Friday, January 18, 2013
ဘ၀ဆိုတာ..ဒီလိုပဲလား
မနက်ဖြန်အတွက်
ငါ့မျှော်လင့်ချက်များစွာကိုခင်းကျင်း
ဘ၀လောကဓံအတွက်
ရိုးသားခြင်းတွေကို အသက်သွင်းလို့
ကြိုးစားလျှောက်လှမ်းနေသူပါ။
 ဘ၀မှာ အရှုံးတွေပဲ
ရှုံးရမယ်ဆိုတာ ဓမ္မတာလား
ငါအတွက်တော့ အရှုံးတွေက
ပြိုင်ဘက်မရှိ ဆွတ်ခူးရထားသူပါ။
 ငါအတွက်အလင်းတံခါးတွေ
ထွန်းလင်းခွင့်မရှိတဲ့ ငါ့အတွက်တော့
အမှောင်ထဲမှာနေနေတဲ့ငါအတွက်
အလင်းတွေကကျီစယ်နေသလိုပါပဲ
လူမသိသူမသိ ပေါက်ဖွားလာတဲ့
ငါအတွက်တော့
လူတွေအတွက် တထောင့်တနေရာတော့
အသုံးဝင်ကောင်း ၀င်နိုင်တယ်
ဘ၀ဆိုတာ…
အမှားနဲ့အမှန်ရောထွေးနေတာလား
ဒီလိုဒွိဟတွေကြားမှာ
အသက်ရှင်နေတဲ့လူတွေ
အချင်းချင်းတယောက်ကိုတယောက်တက်နင်းရင်း
ဘ၀ဆိုတာဒီလိုလား...။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
♥´♥´တည်မြဲနေမှာပါချစ်သူရယ်`♥`♥
ဒီကမ္ဘာကြီးကဘယ်အရာမှမတည်မြဲလို့
အချစ်ကိုရှောင်ပုန်းနေမိတဲ့ငါ
မင်းနဲ့မတွေ့ခင်အချိန်မှာ
ငါစာတခုချိတ်ထားမိတယ်
''အချစ်ဥယျာဉ်တံခါးပေါက်"
''မည်သူမှ ၀င်ရောက်ခြင်းမပြုရ"
မင်းဝင်ရောက်လာချိန်မှာပဲ
အချစ်ဥယျာဉ်တံခါးပွင့်သွား
အချစ်ကပြုံးသွားလေရဲ့။
ချစ်သူရေ...
အချစ်ကငါကိုလှောင်သွားတယ်
ဘယ်အရာတွေက
ဘယ်လိုပဲပြောင်းလဲနေနေ
ချစ်သူရေမင်းအတွက်
ငါအချစ်ကထာဝရတည်မြဲနေမှာပါ။
ချစ်သူရေ
ချစ်တယ်ဆိုတဲ့မင်းရဲ့စကားတခွန်းကြောင့်
ငါ့အချစ်တွေနိုးထလာခဲ့တယ်ချစ်သူရယ်
ချစ်သူရေ
ထပ်တူပါကွယ်
လူတွေပြောင်းလဲရင်ပြောင်းလဲနိုင်မယ်
တခြားသက်မဲ့တွေပြောင်းလဲနိုင်တယ်
ဒါပေမယ့်ငါ့အချစ်တွေကမပြောင်းလဲပါဘူး
မင်းအတွက်ပါ
မင်းကိုသိပ်ချစ်ပါတယ်
မိုင်တွေဘယ်လောက်ပဲဝေးပါစေ
ငါတို့ အဝေးကြီး ဝေးကွာနေပါစေ
ငါအချစ်ကမင်းအတွက်ပါပဲချစ်သူရယ်။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
♥´♥´ရာဇ၀င်ထဲကထက်..သာတဲ့အချစ်`♥`♥
လွမ်းလိုက်တာ
ချစ်သူရယ်
တခဏတာဝေးတာတောင်
ချစ်သူအသံ
ချစ်သူရယ်သံတွေကို
ကြားယောင်နေမိလို့
ချစ်သူပုံရိပ်တွေထင်ဟပ်နေမိလို့
ရင်ခုန်ဖို့ထိတ်လန့်နေရသူပါ
ချစ်သူရေ
ရာဇ၀င်ထဲက
       ကိန္နရီ ကိန္နရာ အချစ်ဇာတ်လမ်းမှာ
  တစ်ယောက်နဲ့တစ်ယောက်
    မခွဲနိုင်အောင်သိပ်ချစ်ကြလို့
           ကြက်သီးထလောက်အောင် အံ့သြခဲ့မိတယ်..
               မျက်ရည်စို့တဲ့အထိ ရင့်နင့်အောင်ခံစားခဲ့မိတယ်..
           တကယ်ကိုယ်တိုင်ခံစားရတဲ့အချိန်မှာ
        ရင်ကွဲမတတ်ပါပဲချစ်တဲ့သူရယ်
        ချစ်သူရဲ့ချစ်တေးသံတွေကြားထဲ
                  နေနေ့ညညမက်မောနေမိတယ်
           ရာဇ၀င်ထဲကချစ်သူတွေထက်
          ကျွန်မပိုချစ်ပြနိုင်တယ်လို့
          စိတ်ကူးတယဉ်ယဉ်နဲ့ ကြွေးကြော်နေမိတယ်..
    ကျွန်မချစ်သူကိုချစ်တဲ့ကျွန်မအချစ်က
     လွန်တယ်မထင်မိပါဘူးနော်
    ကျွန်မချစ်တဲ့ချစ်သူကိုကျွန်မသိပ်ချစ်မိလို့လေ
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
♥´♥´အချစ်ဖယောင်းတိုင်လေး`♥`♥
ကိုကိုရယ်
ကိုကိုအတွက်
အချစ်ဖယောင်းတိုင်လေးတခု
တည်ဆောက်ထားတယ်
ချစ်သူတိုင်းမှာ
" နားလည်မှု စာနာမှု ဆိုတဲ့ "
ဖယောင်းတိုင်လေးရှိနေသေးရင်
" အချစ် " ဆိုတာထာဝရတည်မြဲမယ်
" သံယောဇဉ် " တွေခိုင်မာမယ်
" မေတ္တာတရား
ကရုဏာတရား တွေပြန်ဖြစ်နိုင်တယ်
" နားလည်မှု ၊ စာနာမှု ဆိုတဲ့
ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်တော့....
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
အမျိုးပျာက်မှာစိုးရိမ်ပါရေ
အို လခြမ်းမြီ
တွီးတွီးပြီးကေ
နီထိုင်မရ
ဇာလောက်လူတိ
သီကတ်ကြလို့
ဇာပိုင်ဖြစ်လို့
ငါတို့ရီမြီ
ဇာပိုင်ဖြစ်ဗျယ်
မသိ
တွီးမီတိုင်းရင်လေးမိရေ
လခြမ်းမြီချေ
ဒေအချိန်မှာ
ငါရို့လေးဝတီ
စည်းလုံးပါမှ
ငါရို့လေးဝတီ
ညီညွှတ်ပါ
စည်းလုံးပါ
အစဉ်သတိဟိကတ်ပါ
ငါရို့ရခိုင်ပြည်အတွက်
အမျိုးပျောက်မှာစိုးမိပါရေ
အာရီယန်နွယ်ဖွားတိ
လက်တွဲမြဲမြဲတွဲကတ်မေ။
လေးစားပါရေ
ရှင်းသန့်မေ
♥´အလွမ်းများစွာနဲ့အတူ`♥
ချစ်မိသူရေ
မြတ်ဘုရားထံ
တိုင်တည်လို့
ရည်စူးကာရွယ်
တနေ့ပြန်လာဖို့ကိုတွေး
ပေးဆပ်ချစ်နဲ့
စော်မျှော်ကာဆွေးနေမိတယ်ချစ်သူရေ
တနေ့ပြန်ဆုံနိုင်နိုးနိုး
စော်မျှော်နေမိတယ်
ချစ်မိသူရေ
ပြောင်းလဲမသွားမဲ့
ငါအချစ်တွေနဲ့အတူ
 ပေးဆပ်ရင်း
အလွမ်းလေးတွေ
ရင်မှာသိုဝှက်
မျှော်လင့်ရင်းနဲ့
နှလုံးသားလေးထဲ
စောင့်မျှော်ရင်းနဲ့
အလွမ်းများစွာနဲ့
အမြဲစောင့်ကြိုနေပါတယ်
ချစ်မိသူရေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
သို့...ညီမလေး
 ညီမလေးရေ
အချစ်ဆို တာ
 ခံနိုင်ရည်ရှိဖို့လိုလိမ့်မယ်
ဘ၀ဆိုတဲ့လမ်း က
မဖြောင့်ဖြုးနိုင်သလို
အချစ်ဆိုတာ လည်း
အမြဲတမ်းချစ်တာပဲဖြစ်မနေဘူး
ချစ်မိရင်အသည်းကွဲတာ
ခံနိုင်ရည်ရှိအောင်တော့
ကြိုးစားထားညီမလေးရေ
အသဲကွဲတယ်ဆိုတာ
 ကဗျာရေးလို့တော့ကောင်းသားပဲ
ခံစားရတာမသတ်သာလှပါဘူး
ညီမလေးရေ
အချစ်ကိုတော့မစမ်းသပ်လေနဲ့
ပတ်ဝန်းကျင်ကတော့
အချစ်ကံခေမလေးလိုံ့
သတ်မှတ်လိုက်လိမ့်မယ်
ညီမလေးရေ.....
အချစ်ဆိုတာ
အားနာလိုတော့မချစ်လေနဲ
အားနာမှုကို အခွင့်ကောင်းယူတက်တဲ့
 လူတွေအတွက်
အချစ်ဆိုတာ အရောင်ဆိုးမခံနဲ့
အချစ်စာရင်းထဲ ထည့်မှတ်မနေပါနဲ့
တစ်ခုတော့ သတိပေးလိုက်ပါရစေ
ညီမလေးရေ.....
ဘ၀တိုတိုလေးမှာ
 ဝေဒနာဆိုတာ အပိုတွေပါ
အချစ်ဆိုတာ ကိုခုတုန်းလုပ်ပီး
အရောင်ဆိုးနေတဲ့လူတွေနဲ့
မတွေမိအောင်ရှောင်ရှားပါကွယ်
အချစ်စစ်နဲ့တွေ့ပါစေညီမလေးရေ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
♥´မိဘမဲ့`♥
ခလုတ်ထိမှ အမိတတယ်
ငါတို့အတွက် ဒီစကားပုံ က
အသုံးမ၀င်
ဘယ်မှာလည်း အမေ
ငွေမရှိမှ အဖေတဲ့လား
ငါတို့အတွက် အသုံးမ၀င်
ငါတို့အတွက် ဘယ်မှာလည်းအဖေ
အနှိမ်ခံရတဲ့အခါ
ငါတို့ရပ်တည်ပေးမယ်
 အဖေ ဘယ်မှာလဲ
လူပတ်ဝန်ကျင်မှာနေထိုင်နိုင်အောင်
ဆုံးမပေးမယ် အမေဘယ်မှာလဲ
လူ့ယဉ်ကျေးမှုအသိုင်းအ၀ိုင်းမှာ
မိဘမဲ့တွေလူရာမ၀င်တောဘူး တဲ့လား
အုတ်ကြားမြတ်ပေါက်လို့
ခေါ်ခံရတဲ့ငါတို့ဘဝ
အဖေရယ်ဘယ်မှာလဲ
အမေရယ်
ဘယ်မှာလဲ
ငါတို့ဘ၀မှာ
ခြေချော်လဲတဲ့အခါ
ဖေးမမဲ့လူမရှိ
သား
သမီး
နောက်တစ်ကြိမ်ပြန်လျှောက်ကြည့်ပါလား
ပြောပေးမယ် အမေ အဖေမရှိ
အခုတော့ ၀ဋ်ရှိသရွေခံနေရ
သူများကြွေးမှ
သူများလှုမှစားနေရတဲ့ငါတို့ဘဝ
ဝဋ်ရှိခဲ့ရင် ဒီဘ၀ကြေပါစေ
နောင်ဘ၀ဆက်တိုင်းဆက်တိုင်းမှာ
မိဘမဲ့ မဖြစ်ရပါလိုဧ၊။်
ဖေဖေမေမေကို ကျေးဇူးအထူးတင်ပါတယ်
ဖေဖေမေမေရယ်
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
♥......တနေ့နေ့......♥
ချစ်သူရယ်
ကံကြမ္မာရဲ့စေခိုင်းချက်အရ
တခဏတာဝေးနေ
ဘ၀ရဲ့စေခိုင်းချက်
ဝမ်းတထွာအတွက်
ရုန်းကန်နေရ
မိုင်ပေါင်းများစွာ
ဝေးကွာနေပေမယ့်
ငါတို့နှလုံးသားချင်းနီးပီး
အချစ်တွေညီကြမယ်
မခွဲအတူစိတ်တူညီလို
သစ္စာရယ်ခိုင်မြဲ
နားလည်မူတွေထား
လောကကြီးရဲ့
အပြောင်းအလဲကြား
တို့စိတ်တွေမပြောင်းလဲစေပဲ
နှစ်ယောက်အတူယှဉ်တွဲ
ဆူးခင်းလမ်းကိုကျော်ဖြတ်
ပန်းခင်းလမ်းကိုတနေနေ့မှာ
တို့အတူဆုံကြမယ်
အခုတောလေ
အလွမ်းနေ့ရက်
ဖြတ်ကျော်ရလို့
တယောက်တည်းလည်း
ငိုဖြစ်တယ်
တယောက်တည်းလည်း
ရယ်ဖြစ်တယ်
လွမ်းမောဖွယ်နေ့ရက်ဖြတ်ကျော်ပီး
တနေနေတော့
မင်းနဲ့အတူပြုံးပျော်ရွင်ဖို
အမြန်ရောက်ဖို့
တောင်းဆုခြွေတယ်
တနေနေ့ကိုပေါ့.......................
.အားလုံးကိုလေးစားလျှက်
♥´ငါ့ကိုယ်စားပြောပေးပါကဗျာရေ`♥
ကဗျာရေ
   ငါဘယ်လောက်ထိ ချစ်တယ် ဆိုတာ
     ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ
   ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
ကဗျာရေ
   မြင်တွေ့ခွင့် မရနိုင်သေးတဲ့သူကို
   အချိန်ခဏမှာ ငါတစ်ယောက်ထဲ
   လွမ်းနေတာကိုကဗျာအသိဆုံးပါ
ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
ကဗျာရေ
 မြင်မြင်ချင်းချစ်ခဲ့တာလည်း မဟုတ်ဘူး..
   အနေနီးလို့ချစ်သွားတာလည်း မဟုတ်ဘူး..
   အပြောကောင်းလို့ခိုက်သွားတာလည်း မဟုတ်ဘူး..
   နှလုံးသားကချစ်လိုက်ဆိုလို့.. ချစ်ခဲ့မိတာဆိုတာ
ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
အားလုံးကိုလေးစားလျှက်
..ရှင်းသန့်မေ..
♥´ချစ်ဖူးရဲ့လား`♥
မှန်းဆပြီးတော့လည်း
မလွမ်းပါရစေနဲ့တော့
လွမ်းရတဲ့အဖြစ်က
တမ်းတရတာထက်
ခံစားရခက်လို့ပါ
တမ်းတလိုက်တိုင်းလည်း
လွမ်းရတဲ့အဖြစ်က
ပြေပျောက်မသွားဘူးလေ.
လွမ်းတိုင်းလည်း
သူကရောက်မလာ
တွေးတွေးပြီးဆွေး
လွမ်းရတဲ့ခံစားချက်က
မသက်သာလှ
မှန်းဆ , တမ်းတ , လွမ်းရတဲ့
ခံစားချက်တွေက
အချစ်ကြောင့်လို့ပဲ
ထင်မိတယ်
လူတွေပြောဖူးတဲ့
စကားတခွန်းက
“ချစ်တိုင်းလည်း မလွမ်းသလို
လွမ်းတိုင်းလည်း မချစ်ဘူးတဲ့ ”.
ဒီစကားကို မှန်ရဲ့လား
အချစ်ဆိုတာကို
ဥပေက္ခာပြုနေသူကိုမေးလိုက်ချင်ရဲ့
 မင်းတကယ်ကော မေတ္တာစစ်နဲ့ ချစ်ဖူးရဲ့လားကွယ်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
♥´`ပျက်အစဉ် ပြင်ခဏပေါ့ညီမလေးရေ`♥
စိတ်မကောင်းဘူး
ညီမလေးရေ
မြင်တွေ့ရတဲ့ခဏ
အံ့သြရလောက်အောင်
မင်းခံစားနေရတာ
မြင်ရလို့ပါ
အွန်လိုင်းအချစ်ကို
တမ်းတမက်မော
အချစ်စစ်လို့
ထင်မိရင်တော့
မှားမယ်နော်
အချစ်စစ်ကို
တန်ဖိုးထားတဲ့လူရှိသလို
အချစ်ထက်
အလှကို မက်မော
အွန်လိုင်းမောဟ
တိုင်းပြည်ထဲမှာ
အချစ်စစ်လို့ထင်မိရင်တော့
မှားမယ်
အချစ်တခုကို
ရလိုစိတ်နဲ့
မောဟနယ်ထဲဝင်မီခဲ့ရင်
သတိထားကွဲ့
အမှားတခုကို
ပျက်မှန်းသိရင်
ပျက်အစဉ်ပြင်ခဏမို့
ညီမလေးရေ
ဒီလိုပဲလေ
ကိုယ်စီကြုံမြဲ
အမှားဆိုတာတော့
လူတိုင်းမှာ ရှိကြတာပဲလေ...
ဒါကိုမမှု အံမတုပဲ
ဆန္ဒကို ဦးစားပေး
မှားယွင်းတဲ့ အတွေးတွေနဲ့
ဖြစ်ချင်ရာဖြစ်
စိတ်စေရာညွှန်
အဆုံးစွန်ထိ မိုက်ခဲ့လို့
ပြန်ကာတမ်းတ
ပြင်မရတဲ့ နောင်တတွေနဲ့
မကြုံရအောင်
`အမှား´ ဆိုတာနောက်ထပ်တခါ
မဖြစ်ရအောင်
နောင်တဆိုတာ
နောင်မှ ရတတ်တယ်ဆိုတာ
ဆင်ခြင်တတ်ပါ
ညီမလေးရေ
မင်းရဲ့ပါးပြင်ထက်က
မျက်ရည်စက်တွေကို
မင်း တန်ဖိုးထားစမ်းပါ
`ပျက်အစဉ် ပြင်ခဏ´ တဲ့
နောက်တစ်ကြိမ်
နောင်တမရအောင်
ကြိုးစားပေါ့ညီမလေးရေ
ညီမလေးတယောက်အတွက်ရေးပေးတာပါ
ညီမလေးခံစားမူပြေပျောက်ပါစေညီမလေးရေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
♥´အချစ်ကျိန်စာ♥´
မထင်မှတ်ထားခဲ့ပါဘူး
မျှော်လင့်ချက်အပြည့်နဲ့
ဖြစ်တည်မိတဲ့ငါနှလုံးသား
ရုတ်တ၇က်ပိုင်ဆိုင်ထားလိုက်၇တဲ့
အ၇ာတခုပျောက်ဆုံးသွားသလိုပဲ
ငါသွေး၇ူးသွေးတန်းနဲ့လိုက်၇ှာနေမိလေရဲ့
ဖြစ်တည်မှု့တိုင်းဟာတန်ပြန်သက်ေ၇ာက်တယ်ဆို၇င်
ငါပေးခဲ့တဲ့မေတ္တာတွေနင့်ဆီမေ၇ာက်နိုင်တာ
ငါ့အတွက်တော့ကျိန်စာတခုများလားဟာ
ငါမျှော်လင့်မက်နေတဲ့ အိမ်မက်
အိမ်မက်ကိုလန့်နိုးချင်ပြီ
မနက်ခင်းတိုင်းမှာ
လှပတဲ့အနာဂတ်လေးကိုမြင်တွေ့ချင်ပြီ
ဒါပေမယ့်ဟာ
နင်ဆိုတဲ့မျှော်လင့်ချက်တခုက
ငါနလုံးသားနံရံမှာ၇ှိနေသမျှ
ငါမက်နေတဲ့အိမ်မက်ကို
တ၇ှိုက်မက်မက်မက်နေဦးမှာပဲ
ငါရဲ့ဝင်သက်ထွက်သက်တိုင်း
နင့်နာမည်ကိုတဖွဖွ၇ွတ်ဆိုနေမိတဲ့ငါ
နင်ကတော့ ဥပေက္ခာပြုရက်တာ
ငါဟာအချစ်ကျိန်စာမိနေတဲ့သူလိုပါပဲ
သေလောက်တဲ့ဒါဏ်၇ာမဟုတ်ပေမယ့်
ခံစားရတာတော့သေလောက်တယ်
ငါပစ်လိုက်တဲ့အချစ်မြှားနင်ဆီမရောက်တာ
ငါအတွက်အချစ်ကျိန်စာတခုပဲလားဟာ.....
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
♥´သူ`♥
သူ
ငါ မသိလိုက်ပဲ
စိတ်ထဲအလိုလို
ရောက်နင့်နေပြီ
သူ
ငါရင်ခွင်တံခါးကို
ဘယ်အချိန်ဖွင့်လိုက်မိမှန်း
ငါကိုယ်တိုင်တောင်
မသိလိုက်ပါလား။
သူ
ငါလေသူအတွက်
ချစ်အတ္တပါးပါးလေး
ဖြစ်ခဲ့ရတယ်။
သူ့ကို
ချစ်မိသွားလို့ ပေါ့ကွယ်
တပြိုင်နက်ထဲ
အသိလေးက
သတိပေးတယ်ကွယ်
မဖြစ်နိုင်ဘူးတဲ့လေ။
သူ
ကိုယ်စီ အသိ
စောင့်ထိန်း သိက္ခာ နဲ့
နံရံခပ်ပါးပါးလေးမှာ
ဝေးနေမှန်းသိနေသော်လည်း
ကိုယ်စီသတိ
စောင့်ထိန်းရင်းနဲ့
ကံတရားကိုပုံချပြီး
ကံ ဆုံလို့ကြုံခဲ့ရတယ်
ကံ မဆုံသေး လို့
မတွေ့ဆုံသေးပေမယ့်
တွေ့ဆုံခွင့်ခဏကို
တပ်မက်လို့
ငါကျေနပ်နေမိတယ်။
သူ
ဆုံမိတဲ့ ခဏတာ က
ငါအတွက်တော့
မမေ့နိုင်တဲ့
တစ်ဘ၀တာ
အမှတ်တရပါပဲ။
သူ
သူကြောင့်
အချစ်ဆိုတာ
သိသွားခဲ့ရတယ်
သူမသိပေမယ်
ငါ့ ရင်မှာ မြိုသိပ်
သိမ်းဆည်းထားပြီး
သူသိသိ
မသိသိ
ချစ်နေမယ်
ချစ်မိ"သူ"ရေ
ချစ်တယ်ဆိုတဲ့
စကားလုံးက
တိုလွန်းပေမယ့်
အချိုသာဆုံး
စကားလုံးလေးမို့
သိပ်ချစ်တယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
♥´ချစ်ခြင်းဖွဲ့ကဗျာသံစဉ်`♥
ကဗျာဆိုတာ
နူးညံ့ တဲ့ရင်ထဲက
ပေါက်ဖွားလာတဲ့သံစဉ်
သခင်ရယ်.ဖတ်ခဲ့မယ်ဆိုရင်
ကိုယ့်ကဗျာက လှပနေမှာပါ။
သံစဉ်ဆိုတာ
ရင်တွင်းပေါက်ဖွား
သခင်အတွက်ရည်စူးဖွဲ့စပ်
သခင်အတွက်ချစ်ခြင်းဖြစ်တည်
သခင်သာ ခံစားတတ်ပြီး
နားဆင်ပေးမယ်ဆို
ကိုယ့် သံစဉ်တွေ ချိုမြနေမှာပါ။
ကဗျာနဲ့ သံစဉ်ပေါင်းစပ်
အလှဆုံးဆိုတဲ့ 
ချစ်ခြင်းတွေဖန်ဆင်း
သခင်ရယ်
ခံစားနားလည်မယ်ဆို
ကိုယ်ရေးဖွဲ့တဲ့ကဗျာ
သခင်အတွက်
ချစ်ခြင်းတွေပေါင်းစပ်ထားတဲ့
ချစ်ခြင်းဖွဲ့
ကဗျာသံစဉ်တွေပါပဲကွယ်။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
♥♥♥ဇူလိုင်(2)ရက်ရယ်မင်းကိုငါကြိုနှုတ်ဆက်လိုက်တယ်♥♥♥
တစ်နှစ်ပြီး
တစ်နှစ်ကူးပြောင်း
ရက်မှလ
လမှနှစ်
တစ်နှစ်ပြီးတစ်နှစ်
ဖြတ်သန်းလာလိုက်တာ
အော်.....၀ါဆိုတောင်
ရောက်ပြန်ပေါ့
အငြိုးကြီးတဲ့မိုး
ဝါခေါင်
မိုးဖေါင်မိုးဖေါင်လို့
ဒီလိုအချိန် ဒီရာသီမှာ…
ဘ၀ကို အစ
မွေးဖွားခဲ့တယ်
မေမေ၀မ်းတွင်း
ကိုးလနေ
ဆယ်လရောက်မွေးဖွားပြီး
လူလောကအပြင်ဘက်ထဲ
ဇူလိုင်နှစ်ရက်နေ့အစပြုရောက်ခဲ့
ရက်၊လနှစ်တွေ
အလီလီရယ်ပြောင်း
လူလောက
လောကဒဏ်အလယ်
အနိမ့်တစ်လှည့်
အမြင့်တစ်လှည့်
ဟိုလိမ့်ဒီလိမ့်နဲ့
အခက်အခဲ
အတားအဆီး
အတိမ်းအရှောင် နဲ့
ကျော်ဖြတ်လာတာ
နှစ်တစ်နှစ်ထပ်ကုန်ဆုံးပြန်ပေါ့
အတိတ်ကိုလည်း
ပြန်ပြောင်းလို့လည်း
သတိမရချင်ဘူး
မဖြစ်ခဲ့တဲ့ဘ၀ကိုလည်း
မျှော်ပြီလည်း
မတမ်းတချင်တော့ဘူး
နုပျိုလက်ဆက်တဲ့
ငယ်ဘ၀ကိုလည်း
ထပ်လွမ်းမနေတော့ပါဘူး
ရှေ့ဆက်
ဖြတ်သန်းရမယ့်
လောကဓံက
မနူးညံ့ပေမယ့်
မပျော့ပျောင်းပါဘူး
မကြမ်းတမ်းပေမယ့်
ချောမွေ့မနေဘူး
ကံစီမံရာအတိုင်းပေါ့ကွယ်
ကျရာနေရာမှ
အနိုင်ကနိုင်ဖို့
အားလုံး သူ့အလိုကျ
စီးနင်းလိုက်ပါလာခဲ့တာ
အကျိုးတရားကြောင့်
အကြောင်းတရားရယ်
ဖြစ်လာတယ်
မွေးဖွားမယ်
သေဆုံးမယ်
မသေဆုံးသမျှ
မွေးနေ့ရက်ပေါင်းများစွာကို
ဖြတ်ကျော်နေရမှာပဲ
အခက်ပေါင်းများစွာကိုလည်း
တွေ့နေရမှာပဲ
မွေးဖွားခဲ့ပြီးပြီ
သေဆုံးဖို့
ကိုယ်ဆီကိုယ်ဆီ
ကိုယ်လမ်းကို
လျှောက်လှမ်းရမယ်
ဇူလိုင်နှစ်ရက်ရယ်
မင်းကိုငါ
လာနှုတ်ဆက်ပါတယ်
ငါ မဆုံးသေးတဲ့ခရီးကို
ဆက်သွားလိုက်ဦးမယ်....။
မွေးနေ့အမှတ်တရကဗျာ
မွေးဖွားပေးတဲ့အဖေနဲ့အမေ
ဦးထိပ်ထားလျှက်
လေးစားလျှက်
ရှင်းသန့်မေ
♥´ကယ်တင်ရှင်♥´
ကမ္ဘာမြေနိယာမအရ.
အရှေ့က နေကထွက်
အနောက်ဖက်ကနေ၀င်ခဲ့ပေါ့
နေ့ရက်ပေါင်းများစွာဖြတ်ကျော်
လူလူချင်း မေတ္တာမဲ့
လူလူချင်းသတ်ဖြတ်နေကြ
လူလူချင်းမုန်းနေကြ
ဘယ်မှာလည်းတားမြစ်မယ်လူ
လက်ခုပ်တီးပြီးအားပေးမယ့်လူ
သတ်ဖြတ်မူအားပေးမယ့်လူ
ကြက်တိုက်တယ်သာကြားဖူးတယ်
လူလူချင်းလည်းခွပ်ပွဲတွေကျင်းပနေကြ
အို..အသင်လောက
မီးကိုမွှေးမယ်လူသာရှိ
မီးငြိမ်းမယ့်လူ
အဘယ်မှာလဲ?
ဘယ်မှာလည်းတရားမျှတမူ
ကိုယ့်ပါးစပ်ကိုယ်ရေလုံပိတ်ပြီး
မေတ္တာရင်ဘတ်တံခါးဖွင့်တဲ့သူမရှိဘူး
ဟော......
ဆန္ဒတစ်စုံဆုတောင်းတစ်ခုနဲ့ 
ဆုတောင်းမိပါရဲ့
ကယ်တင်ရှင်ရေ
မင်းဘယ်မှာလည်းလို့
အသက်လုနေတဲ့ မျော်လင့်ချက်တခုနဲ့
အမှောင်ထဲမှာ
ယောင်တောင်တောင်နဲ့ 
ဘယ်မှာလည်းလဲနေသူေ ဘးမမယ့်လူ
အမူကိုငယ်အောင်လုပ်ပေးမယ်လူ
တရားရှင်ဘယ်မှာလည်း
ဘယ်မှလည်းတရားရှင်ရေ............။
အမှားပါရင်ခွင့်လွတ်
ရေးလိုက်မိတာပဲ
စိတ်ထဲထွက်ပြီးလက်က
စိတ်တော့တော်တော်ပေါ့သွားတယ်
:D
လေးစားလျှက်
ရှင်းသန့်မေ
****နင့်အတွက်နှလုံးသားကစားစရာအရုပ်တခု****
ချစ်သူ...
မင်းအတွက်အချစ်ဆိုတာ
ကစားစရာ
အရုပ်တရုပ်ဖြစ်ခဲ့တယ်ဆိုရင်
ငါ့နှလုံးသားတွေက
နင့်အတွက်
ကစားစရာအရုပ်တစ်ခုလိုက်မယ်
ငါကျေနပ်ပါတယ်
ဒါပေမဲ့ဟာ...
ဥပေက္ခာမပြုလိုက်ပါနဲ့
နင့်အတွက်ဖြစ်တည်ထားတဲ့
ငါ့နှလုံးသားကစားစရာလေးကို
ကျိုးပဲပျက်စီးသွားအောင်တော့
ရက်ရက်စက်စက်မလုပ်လိုက်ပါနဲ့
မလုပ်လိုက်ပါနဲ့ ဟာ....
ဒါကလည်း
ငါ့အတွက်စိုးရိမ်လို့ ပြောတာ
မဟုတ်ပါဘူး
နင်နောက်ပျင်းတဲ့အချိန်
ကစားဖို့ အတွက်
ငါ့နှလုံးသားကစားစရာလေး
ကျိုးပဲသွားရင်
နင့်အတွက်အဖော်မရှိတော့မှာကိုပဲ
ငါစိုးရိမ်နေခဲ့တာပါဟာ.....။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
♥´အချစ်ဆိုသောအရာ`♥
ကောင်းကင်ကကြယ်ကို
ရေတွက်လို့မရနိုင်ပေမယ့်
ကောင်းကင်ကျယ်ပြန်မူ
ဘယ်လောက်ရှိလည်း
တိုင်းတာလို့ရနိုင်တယ်
တသွင်သွင်စီးနေတဲ့
ပင်လယ်ပြင်ကိုလည်း
အကွာအဝေးနဲ့တိုင်းတာလို့ရနိုင်တယ်
မင်းဆီကိုရောက်ဖို့
ဘယ်အရာနဲ့
တိုင်းတာလို့ရနိုင်မလည်း
ငါမသိဘူး
မင်းကိုလူတိုင်းကလိုချင်တယ်
မင်းနဲ့ထိတွေ့ချင်တယ်
မင်းရဲ့စစ်မှန်မူကိုလိုချင်တယ်
မင်းရဲ့ချိုမြိန်မူကိုလည်းခံစားချင်တယ်
ငါတို့ဘယ်တော့တွေ့ဆုံးနိုင်မလည်း
မင်းကဘယ်နေရာမှာလဲကွယ်
....ရေမင်းဘယ်မှာလည်းကွယ်
မင်းဘယ်မှာရှိလည်းငါဘယ်လိုသိနိုင်မလည်း
တနေ့ပြီးတနေ့ကုန်ဆုံးသွားလည်း
ရှာဖွေနေမိဆဲ
ဒီကမ္ဘာမဆုံးသရွေ့တော့
တို့တွေဆုံဖို့မျှော်လင့်ထားတယ်
ငါယုံကြည်တယ်
တနေ့ဆုံတွေဖို့မျှော်လင့်ရင်း
အခုတော့ ဘယ်နေရာကြည်ကြည့်
မင်းပုံရိပ်တွေ
ကောင်းကင်မှာလည်းမင်းပုံရိပ်တွေ
ရေပြင်ကြည့်လည်း
မင်းပုံရိပ်တွေ
နေရာတိုင်းမှာမင်းကိုရှာဖွေရင်း
မင်းပုံရိပ်သာစိုးမိုးဆဲ
ငါယုံကြည်တယ်......ရေ
နောက်ဆုံးအသံရူသံတချက်မှာတောင်
ငါအသက်ရူသံမရပ်သရွေ့
မင်းကိုရှာဖွေနေမှာပါ
အချိန်တွေကရှည်ချင်လည်းရှည်မယ်
တိုချင်လည်းတိုမယ်
တို့စိတ်မပျက်ဘူး
တို့တွေတချိန်မှာဆုံနိုင်မှာပါ
မင်းပုံရိပ်ကိုတွေသည့်တိုင်အောင်
မင်းအတွက်သိမ်းထားတယ်...
အားလုံးကိုအစဉ်လေးစားလျှက်
ရှင်းသန့်မေ
♥.•မေချစ်တဲ့မင်း ........ပျော်ရွှင်ပါစေ.•♥
ချစ်သူရေ
   တနယ်စီကွာဝေးနေတဲ့အတွက်
တို့တွေအတွက်
   မေတ္တာတံတားကို
  သစ္စာသံတိုင်တွေနဲ့
တူတူတည်ဆောက်ချင်မိတယ်။
ချစ်သူရေ
   မင်းလက်ကမ်းတဲ့အခါ
   တစ်ဖက်ကမ်းကနေ
မေလျှောက်လာခဲ့မယ်..
ချစ်သူရေ
   သစ္စာတရားဆိုတာ
တန်ဖိုးတတ်တဲ့မေအတွက်တော့
   အသက်ထက်တန်ဖိုးရှိပါတယ်…
   ချစ်သူရေ
   ကောင်းကင်မိုးသားတွေ
   အမြဲပြောင်းလဲနေကြတယ်
လူတွေစိတ်တွေ
   အမြဲပြောင်းလဲနေကြတယ်
ချစ်သူရေ
   အချစ်ပြောင်းလဲမလားလို့
   သံသယမထားချင်ဘူးကွယ်
  ချစ်သူရေ
   မျှော်လင့်ခြင်းမနက်ဖြန်တွေကို
   မင်းဆီမှာအပ်ထားချင်မိတယ်
   ပျော်ရွှင်ခြင်းများနှင့်အတူ
မေ့အချစ်တွေ
မင်းဆီအပ်နှံထားမယ်
ရင်ထဲမှာသိမ်းပေးထားနော်
မေချစ်တဲ့မင်း ပျော်ရွှင်ပါစေ။
အားလုံးလေးစားလျှက်
ရှင်းသန့်မေ
♥♥♥အိမ်မက်.....သခင်ရေ♥♥♥
အိမ်မက်သခင်ရေ
မင်းဖိတ်ခေါ်ခဲ့တဲ့ အချစ်လမ်းကို
အပူမီးမှန်း သိသိကြီးနဲ့
ခစားဝင်ရောက်သခင်ရှေ့ကို
ပူရင်လည်း ပူပါစေ
သခင်အပါး  ချစ်ခွန်းခြွေ
သခင်ချစ်ကို  ခံယူမိတယ်သခင်ရေ။
အိမ်မက်သခင် ရေ
မင်းပေးတာအချစ်အတုဆိုလည်း
မင်းအချစ်ရဲ့ ဖြားယောင်းမှု သံစဉ်အောက်မှာ
ကြည်နူးမိလျှက်  မြတ်နိုးမိလို့
အချစ် သရဖူကို  ဆောင်းခဲ့မိတာပါ
သခင်ပေးတဲ့အချစ်ကဘယ်လို အချစ်မျိုးလည်းသခင်ရေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
**ကဗျာပန်းခင်း**
    ကဗျာပန်းတွေပေါ်မှာ
  ချစ်လိပ်ပြာတွေ
ကိုယ်စီဝဲလို
ကဗျာပန်းခင်းလေး
လှနေလိုက်တာ 
ရင်ထဲကသံစဉ်
    စိတ်ကူးတွေလွင့်ပျံ့
အလွမ်းဓါတ်တွေဆင်
    မြင်လေသမျှ
အချစ်ရိပ်တွေ
တထင်ထင်နဲ့
    နှလုံးသားတွေ
ထပ်တူညီကျလို့
    ချစ်တယ်ဆိုတဲ့စကား
အသက်ဝင်နေလိုက်တာ
ချစ်တယ်ဆိုတဲ့အရာက
တိုင်းစရာ မရှိဘူးတဲ့
     အချစ်နဲ့တွေ့မှ
ကဗျာတွေအသက်ဝင်တယ်ဆိုတာ
 လက်တွေ့မှသိမိတယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
ချစ်သူမြိုတော်...သုတမြိုတော်
ရွှေမြို့တော်နား
ခိုဝင်နားလို့
အေးမြကြည်လင်
စိတ်ဘ၀င်ဖြင့်
ရင်မှာနွေးထွေး
စိတ်ဝယ်ချမ်းမြေ့
ပီတီအပြုံး
ရင်ဝယ်လွှမ်းလို့
အတ္တပရ
ကုသိုလ်အကျိုး
များစွာရလို့
စာပေအကျိုး
များစွာတိုးလို့
  ရသတွေမြောက်
ဗဟုသုတ
ချစ်မိတ်ဆွေနှင့်
တစ်သွေးမခြား
ညီရင်းများသို့
အများခေါ်ဆို
မေတ္တာရှင်မလေး
ရှင်းသန့်မေသည်
စာပေမှတ်တိုင်
တိုင်သစ်ထူခွင့်
အခွင့်ကြုံလို့
စိတ်ဘ၀င်ဝယ်
ရင်ဝယ်ချမ်းမြေ့
ဤပီတိကို
ချစ်သူမြိုတော်
သူငယ်ချင်းများ
ရှင်းနဲ့အတူ
ပျော်ရွှင်စေသော်။
အားလုံးကိုလေးစားလျှက်
♥ဤကမ္ဘာမြေငြိမ်းချမ်းပါစေ♥
အိုလူသားတို့...
တမြေတည်းနေ
တရေတည်းသောက်
မေတ္တာတရား
အဘယ်ကိုပျောက်
ဂရုဏာတွေကင်း
အကြင်နာပျောက်
ဆာလောင်မွတ်သိပ်နေတဲ့
အတ္တသားကောင်တွေသဖွယ်
ကိုယ်ဇာတ်တူကို
ကိုယ်စားနေကျ
လောဘကထူ
မောဟကဖုံး
နှလုံးသားကြမ်း
ရိုင်းစိုင်းရမ်းပျ
ကိုယ်တဘို့တည်း
ကိုယ်ကြည့်နေကြ
အိုစက်ဆုပ်ဖွယ်
ကောင်းလိုက်ပါဖိ
အဘယ်မှာမေတ္တာ
အဘယ်မှာအကြင်နာ
အဘယ်မှာဂရုဏာ
အဘယ်မှာမုဒိတာ
ရှင်းတို့နထိုင်နေ
ဤကမ္ဘာမြေမှာ
အားငယ်သူဖေးမမယ့်သူ
လဲနေသူထူပေးနိုင်မယ့်လူ
မေတ္တာအစွမ်းနဲ့
အကြင်နာချစ်ခြင်းမေတ္တာနဲ့
လမ်းပြပေးနိုင်တဲ့လူများစွာ
ပေါ်ထွန်းနိုင်ပါစေ
အမှောင်ကိုခွင်း
အလင်းကိုပြပေးနိုင်မယ်
လူများစွာပေါ်ထွန်းနိုင်ပါစေ
ဤကမ္ဘာမြေငြိမ်းချမ်းပါစေ......။
ချစ်ခြင်းမေတ္တာပေါ်ထွန်းနိုင်ပါစေ
မေတ္တာတရားလက်ကိုင်ထား
ဤကမ္ဘာမြေငြိမ်းချမ်းပါစေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ။
**သခင်..မြင်လှည့်ပါ***
ရင်မှာတရစ်ရစ်
တိုးနေတဲ့အလွမ်း
တနေ့ထက်တနေ့တိုး
လွမ်းရလွန်းလို့
မျှော်လင့်ရတာ
မောလှပြီကွယ်။
ရိုးသားစွာဝန်ခံရရင်
မိန်းမသားပေမို့
ဖွင့်ပြောဖို့ခက်
မင်းကိုချစ်တဲ့အကြောင်း
ရင်ထဲမျိုသိပ်ထားတယ်
အတွေးတွေကို
ပိုင်စိုးထားတဲ့
အလွမ်းတွေရဲ့သခင်ရယ်
ကမ္ဘာကြီးက
ဘယ်လိုပင်ကွာခြား ကွာခြား
ပင်လယ်တွေ
ဘယ်လိုပင် ကာဆီး ကာဆီး
ငါ့ရဲ့ စိတ်တွေက
သခင်ဆီမှာသာ
ရင်မှာဖူးပွင့်စ
အချစ်ပန်းပွင့်ကို
မင်းအတွက်ပျိုးထားတယ်
သခင်ခူးလှည့်ပါကွယ်။
နိုးတစ်ဝက်
အိပ်ပျက်ညတွေထဲက
ငါနှလုံးသား
ပဲ့တင်ထပ်အလွမ်းတွေ
သခင်မြင်လှည့်ပါကွယ်။
ချစ်တတ်သူတိုင်း ချစ်သူချစ်ခြင်းကိုခံရပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ထပ်ကြိုးစားပါဦးမည်။
ရှင်းသန့်မေ
Friday, January 11, 2013
♥(၁၉)ဇူလိုင်..မေ့ပါနိုင်♥
ကြာခဲ့လေပြီ၊ ထိုနေ့ဆီသို့
အောက်မေ့တမ်းတ၊မမေ့ဘယ်ခါ
မြန်မာ့သမိုင်း၊ မှတ်တမ်းတွင်ခဲ့
ထိုနေ့ရက်ကို၊ မမေ့ဘယ်ခါ
ထိုလှိုင်းဂယက်၊ ပြင်းရိုက်ချက်ကြောင့်
အသက်ဇီဝိန်၊ ယူငင်လို့သွား
နိုင်ငံခေါင်းဆောင်၊ အာဇာနည်ကိုးဦး။
တစ်ဦးတစ်ယာက်အတွက်မဟုတ်၊အများအတွက်
သက်စွန့်ခဲ့တဲ့၊ ထိုသူတို့စိတ်
စိတ်ဝယ်လေးစား၊ ယူကျုံးမရ
ဖြစ်ရလေခြင်း၊ ခေါင်းဆောင်မင်းတို့
တိုင်းပြည်အရေး၊ သက်စွန့်ကျိုးလို့
တို့တွေ ကျွန်အောက် ၊လွတ်ခဲ့လေပြီ-
သူတို့ကြိုးပမ်း၊ သက်စွန့်ထမ်းလို့
ငါတို့တိုင်းပြည်၊ လွတ်လပ်ပါပြီ
မြန်မာ့အလံ၊ မိုးသို့လွှင့်လို့
ကမ္ဘာအလယ် ၊မြန်မာဟေ့လို့
 ပြည်လုံးကြွေးကြော်၊ပျော်မဆုံးလို့
ငါတိုမြန်မာပြည်၊ လွတ်လပ်ခဲ့လေပြီ။
ခေါင်းဆောင်ပီသ၊ထိုအာဇာနည်ကို
ဘယ်ခါမမေ့၊ နှစ်ပေါင်းများလည်း
ယနေ့ဝယ်၊ စဉ်မြဲလေးစား
၁၉ဇူလိုင်မေ့ပါနိုင်
သင်တို့အသက်ဇီဝိန်ချုပ်လည်း
ငါတို့စိတ်ဝယ်ဘယ်ခါမမေ့
ကမ္ဘာတည်သရွေ့
သင်တို့အသက်ရှိအုန်းမည်
သင်တို့နာမည်ရှိနေအုန်းမည်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ