Tuesday, September 11, 2012

*****နှိုင်းဆမရ မြင့်မိုရ်တောင်ပမာ..မိဘမေတ္တာ******

သိပ်ချစ်ရသော ရှင်းမေမေ ဖေဖေ ကမ္ဘာပေါ်နှိုင်းဆမရ မြင့်မိုရ်တောင်မက ကြီးမားတဲ့ မာတာမိဘ ရှင်းမိဘတို့ ဂုဏ်ကျေးဇူးကိုအောက်မေ့လို ဖေါ်ပြလိုက်ပါတယ် ။

မေမေ က ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်မပြုချင်ပဲ မိဘ တွေပေးစားမူနဲ အိမ်ထောင်ကျ ခဲ့တယ်။ မေမေတို့ကမောင်နှမများတယ်လေ မေမေက မောင်နှမသားချင်း (9)ယောက် ရှိတော့ မေမေကို မေမေ့မိဘတွေက အိမ်ထောင်ချပေးခဲ့တယ် ။မေမေကပညာကိုပြီးအောင်မသင်ခဲ့ရဘူးတဲ့။မေမေအသက် 18နှစ် ပဲရှိသေးတယ် ။ဖေဖေကတော့( 31နှစ)်လေ။ ဖေဖေရုံးစာရေးအငယ်လေးဖေဖေကမချမ်းသာလေတော့ အိမ်ထောင်ဦး ကာလမှာ စီးပွားရေး အဆင် မပြေမှုတွေ ကြုံတွေ့ ခဲ့ရတာပေါ့။မေမေကတော့ညကျောင်းလေးတတ်ပြီး လူမူဝန်းထမ်းမှာ ဆရာမ၀င်လုပ်ခဲ့တယ်တဲ့မေမေကပြောပြခဲ့တယ်။အိမ်ထောင်သက်တမ်း (4နှစ)်အကြာတော့အကိုကြီးကိုမွေးခဲ့တယ် သားဦးဆိုတော့ ဖေဖေ ၊မေမေတို့ကတအားချစ်ပေါ့။ အကိုကြီးမွေးပြီး(10နှစ)်အ ကြာမှရှင်းကိုမွေးခဲ့တာလေ။

ဖေဖေကတော့ မိန်းကလေး မလိုချင်ဘူးတဲ့ ။မွေးလာတဲ့ကလေးကို မေမေကတော့သမီးမိုလိုအရမ်းချစ်ခဲ့တာတဲ့။အဲဒါနဲ့ သားသမီးတွေအတွက် သူအလုပ်ကိုစွန့်လွတ်ခဲ့ရတယ်။
မေမေကလေဘယ်လောက်ထိ သမီးအတွက်တွေးပူခဲ့လည်းဆို
"ငါသမီးလည်း ငါလိုအိမ်ထောင်ပြုမှာ ကလေးမွေးရမှာကို တောင်စိတ်ပူခဲ့တယ်။ငါသမီးလေးကြီးလာရင် ငါလို ကလေးမွေးရင်ငါလိုနာကျင်ရမှာ"
ကိုတွေးပူနေတာတဲ့။
"မေမေ ရယ်...မေမေမေတ္တာကအံ့မခန်းပါပဲ"
မေမေက နို့မထွက်ဘူးတဲ့ အဲဒီတော့နို့ထွက်အောင်အမျိုးမျိုးလုပ်ပေမယ့်ရှင်းတို့နို့ဘူးနဲ့ လူလား မြောက်စေ ခဲ့ရေတယ်။
မေမေ ကပြောပြ တယ်သမီးကတဲ့ နို့ဘူးဘယ်လောက်ပဲစို့စို့
မေမေနို့ကိုရှာတာပဲတဲ့။ရှင်း အသက် ၅ နှစ် လောက် အထိနို့ဗူး စို့ တုန်း။

ဖေဖေကလည်းရှင်းတို့သားသမီးတွေလိုလေးသေးမရှိအောင် ပံ့ပိုးပေးခဲ့ပါတယ် ။မေမေက ခင်ပွန်းနဲ့သားသမီးအတွက်ဆို
ဟင်းကောင်းတွေချန်ထားပေမယ့် မေမေကတော့ ဟင်းကျန်ကိုသာစားခဲ့တယ်။
အ၀တ်အစား အသစ်ဆိုလည်း သားသမီးတွေသာဆင်တယ်။ အ၀တ်အစားတင် မက အစားအသောက်ပါ
သားသမီးတွေကို ဦးစားပေးလေ့ ရှိတယ်။

နေ့စဉ် ရှင်းတို့ ကျောင်းသွားဖို့အတွက်ဖေဖေ ထမင်းဘူးအတွက် ချက်ပြုတ်တယ်၊ ဖေဖေကကျောင်းပို့ ၊ ကျောင်းကြို ကိုယ်တိုင် လုပ်တယ်။ အမေ တစ်ယောက်တည်း အိမ်မှု ကိစ္စတွေ လုပ်ကိုင်တယ် ရှင်းကိုလုံးဝမခိုင်းခဲ့ဘူး။မေမေက
"ငါသမီးကြီးလာရင် အိမ်မူကိစ္စဆိုတာ မလုပ်မဖြစ်လုပ်ရမှာ မေမေသမီးလေးမေမေနဲ့နေတဲ့အချိန်လောက်ပဲ သမီးဘ၀အေးအေးလူလူနေရမှာ နောက်ဆို သမီးမလုပ်ချင်လည်းလုပ်ရမှာအခုတော့သမီးကျောင်းစာ ကိုပဲ အားထုတ်ပါသမီးရယ်။မေမေက စာမတတ်ခဲ့လို သမီးကမေမေထက်တော်ရမယ် ။"


မေမေ က ဖေဖေအတွက်အိမ်ရှင်မကောင်း ပီသသလို ဖေဖေကကလည်း ဖခင်ဝတ်တရားကျေပွန်စွာ သားသမီးတွေလူအောက်မကျအောင် လိုအပ်တာ မှန်သမျှပံ့ပိုးပေးခဲ့တယ်။ဖေဖေ သားသမီးတွေ လိမ္မာယဉ်ကျေးအောင် ရွှေသွေးတို့မြတ်မင်္ဂလာတို့ ၀ယ်ဝယ်လာပီး ဖတ်ပြ ဆုံးမသွန်သင်ခဲ့သလို မေမေ ရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကလည်း
ရှင်းတို့ အသိပညာတိုးအောင် မမှားသင့်တာမမှားအောင်အမေက အမြဲ ဆိုဆုံးမတယ်။



မေမေ၊ဖေဖေတို့ကသားသမီးတွေ ကို အရမ်းစည်းကမ်းမတင်းကျပ်ပါဘူး ။ဘယ်လိုပုံစံနေရမယ်
ဘ ယ်လို လူတွေနဲ့ပေါင်းသင်းရမယ် အိမ်ထောင်ရေး၊ အချစ်ရေး အကြောင်း ပတ်ဝန်းကျင်က လူတွေနဲ့ ပုံခိုင်း ဆုံးမလေ့ ရှိတယ်။ အချစ်ကို ရှေ့တန်း မတင်မဖို့။ငယ်ငယ်ရွယ်ရွယ် ပညာမပြည်စုံဘဲ အိမ်ထောင်ကျတဲ့ မိန်းကလေးတွေအကြောင်းပြောပြတယ်။
လမ်းမှား မရောက်အောင်၊ ထူးချွန် ထက်မြတ်တဲ့ အမျိုးကောင်း သမီးလေးတွေ ဖြစ်အောင် အမြဲ သွန်သင်လေ့ ရှိတယ်။
မေမေက သိမ်မွေ့၊နှုးညံ့တယ်။ ဖေဖေကလည်းကြမ်းတမ်းတဲ့ စကားမျိုးဖေဖေ့ နှုတ်ဖျားမှ ဘယ်တော့မှ ကြားရလေ့ မရှိဘူး။
ရိုးသား အေးဆေးတယ်။ လောဘ နည်းပြီး သူတစ်ပါးကို အင်မတန်လည်း သည်းခံ တတ်တယ်။အားနည်းသူကိုလည်းအမြဲဖေးမကူညီတယ်။ဖေဖေ ကရှင်းတတိယနှစ်နောက်ဆုံးနှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။

"ဖေဖေက ရှင်းအတွက် တန်းဖိုးမဖြတ်နိုင်တဲ့မြင့်မိုရ်တောင်ကြီးတခုပါပဲရှင်။"
ဖေဖေဆုံးတော့မေမေက သမီးအားမငယ်ရအောင် ပညာဆက်သင့်နိုင်အောင် ပြောဆိုခဲ့တယ်။နှစ်သိမ့်မူပေးခဲ့တယ်။
မေမေ မေတ္တာတုနှိုင်းမရပါဘူး စာတွေနဲ့တောင် မဖွဲ့ဆို တတ်အောင်ပါပဲ။မေမေ နဲ့ သက်ဆုံးတိုင် ထာဝရနေချင်မိပါတယ်မေမေမေတ္တာကိုလည်း ထာဝရရချင်မိပါတယ်။ မေမေ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်း ပေးချင်တယ်၊
မေမေ့ကို စိတ်ချမ်းသာ စေချင်တယ်။ အမေ့ရဲ့ နောက်ဆုံး ခရီးမှာ အမေ့ အနားမှာ ပြုစု စောင့်ရှောက် အားပေး ချင်တယ်။
မေမေကို သိတတ်တဲ့ သမီး တစ်ယောက် ရှင်း ဖြစ်ချင်တယ်။
မေမေလို မြင့်မြတ်သော မိခင် တစ်ယောကပိုင်ဆိုင်ခွင့်ရခဲ့တာ ရှင်းအတွက်တော့ ကမ္ဘာ အပေါ်မှာ ကံအကောင်းဆုံး သမီး တစ်ယောက်လို့ရှင်း ၀မ်းသာမိပါတယ် ။မေမေ ရယ် နှစ်၊ လ၊ ရာသီတွေရဲ့ ကုန်ဆုံးချိန်က အညှာတာကင်းမဲ့ခတယ်နော်။
အမေရဲ့နူပျိုခြင်းတွေကို မညှာမတာ တိုက်စားခဲ့တယ်အမေရဲ့နဖူးပေါ်မှာ အစင်းရာတွေ ပေါ်နေပြီ။
ဒီလောကမှာ ရှင်းကိုဘယ်တော့မှ စိတ်မဆိုးတတ်တဲ့ တစ်ဦးတည်းသောသူဟာ မေမေပါ။
ဒီလောကမှာ ရှင်းအိမ်အပြန်ကိုလည်တမော့မော့နဲ့ အမြဲစောင့်ကြိုနေတတ်တဲ့ တစ်ဦးတည်းသောသူဟာမေမေပါ..
အမေရဲ့မေတ္တာ၊ အမေရဲ့ချစ်ခြင်းကြောင့်လူလောကမှာ ဒီလိုမားမားမတ်မတ်၇ပ်တည်နိုင်ခဲ့တာပါ မေမေ။
မေမေရှင်းကမေမေ့အတွက်ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး အလိမ္မာဆုံးသမီး မဟုတ်ခဲ့ပေမယ့်
မေမေက တော့ ကမ္ဘာပေါ်မှာရှင်းအတွက် မေတ္တာတရားအကြီးဆုံး၊ ရှင်းကိုနားလည်မှုအပေးဆုံးနဲ့ အနွေးထွေးဆုံးမိခင်ဖြစ်ခဲ့ပါတယ်မေမေရယ်။
မေမေရယ်ရှင်းနဲ့ အသက်ထက်ဆုံးနေနိုင်ပါစေ။
မေမေသက်တော်ရာကျော်ရှည်နိုင်ပါစေ။
ဇရာ ၊မရဏတရား ကို မလွန်ဆန်နိုင်လိုဖေဖေကိုဆုံးရှုံးခဲ့ရပြီနားလည်ပေမယ့်
မေမေ ဟာရှင်းအတွက် တော့ ထာဝရတည်ရှိနေစေချင်တာ ရှင်းဆန္ဒပါမေမေရယ်။

ကမ္ဘာလုံးရဲ့ လမ်းဆုံးဟာ ရှိကောင်းရှိနိုင်ပါသေးတယ်။ သားသမီးအပေါ်မှာ ထားရှိတဲ့ မေတ္တာလမ်းဆုံးဆိုတာ မရှိပါ။
လူသားအားလုံးရဲ့ စိတ်နှလုံးသားထဲမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရားလေးပါး အမြဲထာဝရရှိနိုင်ကြပေါစေလို့ ဆန္ဒပြုလျှက်.......

သားသမီးတိုင်းအတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးပါပဲ
မိဘတန်ဖိုး နှိုင်းဆမရ
မြင့်မိုရ်တောင်ပမာ
ဒီစာလေးနဲ့ မိဘတွေ ကျေးဇူးဖေါ်ပြလိုက်ပါတယ် ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ





No comments:

Post a Comment