Friday, January 11, 2013

♥´မမျှတတဲ့ချစ်ခြင်း`♥


အညမညမရှိသောချစ်ခြင်း
ဘယ်လောက်ဝေးဝေး၊
တစ်ချက်တွေးလိုက်ရုံနဲ့၊
ငါဘေးမှာနှင်ရှိနေတယ်ချစ်သူ၊
ငါပိုင်တဲ့စက္ကန့်တွေထဲ၊
ခိုင်ခန့်စဉ်မြဲရှိနေတာ
နင်ပါ ချစ်သူ၊
ရင်ခုန်သံစာမျက်နာကို
ဲပြန်လှန်ရှာကြည့်ရင်
တွေ့ရမှာက နင်ပဲချစ်သူ၊
နင်ကတော့ ဖေါက်ပြားတတ်တဲ့
 လောကသားထဲဝင်၊
အကြင်နာတွေကို
အပြင်မှာသာမြင်သာအောင်ပြ၊
ချစ်တာတွေကို အပြစ်ရှာကာဖျောက်၊
သစ္စာတရားကို မေ့ကာထားပြီး
ဆုတ်ခွာသွားတာ
နင့်ရဲ့အချစ်တဲ့လား ချစ်သူ
အပြုံးကလေးတွေနဲ့
ငါနင့်ကိုအမုန်းကလေးတွေပေးလိုက်ပါပြီ
မစစ်တဲ့နှင့်အချစ်တွေကြောင့်၊
မျက်ရည်တွေကို မြစ်ရေတွေလို
စီးဆင်းစေမယ်လို့တော့
နင်မထင်ပါနဲ့၊
အညမညရှိမှညီမျှခြင်း ချလို့ရမှန်း
ငါအသိက သတိပေးမြဲပါ ၊
သက်ဆုံးတိုင်
နင့်ကိုမက်ဉီးမယ်လို့တော့
မထင်ပါနဲ့။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment