Friday, January 11, 2013

♥သူငယ်ချင်းများအတွက်♥

သူငယ်ချင်း
မင်းအတွက်လှပတဲ့...အနာဂါတ်မရှိလို့
စိတ်ဓါတ်မကျနဲ့
မင်းအတွက်..လမ်းပြမယ့်
စာပေတွေ
မင်းကိုလမ်းပြမယ့်
ကမ္ဘာဗဟုသုတတွေပေးမယ့်...အင်တာနက်တွေရှိတယ်
ဗဟုသုတ... အလင်းတွေရှိတယ်
ငါတို့ရဲ့ ဘဝ ကိုပြောင်းလဲပေးနိုင်မယ့်
ငါတို့ရဲ့ဘေးမှာ
အလင်းရောင်တွေပေးမဲ့ သူတွေအများကြီးပါ ။
သူငယ်ချင်း
မင်းသုံးသပ်
မင်းကထမင်းစားဖို့အလုပ်လုပ်နေတာလား
အလုပ်လုပ်ဖို့..ထမင်းစားနေတာလား
မင်းထမင်းစားဖို့ပဲ ...အလုပ်လုပ်နေရင်
ကြာရင် ငါတို့ရဲ့ဦးနှောက်တွေ...သုံးမရပဲနေမှာပေါ့
ဦးနှောက်ဆိုတာ...ဒီအတိုင်းထားဖို့ မဟုတ်ဘူး။

သူငယ်ချင်း………..
အင်တာနက်ဆိုတာ
ဗဟုသုတရှာဖွေဖို့ထားတာ
မင်းဒါကိုအသုံးချတတ်မယ်ဆို
အချိန်ဆိုတာ အသုံးချတတ်တဲ့ သူဖို့..အရမ်းအကျိုးရှိပါတယ်။


သူငယ်ချင်း……….
မင်းငါဒါကိုလုပ်လို့ဖြစ်ပမလား...မတွေးနဲ့
မင်းအဲဒီနေရာကိုရောက်အောင်မသွားပဲနဲ့
မင်းဘာမှဖြစ်လာမှာဟုတ်ဘူး
မင်းစိတ်မှာမဖြစ်ဘူးလို့..တွေးထားရင်
မင်းဘာမှ မလုပ်ရင်
ဘာမှမဖြစ်ဘူးဆိုတာပဲရှိပါတယ်
ဘယ်အရာမဆို လုပ်ရင်တော့ ဖြစ်မှာပါ။


သူငယ်ချင်း ……….
ဘဝကိုလှေလှော်သလို
ရည်မှန်းချက်မရှိပဲလှေလှော်နေရင်
မင်းရောက်ချင်ရာရောက်မှာပဲ
ကိုယ်ရည်မှန်းချက်ကမ်းနေရာကို..သိအောင်လုပ်
ကိုယ်ဘဝကိုယ်ပြုစုပျိုးထောင်
ကိုယ်တန်ဖိုးကိုယ်မြင့်မှ
မင်းရဲ့ တန်ဘိုးဟာ မြင့်လာမှာပါ။

သူငယ်ချင်း……….
ငါတို့ရဲ့ ဦးနှောက်တွေကို အသုံးချ
လောကကြီးကို ရဲရင့်စွာရင်ဆိုင်..ကြည့်လိုက်စမ်းပါ
ဗဟုသုတ ပင်လယ်ကြီးက
ငါတို့အတွက်...အမြဲတမ်း ရှိနေပါတယ်။

သူငယ်ချင်း……..
ငါတို့ရဲ့ ဦးနှောက်တွေကို
ဗဟုသုတ ပင်လယ်ရေနဲ့..ဆေးကြောပစ်လိုက်ပါ
မသိတာတွေ ရှာမှီး
ငါတို့ရဲ့ ဘဝကို
သိသလိုလိုနဲ့ရှေ့ဆက်ပီး..မလျှောက်ပါနဲ့
စမ်းတ၀ါးဝါးနဲ့..လျှောက်နေတဲ့
 မျက်လုံးနဲ့နားတွေ..အမှန်ကိုမြင်လာရရင်
ငါတို့ လောကကိုကောင်းကျိုး ပြုလာနိုင်မှာလို့
ငါယုံကြည်ပါတယ် သူငယ်ချင်း..။။။။။။။။။။
ငါတို့နားမှာ အသိပညာ ပေးမဲ့သူတွေ
အများကြီးရှိပါတယ်ငါတို့သာယူတတ်ရင်
ငါတို့ဘဝဟာ အားလုံးပြည့်စုံသွားမှာပါ။
 ငါတို့နားတွေ
ငါတို့မျက်လုံးတွေ
ငါတို့ဦးနှောက်တွေကိုဖွင့်ပြီး
ရဲရဲကြီးလျှောက်လှမ်းနိုင်ဖို့
ဗဟုသုတဆိုတဲ့ပင်လယ်ရေ...သောက်သုံးစို့ ....။


ပင်လယ်ရေကသောက်လေသောက်လေငတ်မပြေသလို
ဗဟုသုတဆိုတဲ့ပင်လယ်သောက်တိုင်းငတ်မပြေနိုင်ဖြစ်ပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments: