Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Tuesday, December 24, 2013

အိမ်ထောင်ရေး



ကလင်ကလင်

ဖုန်းမြည်သံကြောင့် ကျမအိပ်နေရာကလန့်နိုးသွားသည်။
ဒီအချိန်ဘယ်သူဆက်တာပါလိမ့်။
ကျမဖုန်းနံပါတ်ကြည့်တော့ ကျမညီမ၀မ်းကွဲ မိညို

"ဟလို မိညိုညလေးပြော"

"ဟုတ်မမ ညိုအခက်အခဲမမနဲ့တိုင်ပင်ချင်လို့ဒီလိုမမရေ ညိုရည်းစားနဲ့ညိုကိုအိမ်ကသဘောမတူဘူး "

"ဘာလို့သဘောမတူတာ့"

"သူကသူငယ်ချင်းမက်တယ် အပေါင်းအသင်းများတယ် နည်းနည်းပါးပါးသောက်စားတယ် ဒါကြောင့်မေမေကသဘောမတူဘူး"

"ဒီတော့ညီမလေးဘယ်လိုဆုံးဖြတ်လဲ "

"ညိုမစဉ်းစားတတ်လို့မမဆီအကြံတောင်းတာ"

"ညိုတို့သမီးရည်းစားဖြစ်တာကြာပြီလား"

"မကြာသေးဘူးမမ ၆လလောက်ပဲရှိသေးတယ်"

"ညီမလေးကသူကိုတကယ်ချစ်လား တကယ်သူကိုလက်ထက်ချင်လား"

"ချစ်တယ် မမလက်လည်းထက်ချင်တယ် သူကအပေါင်းအသင်းများတာတခုကလွဲ အကုန်ကောင်းပါတယ် ရုံးဌာနတခုရဲ့ရုံးစာရေး မိဘတွေကလည်းပြည့်စုံပါတယ်"

"အယ်ငါ့ညီမကတော့သူလူကိုညွှန်းလှချည်လား:-) "

"အာ.....မမကလည်း "

"မရှက်ပါနဲ့စတာပါ မမအကြံပေးမယ် လူတစ်ယောက်ကိုအချစ်တခုတည်းနဲ့ပုံမအပ်မိစေနဲ့
မိဘဆိုတာကသားသမီးကိုဆင်စီးပြီးမြင်းရံဖြစ်စေချင်ကြတာပါ သားသမီးစိတ်ဆင်းရဲမှာမလိုချင်ဘူး ဒီတော့ညီမလေးကတကယ်နှစ်သက်တယ်ဆို သူရဲ့အမူအကိင့်လက်ခံတယ်ဆို ညီမလေးအမေနဲ့ထပ်ညှိနှိုင်းပါ အိမ်ထောင်ရေးဆိုတာ နတ်ကြီးတယ် မုန့်တခုကိုမကြိုက်ဘူးဆိုလိုလွင့်ပစ်လိုက်လို့ရတယ် အိမ်ထောင်ဆိုတာ အိမ်ထော့င်မူ့ဘုရားတည်ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုးချက်မပိုင်နောင်ပြင်ရန်ခက်စကားပုံလည်းရှိသားပဲ အချိန်ယူပါစဉ်းစားပါ ညီမလေးအသက်လည်းငယ်သေးတာပဲ အချစ်တခုတည်းနဲ့ဘ၀တည်ဆောက်လို့မရနိုင်ဘူး နားလည်မူ သစ္စားတရာခိုင်မြဲမှ အိမ်ထောင်ရေးခိုင်မြဲမယ် သူမကြိုက်တာကိုယ်ပြင်လို့ရနိုင်မလာ ကိုယ်ကကောသူမကြိုက်တာလိုက်လျောနိုင်မလား အရာရာစဉ်းစားချင့်ချိန်ပြီးမှအိမ်ထောင်ရေးကိုတည်ဆောက်ပါ"

"ဟုတ်မမ"

"အချိန်ယူပြီးလေ့လာပါဆုံးဖြတ်ပါ တစ်ဘ၀လုံးစာကိစ္စဖြစ်နေတယ် နောက်ပြီး မယူခင်မှာကိုယ့်တန်ဖိုးကိုမချမိစေနဲ့ နောက်ပြီးတပါးသူကိုယ်လက်မထက်နိုင်ပဲမျှော်လင့်ချက်မပေးမိစေနဲ့"

"ဟုတ်မမ ကျေးဇူး ညီမလေးသေချာဆုံးဖြတ်ပါမယ်
"ဆိုပြီး မိညိုဖုန်းချသွားပေမယ် ကျမအတွေးကတော့ရပ်မသွားပေ. ကျမဆိုလျှင်ကောဘယ်လိုဆုံးဖြတ်မည်နည်း မိညိုကောဘယ်လိုဆုံးဖြတ်မလဲ
အချစ်နဲ့ အိမ်ထောင်ရေးကြားလွန်ဆွဲ
နေမိမှာပါပဲ

သေချာတာတခုကတော့
အိမ်ထောင်တခုတည်ထောင်ဖို့ဆိုလျှင်

အိမ်ထော့င်မူ့ဘုရားတည်ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုးချက်မပိုင်နောင်ပြင်ရန်ခက်စကားပုံအတိုင်းသေချာစဉ်းစားဆုံးဖြတ်မှကိုယ့်ဘဝ

အိမ်ထော့င်ရေးတည်မြဲမည်ဖြစ်သည်။



လေးစားလျက်
ရှင်းသန့်မေ

Tuesday, September 11, 2012

*******ကဗျာစာပေရေးချင်သူဝါသနာရှင်များအတွက်***

ကဗျာပဲရေးချင်၊ဆောင်းပါပဲရေးချင်ချင်ကိုယ်ဝါသနာပါဖို့ကအဓိကပါ။
နောက်ပီးကိုယ်ရေးလိုက်တဲ့အရာတခုကစာဖတ်သူတွေအပေါ်ဘာပေးချင်တာ
လည်းသိဖို့လိုပါတယ်။ဘယ်ကဗျာ၊ဘယ်လိုစာပေကိုမဆိုရေးသားချင်ရင်စာများများ
ဖတ်ပါလို့တိုက်တွန်းစေချင်ပါတယ်။ကဗျာရေးချင်ရင်နာမည်ကျော်စာရေးဆရာ၊
ဆရာမစာတွေများများဖတ်၊သူတို့ကဘယ်လိုပုံစံရေးတယ်၊သူတို့စာပေတွေက
ဘယ်လိုရသပေးလည်း၊သေချာဖတ်ပြီးကိုယ်တိုင်လည်းချရေးကြည့်ပါ။
************************
ကဗျာပဲဖြစ်ဖြစ်ဝတ္ထုပဲဖြစ်ဖြစ်ကိုယ်ဖြစ်မှန်ကိုချရေးတာရှိသလို
မဖြစ်တာကိုလည်းပုံဖေါ်ပြီးရေးချရတာလည်းရှိပါတယ်။ဘယ်လိုအရေးသားနဲ့ပဲရေးရေး
ကိုယ်ရေးလိုက်တာတဘက်သားခံစားနိုင်ဖို့ကိုယ်ပေးလိုက်တဲ့အသိတခုရောက်သွားဖို့ပဲလိုတယ်။
ကိုယ်ဆိုလိုရင်းအဓိပ္ပါယ်ပေါ်လွင်ဖို့လိုပါတယ်။ကဗျာ၊စာပေမှာ
သတ်မှတ်ချက်တော့မရှိပါဘူး။အဓိကစာလုံးသတ်ပုံမှန်မယ်။ကိုယ်ဆိုလိုရင်းကို
လူတဘက်သားနားလည်မယ်ဆိုကိုယ်ရေးသားချက်အောင်မြင်တယ်လို့ဆိုလိုရပါတယ်။
**************************************
အဓိကစာများများဖတ်၊များများချရေးရင်ကဗျာတွေစာပေကိုဖန်တီးထုဆစ်
လာနိုင်ပါတယ်။ဝါသနာပါဖို့ပဲလိုပါတယ်။ဝေဖန်မှာကိုမကြောက်ဖို့လိုတယ်။
ကိုယ်တခါရေးပြီးတိုင်းဟာမကောင်းဘူးပြောတိုင်းမကြောက်ပါနဲ့
ဒီတခါငါဘာမှားလည်းနောက်တခါမမှားအောင်ဘယ်လိုပြုပြင်မလည်းစဉ်းစားလိုက်ပါ
နောက်တကြိမ်ဒီထက်ကောင်းအောင်ထုဆစ်နိုင်မှာပါ
ရှင်းလည်းခုထိကိုကြိုးစားနေတုန်းပါခုထိလည်းမပြည့်စုံသေးပါဘူး။
မချောမွတ်သေးပါဘူးအားလုံးဝါသနာပါသူများကိုလည်း
ချသာရေးကြည့်ပါစာများများဖတ်အတုယူပါလို့အကြံပေးချင်ပါတယ်။
ဆရာလုပ်တာမဟုတ်ပါဘူးနော်။ကဗျာဘယ်လိုရေးလည်းစာတွေ
ဘယ်လိုရေးလည်းမေးလာသူများအတွက်ရေးသားလိုက်ခြင်းဖြစ်ပါတယ်
ကြိုးစားနေဆဲ
အားလုံးကိုကျေးဇူးတင်လျှက်
ရှင်းသန့်မေ

**စိတ်ဓါတ်ခွန်အား**


သူငယ်ချင်းမင်းအားငယ်နေလား
ခါကာဘိုရာဇီတောင်ထိပ်ကိုမရောက်ဖူးပဲမြင့်လိုက်တာဆိုပီးအားငယ်နေနဲ့
မင်းတကယ်တတ်ချင်လားတကယ်ရောက်ချင်လား သူငယ်ချင်း
မင်းစိတ်ထဲမှတ်ရမှာက
“If you want something badly enough
you will get it.”
မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။
မင်း ခါကာဘိုရာဇီတောင်ထိပ်ကိုတက်ချင်စိတ်ပြင်းပြစိတ်သာမင်းမှာရှိ၊မင်း လုံ့လအားစိုက်ဖို့၊မင်းကြိုးစားဖို့ပဲလိုမယ်။
ထိုင်နေလို့တော့မင်းမရနိုင်ဘူး ။
 မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။
မင်းမှာလိုချင်တဲ့ ဆန္ဒရှိဖို့ပဲလိုတယ်၊ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ။


မင်းတခုခုကိုလိုချင်တဲ့အခါ
မင်း အဲဒါကို မင်းဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လိုချင်သလဲ။
မင်းအဲဒီအတွက်ဘယ်လောက် မင်း အနစ်နာခံနိုင်လဲ၊ ဘယ်လောက်အပင်ပန်းခံနိုင်မလဲ
မင်းဇွဲမလျော့ဖို့တော့လိုလိမ်မယ်။


မင်း တစ်ခုခုကို အမှန်တကယ် ဆိုးဆိုးဝါးဝါး လိုချင်လို့ရှိရင် နောက်ဆုတ်ဖို့ဆိုတာကို မင်းရွေးချယ်မှာမဟုတ်ပါဘူး။ မင်းကို အကောင်းတကာ့အကောင်းဆုံးဖြစ်အောင်၊
မင်းရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ရမယ်။
 


မင်းရဲ့ ရည်မှန်းချက်က ပိုကြီးမားလေ၊ အတားအဆီးတွေ ပင်ပန်းမှုတွေက ပိုများလေပါပဲ။ အဲဒီလိုပင်ပန်းလို့မင်းကြောက်ချင်ကြောက်နေနိုင်ပါတယ်။
ကြောက်တဲ့စိတ်ကိုဖယ်ရှားနိုင်ရမယ်
ငါလုပ်နိုင်တယ်
ငါမလုပ်နိုင်တာမရှိဘူး
မလုပ်သေးတာပဲရှိတာ
ကိုယ်စိတ်ကိုတွန်းအားပေးနေရမယ်
မနက်ခင်းတိုင်းနေသစ်တိုင်းကိုယုံကြည်မူနဲ့နိုးထရမယ်။

တကယ်လို့ မင်းရဲ့ ဆန္ဒက မပြင်းထန်ဘူးဆိုရင် အခက်အခဲလေးတစ်ခုကို တွေ့တာနဲ့ မင်းကြောက်ပြီး ဒူးတုန်နေမယ်ဆိုမင်းကိုကြောက်တဲ့စိတ်ကလွမ်းမိုးသွားလိမ့်မယ်။
ဒီတော့ မင်းကြောက်တဲ့စိတ်ဓာတ် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။

စိတ်ဆန္ဒပြင်းထန်ပါစေ
တကယ်လိုချင်တကယ်ရလာမှာပါ။
မင်းအမြင့်ကိုမတတ်ဖူးပဲကြောက်မနေပါနဲ့
ရဲရဲသာတက်လိုက်ပါ။
မဖြစ်သေးတာပါ
မဖြစ်နိုင်တာမ၇ှိပါဘူးသူငယ်ချင်းရေ

ရှင်းကိုယ်တိုင်လည်းစိတ်ပျက်အားငယ်တိုင်းဒီလိုစိတ်မွေးလိုက်တယ်အားပြန်တတ်လာလို့
သူငယ်ချင်းအားလုံးကိုစိတ်ခွန်အားပေးလိုက်တာပါ
အားလုံးကိုလေးစားလျှက်
ရှင်းသန်မေ