Friday, January 11, 2013

♫♥♫ ငါဆိုတဲ့....ငါကဘာမှမဟုတ်ဘူး♫♥♫

ငါအနုပညာရှင်လည်းမဟုတ်ဘူး
ငါကဗျာလည်းဆရာမဟုတ်ဘူး
ငါရေးနေတဲ့ကဗျာ
ကာရန်ညီချင်မှာညီမယ်
စိတ်ထဲဖြစ်တည်
ချရေးလိုက်တယ်
ကာရန်ကွယ်မညီလို့
ကဗျာမဟုတ်ဘူးဆို၇င်လည်း
အဲဒါကဗျာမဟုတ်ဘူး
ငါရေးတဲ့စာ
နုချင်မှနုလိမ့်မယ်
ကြမ်းချင်လည်းကြမ်းမယ်
ငါရဲ့စိတ်ကူးက
ငါစာစုက
အများအတွက်
တစ်စုံတစ်၇ာအသိတခု
ရမယ်ဆိုရင်
ငါရေးရကျိုး
ငါကျေနပ်တယ်
ငါကဗျာဆရာ
တယောက်လည်းမဟုတ်ဘူး
ငါကိုလူတွေသိဖို့လည်းမလိုဘူး
ငါဖြစ်ချင်တာငါရေးတယ်
ငါသိစေချင်တာချပြတယ်
ငါဆိုတဲ့ငါကဘာမှမဟုတ်ဘူး။

စိတ်နည်းနည်းထွက်ပေါက်ပေးပီးလျှောက်ရေးလိုက်တာ
အမှားပါရင်ခွင့်လွတ်ပါ
အားလုံးကိုလေးစားလျှက်

♫♥♫ရှင်းသန့်မေ♫♥♫

No comments:

Post a Comment