Friday, January 11, 2013

မညိုးတဲ့...ပန်း♥

ခံစားချက်တွေနဲ့

ငါကဗျာတွေရေးတယ်

ကာရန်တွေနဲ့

ငါ့သံစဉ်ဖွဲ့တယ်။

ရင်ခုန်သံအချို့က

ချစ်တယ်လို့ဖွဲ့ဆိုတယ်

တချို့ကတော့

ချစ်တယ်လို့ဖွဲ့ဆိုတယ်

တချို့တချို့ကတော့

အသည်းကွဲကဗျာဖွဲ့ဆိုတယ်

ငါဖွဲ့တည်တဲ့အချစ်ဆိုတာ

ပိုင်ဆိုင်ခြင်းကိုမှ

လက်လှမ်းမမှီခဲ့တာဘဲ

ဝေးရာကိုလည်း မပြေးပါနဲ့တော့

မင်းမောနေမယ်။

တိတ်တခိုးအချစ်နဲ့

တိတ်တိတ်လေးခိုးကြည့်နေပါမယ့်

ငါအချစ်ကိုတော့

မတားဆီးလိုက်ပါနဲ့။

ငါ့ရင်ခွင်ဥယျာဉ်ထဲ

မပျိုးပါဘဲနဲ့ဝင်လာရောက်လာတဲ့

အချစ်သစ်ပင်

မင်းအတွက်ပျိုး

မင်းအတွက်ပွင့်လန်းနေလေရဲ့

နှုတ်ဖို့တော့မကြံရွယ်လိုက်ပါနဲ့

မပွင့်သေးဘဲညှိုးတဲ့ပန်းဘဝ

မဖြစ်ပါရစေနဲ့လား.... ချစ်သူ။

အားလုံးချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment