Friday, January 18, 2013

♥.•မေချစ်တဲ့မင်း ........ပျော်ရွှင်ပါစေ.•♥

ချစ်သူရေ
   တနယ်စီကွာဝေးနေတဲ့အတွက်
တို့တွေအတွက်
   မေတ္တာတံတားကို
  သစ္စာသံတိုင်တွေနဲ့
တူတူတည်ဆောက်ချင်မိတယ်။
ချစ်သူရေ

   မင်းလက်ကမ်းတဲ့အခါ
   တစ်ဖက်ကမ်းကနေ
မေလျှောက်လာခဲ့မယ်..
ချစ်သူရေ
   သစ္စာတရားဆိုတာ
တန်ဖိုးတတ်တဲ့မေအတွက်တော့
   အသက်ထက်တန်ဖိုးရှိပါတယ်…
   ချစ်သူရေ
   ကောင်းကင်မိုးသားတွေ
   အမြဲပြောင်းလဲနေကြတယ်
လူတွေစိတ်တွေ
   အမြဲပြောင်းလဲနေကြတယ်
ချစ်သူရေ
   အချစ်ပြောင်းလဲမလားလို့
   သံသယမထားချင်ဘူးကွယ်
  ချစ်သူရေ
   မျှော်လင့်ခြင်းမနက်ဖြန်တွေကို
   မင်းဆီမှာအပ်ထားချင်မိတယ်
   ပျော်ရွှင်ခြင်းများနှင့်အတူ
မေ့အချစ်တွေ
မင်းဆီအပ်နှံထားမယ်
ရင်ထဲမှာသိမ်းပေးထားနော်
မေချစ်တဲ့မင်း ပျော်ရွှင်ပါစေ။
အားလုံးလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment