Friday, January 11, 2013

@@@မျက်ရည်မုန်းတဲ့....ငါ@@@@

နင်ဟာငါကောင်းကင်က
လတစင်းပါ
မင်းရဲ့အလင်းအောက်
ငါအေးမြခဲ့တယ်
အေးမြမူကိုနှစ်သက်တဲ့ငါ
ကြည်နူးတတ်ခဲ့တယ်
နေရဲ့အလင်းထက်
နွေးထွေးမူပေးတဲ့
လမင်းရဲ့အလင်းကြောင့်
ငါ့ပျော်ရွှင်စရာအနာဂါတ်လေး
လင်းလတ်စေတာ
ကျေးဇူးတင်တယ်ဟာ။

နင်အတွက်ငါ
ရယူခြင်းမရှိ
ပေးဆပ်ရင်းနဲ့
နေ့ရက်တွေကို တူယှဉ်တွဲပြီး
ပျော်ရွှင်ခဲ့တာ
နေ့ရက်တွေ
အဓိပ္ပါယ်တွေရှိခဲ့တယ်ဟာ။



လေးစားခြင်းတို့ ရင်မှာပြည့်လို့
လမင်းလို
အလင်းနဲ့ အေးမြမှုကို
တပြိုင်နက်ထဲ
ပေးနိုင်တဲ့သူ


မထင်မှတ်တဲ့
ကံကြမ္မာကြောင့်
လမိုက်ညကျ
မှောင်အတိနဲ့
လမင်းကွယ်ပျောက်လို့
လမင်းကိုရှာနေတဲ့
ကလေးငယ်တယောက်လို
မျက်ရည်တွေမုန်းတဲ့ငါ
ခုတော့လမိုက်ညမှာ
မျက်ရည်စနဲ့ပေါ့။

No comments:

Post a Comment