Tuesday, September 11, 2012

ပင်လယ်ချစ်တဲ့....ကိုကို


ပင်လယ်ကိုချစ်တဲ့ကိုကိုရေ ခုတော့ပင်လယ်နဲ့ဝေးရာထွက်သွားခဲ့ပြီးပေါ့နော်
ပင်လယ်ကိုချစ်တဲ့ကိုကို
ဇင်ယော်တွေနှစ်သက်တဲ့ကိုကို
ခရုတွေနှစ်သက်တဲ့ကိုကို
ညနေခင်းဆိုပင်လယ်ပြင်ဆီသွားပြီးရင်ဖွင့်တတ်တဲ့ကိုကို
ခုတော့ကိုကိုရယ်ပင်လယ်ကိုမုန်းသွားခဲ့ပြီလား
မေလေးလေကိုကိုမရှိတဲ့အချိန်ကစပြီးပင်လယ်ပြင်ကြီးနဲ့စကားတွေပြောနေမိတယ်။
"ပင်လယ်ပြင်ကြီးရေ မေလေးကိုကိုကိုခေါ်ပေးပါနော် မေလေးလွမ်းနေတာပြောပေးပါနော်
မေလေးကိုကိုကိုဘယ်လောက်ချစ်မိတာပြောပေးပါ "
တစ်နေ့တော့ ပင်လယ်ပြင်ကြီးကနားညီးပြီး
ဟဲ့မေလေး မင်းကသူအချစ်တွေမမြင်လို့ပါ သူလည်းငါဆီမေလေးလိုပဲ သူအချစ်တွေလာလာပြောတယ် 
သူအချစ်က နင်အတွက် ခံစားရမှာစိုးလိုမင်းနဲ့ဝေးဝေးထွက်သွားတာပါမေလေးရေမင်းဆီပြန်လာမှာပါတနေ့ပေါ့ကွယ်"

ပင်လယ်က ပြောပြီး  လှိုင်းထပြီး မေလေးနဲ့ဝေးရာထွက်သွားတယ်

မေလေးလည်း နှုတ်ဆိတ်ပြီး မျက်ရည်တွေကျနေခဲ့မိတယ်။ မေလေးငိုတာကို ဇင်ယော်လေးကမြင်ပြီး
လိုက်ငိုတယ် ဇင်ယော်လေးရေ
"မင်းဘာလို့ငိုတာလည်း"
"မေလေးတို့ချစ်သူနှစ်ယောက်ချစ်ခြင်းကိုမြင်လို့ ၀မ်းနည်းမိလို့ပါ ချစ်သူတွေချစ်ရက်နဲ့ကွေကွင်းရလို့လေ "
"ဇင်ယော်လေးလည်းသိတာပဲလား
"သိတာပေါ့ မေလေးကိုကိုကဇင်ယော်တို့ကိုလာလာပြောလို့သိနေတယ် "

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။
ပင်လယ်ကို ချစ်တဲ့ကိုကိုပျောက်ဆုံးနေခဲ့တယ်
ဘာကြောင့်ပျောက်ဆုံးနေတယ်ဆိုတာမေလေးလည်းမသိသလိုဘယ်သူမှမသိခဲ့ပါဘူး။
မေလေးလည်းတနေ့တနေ့ ပင်လယ်ပြင်ကြီးကိုတိုင်တည်ရင်းကိုကိုစောင့်နေမိတာပေါ့ ။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး မေလေးဆီကို  ချည်းကပ်လာတယ်။
မေလေးကိုပျော်အောင်လှိုင်းတွေ နဲ့ကစားပြပေးမယ့်မေလေးမပျော်ဘူးကိုကိုရေ.။
ပင်လယ်က "မေလေးရေမင်း အချစ်ကိုနားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ တနေ့ရောင်ပြန်ဟတ်လာမှာပါ" လို့ ပင်လယ်ကလာပြောတယ်။

 ငိုနေတဲ့မေလေးကိုမကြည့်ရက်တော့

" မငိုပါနဲ့ မေလေးရယ်... နင်ရဲ့အချစ်ကိုနင်ကိုကိုသိမှာပါတနေ့တော့ပြန်လာမှာပါကွာငါသိနေပါတယ်" ပင်လယ်က နှစ်သိမ့်တယ်။

" နင့်သိတယ်..နင်ဘာကို သိတာလဲပင်လယ်" မေလေး တအံ့တသြ ပြန်မေးမိတယ်။

"မေလေးရေ
မင်းငိုနေတာပင်လယ်မကြည့်ရက်တော့ဘူးကွယ် မင်းမျက်ရည်က တို့ဆီကျလာလို့ တို့ပင်လယ်လည်းမျောပါတောမယ်
မင်းချစ်တဲ့ကိုကိုက မင်းကိုမချစ်လို့စွန့်သွားတာမဟုတ်ဘူးမေလေးရေ
ပင်လယ်ထဲမှာမင်းအတွက်သူအချစ်တွေထားခဲ့ပြီး မင်းနဲ့ဝေးရာထွက်သွားခဲ့တာ မင်းအတွက် မနစ်နာစေချင်လို့တဲ့လေ
မင်းလိုလှပတဲ့ ရေသူမလေးကို
သူလိုတံငါသည်လေးက မခြွေရက်လို့
မင်းနဲ့ဝေးရာမှာ မင်းမသိအောင်သူရှိနေတာပါ
ကိုကိုရယ်အချစ်မှာဘာအဆင့်အတန်း၊ဘာဂုဏ်မှမလိုတာမသိလေရော့သလား
ကိုကိုဘယ်ဘ၀ရောက်ရောက်ချစ်နေမယ်
ကိုကိုဘာပဲဖြစ်နေဖြစ်နေမယ်ချစ်နေမယ် ကိုကိုရေ

ကိုကိုနဲ့ပျော်ရွှင်ခဲ့တဲ့..ဒီပင်လယ်မှာ ကိုကိုကသီချင်းဆို..မေလေးက ကိုကိုရဲ့အမာခံပရိသတ်လေးပေါ့ကိုကိုရယ်
ကိုကိုနဲ့ခရုတူတူကောက်
ဂရုတွေသီကုံးပြီး ကိုကိုဆွဲပေးတဲ့လည်ဆွဲလေးလည်းခုတော့ သူသခင်ကိုမျှော်နေတယ် ကိုကိုရယ်
လာပါတော့....လာပါတော့...ကိုကိုရယ် ...................ပင်လယ်ချစ်တဲ့ကိုကိုရေ..ပင်လယ်နဲ့တူတူ မေလေးကို
ထားရက်ခဲ့တာလားကွယ်....မေလေး....မျက်ရည်ပင်လယ်ဝေနေပြီ ....လှည့်ကြည့်လှည့်ပါဦးလားကွယ်
ကိုကိုရယ်
ချစ်လို့စွန့်ခွာသွားတယ် ဆိုရင်တောင် ...မေလေးကိုနှုတ်ဆက်ခွင့်လေးတော့ ပေးပါ
မေလေးလည်း ပြောချင်တာ ပြောပါရစေ
ပင်လယ်ချစ်တဲ့ ကိုကို ကြားသိနိုင်ပါလျှင်
မေလေးဆီပြန်လာပါ


ဇာတ်မသိမ်းတတ်တော့လို့သိမ်းလိုက်တာ တမျိုးဖြစ်သွားတယ်
အမှားရှိခွင့်လွတ်နော်
ကြိုးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment