Friday, January 11, 2013

♥ရင်မှာပျိုးမိတဲ့....ပန်းလေးရယ်။♥

ရင်ခွင်မှာသိုသိပ်

တိတ်တဆိတ်

ပျိုးထားတဲ့ ဒီပန်း

မင်းအတွက်ရယ်ပါ

နှလုံးသားမှာ

စိတ်ကူးနဲ့ပုံဖော်

ရင်ခွင်မှာမင်းအတွက်

အလှဆုံးပန်းလေး

ဖူးဖွင့်လို့နေခဲ့ပြီ

နီးလျှက်နဲ့ဝေး

ဝေးမှပိုလွမ်းရ

သံယောဇဉ်တိုး

အကြင်နာပိုလို့

ဆုံဆည်းမယ့်နေ့ရက်

လှမ်းမျှော်ကြည့်မိတယ်

ကမ္ဘာမြေမဆုံးခင်

တကွေ့ကွေ့မှာ

ဆုံတွေခွင့်လေးတော့

အချစ်နဲ့အတူ

ရင်ခုန်သံနေ့ရက်

မျှော်လင့်မိတယ်

ချစ်မိတဲ့သူရယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment