Friday, January 18, 2013

♥´မိဘမဲ့`♥

ခလုတ်ထိမှ အမိတတယ်

ငါတို့အတွက် ဒီစကားပုံ က

အသုံးမ၀င်

ဘယ်မှာလည်း အမေ

ငွေမရှိမှ အဖေတဲ့လား

ငါတို့အတွက် အသုံးမ၀င်

ငါတို့အတွက် ဘယ်မှာလည်းအဖေ

အနှိမ်ခံရတဲ့အခါ

ငါတို့ရပ်တည်ပေးမယ်

 အဖေ ဘယ်မှာလဲ

လူပတ်ဝန်ကျင်မှာနေထိုင်နိုင်အောင်

ဆုံးမပေးမယ် အမေဘယ်မှာလဲ

လူ့ယဉ်ကျေးမှုအသိုင်းအ၀ိုင်းမှာ

မိဘမဲ့တွေလူရာမ၀င်တောဘူး တဲ့လား

အုတ်ကြားမြတ်ပေါက်လို့

ခေါ်ခံရတဲ့ငါတို့ဘဝ

အဖေရယ်ဘယ်မှာလဲ

အမေရယ်

ဘယ်မှာလဲ

ငါတို့ဘ၀မှာ

ခြေချော်လဲတဲ့အခါ

ဖေးမမဲ့လူမရှိ

သား
သမီး
နောက်တစ်ကြိမ်ပြန်လျှောက်ကြည့်ပါလား

ပြောပေးမယ် အမေ အဖေမရှိ

အခုတော့ ၀ဋ်ရှိသရွေခံနေရ

သူများကြွေးမှ

သူများလှုမှစားနေရတဲ့ငါတို့ဘဝ

ဝဋ်ရှိခဲ့ရင် ဒီဘ၀ကြေပါစေ

နောင်ဘ၀ဆက်တိုင်းဆက်တိုင်းမှာ

မိဘမဲ့ မဖြစ်ရပါလိုဧ၊။်
ဖေဖေမေမေကို ကျေးဇူးအထူးတင်ပါတယ်
ဖေဖေမေမေရယ်
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

1 comment:

  1. ကောင်းပါတယ် စလုံးလေးတွေ.....ကျေးဇူးပဲဟာ....

    ReplyDelete