောင်သည်လား...လူပျိုလားဆိုတာ...သိပီးမှ..
ကိုယ်ဘ၀ကိုယ်စိတ်ကြိုက်တည်ဆောက်နိုင်ပါစေ
ကိုယ်ကြောင့်သူများမိသားစုလေးမပျက်စီးစေပါနဲ့။
တိုက်ဆိုင်မူရှိခဲ့ရင်တောင်းပန်ပါတယ်။
မည်သူကိုမှမရည်ရွယ်ပါ။
ပတ်ဝန်းကျင်မှဖြစ်ပျက်နေတဲ့ဇာတ်လမ်းတပုဒ်မျှသာဖြစ်ပါတယ်။
အသိတခုရသွားမယ်ဆိုကျေနပ်ပါတယ်။
ဝေဖန်မူအားလုံးကိုကြိုဆိုလျှက်ပါ။
ကြိုးစားနေဆဲ
ရှင်းသန့်မေ

*****FEB 14 ချစ်သူများနေ့မှာအပျိုစင်ဂုဏ်မလဲစေချင်****

ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့  ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင်
မြန်မာနိုင်ငံတစ်ဝှမ်းလူကြီး၊လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုးလျှက်ရှိပါတယ်။
ချောကလက်ပေးတာ၊ပန်းစည်းပေးတာ၊ကတ်ပေးတာထူးဆန်းစရာမဟုတ်ပေမယ့်
အဲဒီနောက်ကွယ်ကလက်ဆောင်တွေရဲ့နောက်မှာ.
.မြန်မာမိန်းကလေးတွေရဲ့အပျိုစင်ဂုဏ်တွေပျောက်ကွယ်သွားကြတာတော့ရင်လေးစရာပါပဲ။
Living together ဆိုတာ နိုင်ငံခြားမှာသာကြားဖူးတာ အခုတော့ မြန်မာနိုင်ငံမှာပါကူးစက်လာတာ
မြန်မာအပျိုစင်မိန်းကလေးတွေအတွက်ရင်လေးစရာ၊မိဘများအတွက်ရင်နာစရာတစ်ခုပါပဲ။
****************************************************

ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ  ရှိနေပြီ ဆိုတာပါပဲ။လူငယ်တွေတော်တော်များများကချစ်သူများနေ့မှာ
သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊
ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေ
သဘာဝ တခုလို့ လက်ခံထားကြတယ်။
************************************************


ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။
ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ချောကလက်တွေပေးတာ
အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာလုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်းတယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေနဲ့
ပြည့်စုံနေတဲ့ အပျိုစင် ၊လူပျိုဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို
၊ယောကျာ်းလေးများကလည်းမြန်မာယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
**************************************************************

ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်းမင်္ဂလာတစ်ပါးပါပဲ။
ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာအပျိုဂုဏ်၊လူပျိုဂုဏ်ကိုပေးဆပ်မှချစ်တာမဟုတ်ပါဘူး
နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဆိုတာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံမြန်မာနိုင်ငံမှာလည်း ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင်
ဖန်တီး ကြတာ တွေ့လာရပါတယ်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

 အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊အကျင့်စရိုက်ကိုပါ
စတင်ဖျက်ဆီးနေတာတွေ့ရတာရင်လေးစရာပါပဲ။ချစ်သူများနေ့ဆိုတဲ့နေ့ရက်တစ်ရက်အောက်မှာ
အပျိုစင်ဂုဏ်လေး၊လူပျိုဂုဏ်တွေမပျက်စေချင်။
နှစ်တိုင်းရောက်လာမယ့်ချစ်သူများနေ့ကိုရှားပါးတဲ့ဘ၀လေးနဲ့မလဲစေချင်။
အားလုံးအသိတခုရသွားရင်ကျေနပ်ပါတယ်
ဝေဖန်မူများကိုလက်ခံပါသည်။
ကြိုးစားနေဆဲ
ရှင်းသန့်မေ

***ဖေဖေါ်ဝါရီ(၁၃)ဟာ...ဗိုလ်ချုပ်မွေးနေ့ပါ***

ဖေဖေါ်ဝါရီ(၁၃)
ထိုနေ့ရက်တွင်
ကမ္ဘာကပင်အသိအမှတ်ပြုတဲ့

ပြည်ချစ်ဖခင်ကို
ရှေ့နေဦးဖာ၊ဒေါ်စုကမွေးဖွားပေးခဲ့


တိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်
အသက်ကွယ်ပေးလို့

လွတ်လပ်ရေးရဖို့အတွက်

တော်လှန်ရေးတရားတွေ

ဟောကြားပေးခဲ့

အာဇာနည်ပီသတဲ့
တို့ပြည်ချစ်ဖခင်

တော်လှန်ရေးတရားဟောရင်း

ပြည်သူအတွက်ကြိုးပမ်းရင်းနဲ့

ကျွန်ပ်တို့တိုင်းသူပြည်သားတွေအတွက်
စတေးအသက်
ပေးဆက်ခဲ့သူ ချစ်တဲ့ပြည်ချစ်ဖခင်
ဖေဖေါ်ဝါရီ (၁၃)ဆိုလျှင်
သူ၏အသက်(၉၇)ခုနှစ်ပြည့်ခဲ့လေပြီ
ကျွန်ပ်တို့မမေ့ပြည်ချစ်ဖခင်
မွေးနေ့ရက်ကို
အမြဲဂုဏ်ပြုလေးစားလျှက်ပါ
ပြည်ချစ်ဖခင်သေသော်ညားလည်းကျွန်ပ်တို့ရင်တွင်ဘယ်တော့မှမသေပါ
ထာဝစဉ်ကိန်းအောင်းနေမှာ
သည်နေ့ရက်ပါ
ဖေဖေါ်ဝါရီ(၁၃)ဟာဗိုလ်ချုပ်မွေးနေ့ပါ
နားတွင်အစဉ်ပဲ့တင်မည်လို့
သည်ကဗျာဖြင့်ဂုဏ်ပြုလိုက်သည်
ပြည်ချစ်ဖခင်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Friday, February 17, 2012

***မမေ့သင့်တဲ့နေ့လေး...တစ်နေ့***


သူငယ်ချင်းရေ....

ဖေဖေါ်ဝါရီ 14 ရက်က

ချစ်သူများနေ့တဲ့လား

အနောက်နိုင်ငံက အစပြုခဲ့တဲ့

နေ့ရက်တစ်ရက်

မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူး

မြန်မာတွေအထိမ်းအမှတ်နေ့မဟုတ်ဘူး

ငါတို့ရဲ့ချစ်ခင်လေးစားရတဲ့

ငါတို့ရဲ့ဖခင်

ငါတို့အတွက်အသက်ပေးသွားတဲ့

တို့ပြည်ချစ်ဖခင်

လွန်ခဲ့တဲ့နှစ်ပေါင်း(96)နှစ်က

ဖေဖေါ်ဝါရီ13ရက်နေ့မှာမွေးဖွား

တို့တိုင်းပြည်လွတ်လပ်ရေးအတွက်

အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

တို့ရဲ့ မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့

ချစ်ဖို့မေ့နေကြတာ

ရင်နာလိုက်တာကွယ်

ဖေဖေါ်ဝါရီ 13ရက်နေ့ကို

မမေ့ကြပါနဲ့

တိုင်းတပါးယဉ်ကျေးမူ

ဖေဖေါ်ဝါရီ14ရက်နေ့ကိုသတိရသလို

သူရှေ့ကဖေဖေါ်ဝါရီ 13ရက်နေ့

ဗိုလ်ချုပ်ဖခင်ကြီးမွေးနေ့ကိုတော့

မမေ့သင့်ပါဘူးကွာ...။
ဖေဖေါ်ဝါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ။

လေးစားလျှက်
ရှင်းသန့်မေ

********အချစ်နဲ့ဝေးရာ******

နောက်ကျမှ ရောက်လာတဲ့...
 
.တွေ့ဆုံခြင်း ဆိုပေမယ့်....

 မျှဝေခံစားရင်း  ကဗျာတွေသီကုံး

စာယဉ်ကြောမှာ ကာရန်တွေညှိခဲ့ကြတဲ့

 နေ့ လေးတွေကို.....လွမ်းတယ်

တယောက်ကိုတယောက်နားလည်မူနဲ့   
 
တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်နားလည်ရင်း

 အေးအတူ ပူအမျှ ဖေးကူမလို့...

 ဘဝရဲ့ ခံစားချက်တွေ နှလုံးသားရဲ့အားငယ်မူတွေ...

စိတ်ပျက်အားငယ်ချိန်တွေမှာလည်း ..
. တစ်ဦးကိုတစ်ဦး 
တွန်းအားလေးတွေပေးခဲ့ကြတယ်လေ..
  အချစ်ပင်လည်းစပျိုးလိုက်ရော    
                              
သံယောဇဉ်တွေဖြစ်ထွန်း မေတ္တာကျွန်းမှာ

အချစ်မျိုးစေ့လေးတွေက အစို့အညှောင့်ထွက်လာခဲ့ကြတယ်...
နွေတစ်ရာနဲ့ ပတ်ကြားအက်နေတဲ့ငါ့ကမ္ဘာမှာ

 ဒီအချစ်မျိုးစေ့ လေးတွေ

ယုယမြတ်နိုးစွာစိုက်ပျိုးမိခဲ့တယ်...

မျိုးစေ့လေးအောင်အောင်တောင်မစောင့်ဘဲ    

.ချစ်သစ်ပင်လေး ရှင်သန်ကြီးထွားခွင့်မရခင်မှာပဲ

 .နာကျင်အောင်လုပ်ရက်တယ်ကွယ်.........

  အို.......
ထိချက်ကပြင်းလိုက်ပါဘိ.....
.တစ်ခါသေဖူးတာတောင် ပျဉ်ဖိုးနားမလည်တဲ့

..... သူငယ်မ...

အချစ်ကို..ပူလောင်မှန်းသိလျက်နဲ့   ..

.အချစ်မီးတောက်ရဲ့ ပူလောင်ခြင်းဒဏ်ရာကိုသိသိကြီးနဲ့

 ပိုးဖလန် လေးလို ဝင်တိုးဖို့ကြံရွယ်မိပြန်တယ်

 သေချာတာတစ်ခုကတော့

          အတုအယောင် မေတ္တာနဲ့       
      
 အယုံလွယ်တဲ့ ငါ့နှလုံးသားလေးနဲ့ အလိမ်ညာခံခဲ့ရတဲ့

အလိမ်ညာခံရတဲ့ ငါ့ခံစားချက်တွေ        

 မယုံနိုင်အောင်ကို

 ငါ့ ရင်ဘတ်တစ်ခုလုံးကို စုတ်ပြတ်သတ်စေခဲ့တာမို့

အချစ်ဆိုတဲ့အရာ  ငါနဲ့ ဝေးဝေးကို ထွက်သွားပေးစမ်းပါ...ဟာ ...။။။။

သူငယ်ချင်းအားလုံးအချစ်စစ်အချစ်မှန်နဲ့တွေ့နိုင်ကြပါစေ
ချစ်ခြင်းဟန်ဆောင်မူကင်းပါစေ

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Sunday, February 5, 2012

****မေမေအပြုံးကမ္ဘာပေါ်မှာအလှဆုံး****



သူ၏လက်ဖြင့်
ပွတ်ကာချော့မြူ
သံသာသာသူအသံဖြင့်
ကြည်သာသီကျုး
သားချော့တေးကို
သီဆိုပေးခဲ့။
သူ၏လက်ဖြင့်
သည်ပုခက်ကို
လွှဲပေးခဲ့ပေ။

ဘ၀လောကဒဏ်
ရုန်းကန်ရလည်း
တချက်မငြီး
အိမ်မူကိစ္စ
အ၀၀ကို
သူ၏လက်ဖြင့်
လျှော်ဖွတ်ကျွေးမွေး
သားသမီးအပေါ်
ချစ်မပြယ်သော
သူအကြင်နာ
သားသမီးလူလားမြောက်သော်
သူမျက်နှာဝယ်
ကြည်နူးပီတိ
ကြည်လင်ပြုံးရိပ်
တဖိတ်ဖိတ်
သူ၏အပြုံးသည်ကမ္ဘာပေါ်မှာအလှဆုံးဖြစ်လိမ့်မည်ထင်.။