Friday, January 11, 2013

♥တွက်လိုမရတဲ့...အချစ်ပုစ္ဆာ♥

ပန်းတစ်ပွင့်ရဲ့အလှကို
ရှုစားရရုံနဲ့ကျေနပ်တယ်လို့ပြောရင်
မင်းလိမ်တယ်ချစ်သူ
အချစ်ကိုမခံစားပဲလှမ်းကြည့်
ပြီးပြည်စုံတယ်တဲ့လားချစ်သူ
အချစ်ဆိုတာ
ရင်ဘတ်နှစ်ခုနဲ့ပေါင်းစပ်မှ
ထွက်လာတဲ့definationပါ
မင်းကတဖတ်သက်
အဖြေထုတ်
တဖက်သက်formula
ဖြေရှင်းလေတော့
ဒီပုစ္ဆာထဲတ၀ဲလယ်လယ်
ချစ်သူ
ငါဘက်ကတော့
အဖြေကထွက်ပြီး
မင်းဘက်ကအဖြေထွက်မလာတာ
ငါတွက်မိတဲ့ပုစ္ဆာမှားလို့နေမယ်
ကဲ...ဒီပုစ္ဆာအဖြေမရှိမှာတော့
ဆက်တွက်နေလို့လည်း
အဖြေမရှိမယ့်တူတူ
ဒီပုစ္ဆာထားခဲ့လိုက်တော့မယ်
သေချာတခုတော့ပြောခဲ့မယ်
နင့်ကိုငါချစ်တယ်
ဒီအတွက်.. “ကျေးဇူးပါ”
စိတ်ကူးပေါက်ရာရေးလိုက်တဲ့ကဗျာ
လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment