Showing posts with label ပရဟိတကဗျာ. Show all posts
Showing posts with label ပရဟိတကဗျာ. Show all posts

Wednesday, July 24, 2013

(((ပရစိတ် ..တူ ညီ ကြ မယ် )))




တချို့ လူတွေ..လူတွေ

ငိုသူကိုဖေးမမဲ့အစား

မျက်ရည်တွင်းထဲထိုးချ

အမှောင်ထဲကျသူကို

အလင်းရောက်အောင်ဖေးမမဲ့အစား

အမှောင်ထဲတွန်းကန်ချ

ငတ်မွတ်သူကို

ပေးကမ်းရမယ့်အစား

လစ်လျုရူနေကြ

ကူညီဖေးမ နှလုံးသားမဲ့သူများပြားလိုက်တာ

လာပါ သူငယ်ချင်း

ငါတို့တူတူ

ဒေါသကိုထိန်း

မောဟထိန်းလျှက်

သောကကိုသိမ်း

အတ္တ ဖယ်ရှင်း

အားမွေးလို့ ဖေးကူစိတ်မွေးထုတ် လိုက်ကြမယ်

အားသစ်များနဲ့

လဲနေသူ ထိန်းမတ်ကြမယ်

ငတ်နေသူ ကျွေးမွေးမယ်

နာနေသူ ဆေးပေးမယ်

အားငယ်သူ အဖော်ပြုပေးကြမယ်

ရွက်သစ်တွေဝေစေမယ်

ပင်အို တွေ အသက်ရှည်စေမယ်

တို့အတူတူကူညီမယ်

လာကြဟေ့. သူငယ်ချင်း

ပရစိတ်ဓါတ် တူညီကြမယ်

စာဖတ်သူများအားလေးစားလျှက်

ရှင်းသန့်မေ