ချစ်လိပ်ပြာတွေ
ကိုယ်စီဝဲလို
ကဗျာပန်းခင်းလေး
လှနေလိုက်တာ
ရင်ထဲကသံစဉ်
စိတ်ကူးတွေလွင့်ပျံ့
စိတ်ကူးတွေလွင့်ပျံ့
အလွမ်းဓါတ်တွေဆင်
မြင်လေသမျှ
မြင်လေသမျှ
အချစ်ရိပ်တွေ
တထင်ထင်နဲ့
နှလုံးသားတွေ
နှလုံးသားတွေ
ထပ်တူညီကျလို့
ချစ်တယ်ဆိုတဲ့စကား
အသက်ဝင်နေလိုက်တာ
ချစ်တယ်ဆိုတဲ့အရာက
တိုင်းစရာ မရှိဘူးတဲ့
အချစ်နဲ့တွေ့မှ
အချစ်နဲ့တွေ့မှ
ကဗျာတွေအသက်ဝင်တယ်ဆိုတာ
လက်တွေ့မှသိမိတယ်။
အချစ်ကြောင့်အသက်ဝင်နေတဲ့ ပန်းခင်းထားသောဥယျာဉ်ထဲရောက်သွားသလို ခံစားမိပါတယ်
ReplyDelete