မှန်းဆပြီးတော့လည်း
မလွမ်းပါရစေနဲ့တော့
လွမ်းရတဲ့အဖြစ်က
တမ်းတရတာထက်
ခံစားရခက်လို့ပါ
တမ်းတလိုက်တိုင်းလည်း
လွမ်းရတဲ့အဖြစ်က
ပြေပျောက်မသွားဘူးလေ.
လွမ်းတိုင်းလည်း
သူကရောက်မလာ
တွေးတွေးပြီးဆွေး
လွမ်းရတဲ့ခံစားချက်က
မသက်သာလှ
မှန်းဆ , တမ်းတ , လွမ်းရတဲ့
ခံစားချက်တွေက
အချစ်ကြောင့်လို့ပဲ
ထင်မိတယ်
လူတွေပြောဖူးတဲ့
စကားတခွန်းက
“ချစ်တိုင်းလည်း မလွမ်းသလို
“ချစ်တိုင်းလည်း မလွမ်းသလို
လွမ်းတိုင်းလည်း မချစ်ဘူးတဲ့ ”.
ဒီစကားကို မှန်ရဲ့လား
အချစ်ဆိုတာကို
ဥပေက္ခာပြုနေသူကိုမေးလိုက်ချင်ရဲ့
မင်းတကယ်ကော မေတ္တာစစ်နဲ့ ချစ်ဖူးရဲ့လားကွယ်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
No comments:
Post a Comment