မြင်မိုရ်တောင်ကြီးမရှိပီဟု
ရင်ဝယ်စိတ်တွေး မရွှင်သာပီ
သောကအပူရင်တွင်းလှိုက်ဆူ
ငိုရှိုက်မိအခါခါ
အဖေ့ပုံရိပ်အဖေ့အသံ
အဖေ့အပြုံးအဖေ့ဆုံးမစကား
နားတွင်အဖန်ဖန်စွဲထင်ကျန်ရစ်
သမီးစိတ်တွင်အော်....အနိစ္စတရား တရားသဘောအရ
ဆင်ခြင်ကြည့်သော်
ငါလည်းဒီလမ်း
တနေ့သွားရမှာအနိစ္စ ပါတကား...။
အားလုံးကိုလေးစားလျှက်ရှင်း
No comments:
Post a Comment