Friday, January 11, 2013

♥`♥`♥တစ်နေ့နေ့ပေါ့..ချစ်သူရယ်`♥`♥`♥

လောကဓံရေး

တခဏတာဝေး

ဝမ်းရေးတစ်ထွာ

ရုန်းကန်ကာဖြင့်

တို့ဘ၀တွေ

မိုင်ပေါင်းများစွာ

ဝေးကွာနေလည်း

နှလုံးသားချင်းနီး

အချစ်ညီကြမယ်


မခွဲအတူ

စိတ်တူညီလို့

သစ္စာခိုင်မြဲ

နားလည်မူထား

လောကဓံရဲ့

အပြောင်းအလဲကြား

စိတ်မပြောင်းစေပဲ

နှစ်ယောက်ယှဉ်တွဲ

ဆူးခင်းဖြတ်ကျော်

ပန်းခင်းလမ်းလျှောက်ဖို့

တစ်နေ့နေ့မှာ

တို့ဆုံစို့လေ

အခုတော့လေ

အလွမ်းနေ့ရက်

ဖြတ်ကျော်ရလို့

တစ်ယောက်တည်းလည်း

ငိုဖြစ်တယ်

တစ်ယောက်တည်းလည်း

ရီဖြစ်တယ်

လွမ်းစရာနေ့ရက်

ကုန်လွန်ရက်ကို

တစ်နေ့နေ့တော့

ပြုံးပျော်ရွှင်ဖို့

တောင်းဆုခြွေတယ်
တစ်နေ့ဆုံမယ်စိတ်မှာရွယ်...။




ကြိုးစားပါဦးမည်

အားလုံးကိုလေးစားချစ်ခင်လျှက်

ရှင်းသန့်မေ

No comments:

Post a Comment