Friday, January 11, 2013

♥(၁၉)ဇူလိုင်..မေ့ပါနိုင်♥

ကြာခဲ့လေပြီ၊ ထိုနေ့ဆီသို့
အောက်မေ့တမ်းတ၊မမေ့ဘယ်ခါ
မြန်မာ့သမိုင်း၊ မှတ်တမ်းတွင်ခဲ့
ထိုနေ့ရက်ကို၊ မမေ့ဘယ်ခါ
ထိုလှိုင်းဂယက်၊ ပြင်းရိုက်ချက်ကြောင့်
အသက်ဇီဝိန်၊ ယူငင်လို့သွား
နိုင်ငံခေါင်းဆောင်၊ အာဇာနည်ကိုးဦး။
တစ်ဦးတစ်ယာက်အတွက်မဟုတ်၊အများအတွက်
သက်စွန့်ခဲ့တဲ့၊ ထိုသူတို့စိတ်
စိတ်ဝယ်လေးစား၊ ယူကျုံးမရ
ဖြစ်ရလေခြင်း၊ ခေါင်းဆောင်မင်းတို့
တိုင်းပြည်အရေး၊ သက်စွန့်ကျိုးလို့
တို့တွေ ကျွန်အောက် ၊လွတ်ခဲ့လေပြီ-
သူတို့ကြိုးပမ်း၊ သက်စွန့်ထမ်းလို့
ငါတို့တိုင်းပြည်၊ လွတ်လပ်ပါပြီ
မြန်မာ့အလံ၊ မိုးသို့လွှင့်လို့
ကမ္ဘာအလယ် ၊မြန်မာဟေ့လို့
 ပြည်လုံးကြွေးကြော်၊ပျော်မဆုံးလို့
ငါတိုမြန်မာပြည်၊ လွတ်လပ်ခဲ့လေပြီ။
ခေါင်းဆောင်ပီသ၊ထိုအာဇာနည်ကို
ဘယ်ခါမမေ့၊ နှစ်ပေါင်းများလည်း
ယနေ့ဝယ်၊ စဉ်မြဲလေးစား
၁၉ဇူလိုင်မေ့ပါနိုင်
သင်တို့အသက်ဇီဝိန်ချုပ်လည်း
ငါတို့စိတ်ဝယ်ဘယ်ခါမမေ့
ကမ္ဘာတည်သရွေ့
သင်တို့အသက်ရှိအုန်းမည်
သင်တို့နာမည်ရှိနေအုန်းမည်။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment