Friday, January 18, 2013

**သခင်..မြင်လှည့်ပါ***

ရင်မှာတရစ်ရစ်
တိုးနေတဲ့အလွမ်း
တနေ့ထက်တနေ့တိုး
လွမ်းရလွန်းလို့
မျှော်လင့်ရတာ
မောလှပြီကွယ်။
ရိုးသားစွာဝန်ခံရရင်
မိန်းမသားပေမို့
ဖွင့်ပြောဖို့ခက်
မင်းကိုချစ်တဲ့အကြောင်း
ရင်ထဲမျိုသိပ်ထားတယ်
အတွေးတွေကို
ပိုင်စိုးထားတဲ့
အလွမ်းတွေရဲ့သခင်ရယ်
ကမ္ဘာကြီးက
ဘယ်လိုပင်ကွာခြား ကွာခြား
ပင်လယ်တွေ
ဘယ်လိုပင် ကာဆီး ကာဆီး
ငါ့ရဲ့ စိတ်တွေက
သခင်ဆီမှာသာ
ရင်မှာဖူးပွင့်စ
အချစ်ပန်းပွင့်ကို
မင်းအတွက်ပျိုးထားတယ်
သခင်ခူးလှည့်ပါကွယ်။
နိုးတစ်ဝက်
အိပ်ပျက်ညတွေထဲက
ငါနှလုံးသား
ပဲ့တင်ထပ်အလွမ်းတွေ
သခင်မြင်လှည့်ပါကွယ်။

ချစ်တတ်သူတိုင်း ချစ်သူချစ်ခြင်းကိုခံရပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ထပ်ကြိုးစားပါဦးမည်။
ရှင်းသန့်မေ

No comments:

Post a Comment