Friday, January 18, 2013

♥´ချစ်ခြင်းဖွဲ့ကဗျာသံစဉ်`♥


 
ကဗျာဆိုတာ
နူးညံ့ တဲ့ရင်ထဲက
ပေါက်ဖွားလာတဲ့သံစဉ်
သခင်ရယ်.ဖတ်ခဲ့မယ်ဆိုရင်
ကိုယ့်ကဗျာက လှပနေမှာပါ။

သံစဉ်ဆိုတာ
ရင်တွင်းပေါက်ဖွား
သခင်အတွက်ရည်စူးဖွဲ့စပ်
သခင်အတွက်ချစ်ခြင်းဖြစ်တည်
သခင်သာ ခံစားတတ်ပြီး
နားဆင်ပေးမယ်ဆို
ကိုယ့် သံစဉ်တွေ ချိုမြနေမှာပါ။

ကဗျာနဲ့ သံစဉ်ပေါင်းစပ်
အလှဆုံးဆိုတဲ့ 
ချစ်ခြင်းတွေဖန်ဆင်း
သခင်ရယ်
ခံစားနားလည်မယ်ဆို
ကိုယ်ရေးဖွဲ့တဲ့ကဗျာ

သခင်အတွက်

ချစ်ခြင်းတွေပေါင်းစပ်ထားတဲ့

ချစ်ခြင်းဖွဲ့

ကဗျာသံစဉ်တွေပါပဲကွယ်။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment