Friday, January 11, 2013

♥♫အချစ်ဝေဒနာ♥♫

မျက်နှာမြင်.. တွေ့ဆုံရမှာဖြင့်
ရွှေရင်အစုံ....ရင်ခုန်ရမှာ
စိုးထိတ်မိတာမို့
ခက်စရာကြုံ...သူသိမှာ
ရှက်အားပို
မျက်နှာကွယ်...ပူမိတယ်
ဟန်မဆောင်.. တတ်
မသိုဝှက်..တတ်တာမို့
အမူအရာကို...သူသိမှာ စိုးမိတယ်။

ချစ်စကား
အခါခါ ဆိုထားသူမို့
သူအား သံယောဇဉ်...ပိုတာကို
သူသိမှာ..စိုးမိတယ်ကွယ်..။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment