Friday, January 11, 2013

****ပဟေဠိ!!!!!*****

ဘ၀ကထင်သလောက်မချောမွေ့

လမ်းခရီးကကြမ်း

မေတ္တာတွေ၊အချစ်တွေကိုမေ့

မျှော်လင့်ချက်ဆိုတဲ့

ပန်းတိုင်မရောက်သရွေ့

အချစ်ဆိုတဲ့
သဘောတရားကို

ခဏမေ့ထား

ကိုယ်ခန္ဓာအစိတ်အပိုင်းကို

ကျောက်စစ်ရုပ်အဖြစ်ဖန်ဆင်း

နူးညံလှတဲ့နှလုံးသားအစုံကို

မာဆတ်ဆတ်နှလုံးသားအဖြစ်နဲ့

သိမ်းထားလိုက်မယ်။

မျှော်လင့်ချက်ရောင်ခြည်ဆိုတာ

လည်ပင်းလောက်တွေးမှ

ခြေမျက်စိလောက်ကျတဲ့

ဒီဘဝ

ကျတဲ့နေရာမှာ

ကြုံသလိုပန်းတိုင်ကိုဖန်တီး

တွေ့တဲ့တက်နဲ့လှော်

မသေချာတဲ့ အနာဂါတ်ကို

ကြိုးစားနေရင်း

ဘ၀ကထင်သလောက်

ချောမွေ့ နိုင်ပါ့မလား.........................?

ကြိုးစားသလောက်....................ပန်းတိုင်တွေ့နိုင်ပါ့မလား

ဘ၀နှင့်ဆန္ဒတထပ်ဖြစ်နိုင်ပါမလား..ဆိုတာတော့..........

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
သူငယ်ချင်းအားလုံးဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျနိုင်ပါစေ။

No comments:

Post a Comment