Showing posts with label အမှတ်တရနေ့တနေ့ကဗျာ. Show all posts
Showing posts with label အမှတ်တရနေ့တနေ့ကဗျာ. Show all posts

Wednesday, August 21, 2013

အာဇာနည်ကိုးဦး သွေးစွန်းတဲ့နေ



ဇူလိုင်မိုးဖွဲ

မိုးသည်းသည်းတွင်

ခြိမ့်ခြိမ့်သည်းသည်း

လျှစ်စီးဝင်းလက်

မိုးသည်းထဲတွင်

သွေးစက်သွေးပေါက်

သွေးအိုင်ထဲတွင်

အာဇာနည်သွေး

ဇူလိုင်လမှာ

သွေးစွန်းခဲ့ပြီ ။

ထို့နေ့ထိုရက်

အမှတ်ရဆဲ

ဇူလိုင် (၁၉)

တိုင်းပြည်လွတ်လပ်

ပြည်သူတို့တွက်

အာဇာနည်သွေး

မြေခခဲ့ပြီ

ဇူလိုင်လကား

သွေးစွန်းခဲ့ပြီ။

တစ်ပါးကျွန်စနစ်

နွံနစ်နေတဲ့

မြန်မာပြည်ကို

လွပ်လပ်ဖို့ရေး

ပြည်ချစ်ဗိုလ်ချုပ်

ဗိုလ်အောင်ဆန်းက

လက်ရုံးရည်စွမ်း

နှလုံးစွမ်းက

သူမတူအောင်

ရဲရဲတောက်၏ ။

သူနဲ့အတူ

အာဇာနည်ဘွား

သခင်မြ

ဒီးဒုတ် ဦဘချို

ဦးရာဇာတ်

မန်းဘခိုင်

မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း

ဦးဘ၀င်း

ဦးအုန်းမောင်

ရဲဘော်ကိုထွေး

အာဇာနည်တွေရဲ့

သမိုင်းပုံရိပ်

(၆၆)နှစ်မြောက်လည်း

သူ့တို့ဝိညာဉ်

မသေပျောက်ဘူး

အာဇာနည်မျိုး

သေမျိုးမရှီ

အာဇာနည်တိုင်း

သမိုင်းမသေပါ။

ဥသြသံနဲ့ 

တန်းတူဦးညွှတ်

ဒီဗိမာန်ရှေ့

ငါတို့ မျိုးဆက်သစ်တို့

အာဇာနည်ဘွားများအတွက်

မိုးယံထိတိုင်

သံပြိုင်ရွတ်ဆို

ဦးညွတ်ကြမယ်

ကျဆုံးလေပြီးသော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊
အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

Monday, August 19, 2013

သြဂတ်လ



သေမင်းကသွေးတွေဆာ
ကြယ်တွေကိုမှ
ဓါတ်ကျနေရော့လား
ဆာလောင်နေတဲ့သူမျက်လုံး
ရဲရဲကြီးတောက်နေလေရဲ့
ညဘက်ကျကောင်းကင်ကို
မော့ကြည့်ဖို့ သတ္ထိတွေမဲ့ကုန်ပြီ
သေမင်းရေ
သြဂတ်လကမင်းရဲ့လပဲလား
ကြယ်တွေကိုတဖြုတ်ဖြုတ်ကျဆင်းအောင်
မင်းပြုလုပ်ရက်တယ်
ကောင်းကင်ရဲ့ ကြယ်ရောင်
နေ့ခင်းမှာတော့ သိပ်မသိသာဘူး
ညတွေမှာကြယ်တွေပျောက်လို့
မိုက်သထက်မှောင်သထက်မှောင်လာပြီ
ညတွေ ဟာ ခါတိုင်းထက် ပိုမှောင်လာပြီ
နောက်ထပ် ဘယ်ကြယ်တွေ ခေါ်အုန်းမလဲ
ကြယ်တွေရယ် ခဏပုန်းနေပေးပါ
သေမင်းမြင်အောင်မနေပါနဲ
ကြယ်တွေရဲ့သွေးကိုဆာလောင်နေတဲ့
သြဂတ်လရဲ့သေမင်း
မင်းကိုသိပ်မုန်းတယ်
 
လေးစားလျက်
ရှင်းသန့်မေ

Wednesday, July 24, 2013

တမ်းတလွမ်းဆွတ်ဆဲပါ...ဖေဖေ




သေသောသူ

ကြာရင်မေ့စကား

မမှန်ပါလားဖေဖေ

ဘယ်ဘုံမှာရောက်နေပါ့

ဘယ်ဘ၀ကိုရောက်နေလဲ

ဖေဖေရယ်




အုတ်တံတိုင်းလို

ကာကွယ်တဲ့ဖေဖေ

ခုတော့သမီး

ဘေးမှာကူသူမဲ့

ကံတရားက

ထားရက်လေတယ်

ဖေဖေရယ်



ဖေဖေ၇ှိစဉ်

မေမေ့ရင်ခွင်မှာ

အပူအပင်မဲ့

တိုးဝှေ့ အစဉ်

ပြုံး၇ွှင်ခဲ့ရ

ခုတော့ အထီးကျန်

အားမာန်တွေလျော့ 

ဖေဖေ ကိုသာ

အစဉ် အောက်မေ့

နေ့ နေ့ ည ည လွမ်း

သမီး နွမ်းလှပြီ

လှည့် ကြည့် ပါဦး

ဖေဖေရယ်




အေးချမ်းတဲ့အရိပ်

မှန်းဆကာ

ပြန်လိုချင်ပေမဲ့ 

မရတော့ တာ

သိနေတာမို့

လောကဓံ တရားတွေကြောင့်

သမီးခံနိုင်ရည်မဲ့နေပြီ

ဖေဖေရယ်




ဘာလိုလိုနဲ့

ဖေဖေထားခဲ့တာ

မတ်လ(၂၇)ရက့်နေ့ဆို

(၉)နှစ်ပြည့်တောမယ်

ဖေဖေရယ်



သေသောသူ

ကြာရင်မေ့စကား

သမီးအတွက်မမှန်ပါဘူး

ဖေဖေရယ်

လွမ်းဆွတ်တမ်းတအောက်မေ့နေဆဲ...။



မတ်လ(၂၇)ရက်နေ့ဖေဖေ(၉)နှစ်ပြည့်အမှတ်တရ

စာဖတ်သူများအားအစဉ်လေးစားလျှက်

ရှင်းသန့်မေ

Friday, February 8, 2013

ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်...ယနေ့ထက်တိုင်မမေ့နိုင်ပါ



နှစ်(၆၀)လွတ်လပ်မှု့မဲ့

ဖိနှိပ်မှူ့ပြည့်လျှံ

လူနင်းပြားပြည်သူဘဝ

လွတ်လပ်ရအောင်

ကြိုးပမ်းကာဆောင်

အသက်သွေးချွေးပေးဆပ်ခဲ့တဲ့သူ

တိုင်းပြည်နဲ့လူမျိုးအတွက်

ငြိမ်းချမ်းတံခါးဖွင့်ပေးခဲ့သူ

လွတ်လပ်ရေးပန်းတိုင်စိုက်ထူပေးခဲ့သူ

အသိဥာဏ်တံခါးဖွင့်လှစ်ပေးသူ

စိတ်ဓါတ်ကိုအာဟာရဖြည့်တင်းပေးခဲ့သူ

ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်ပေးနိုင်ခဲ့သူ

အနိုင်မခံအရှုံးမပေးရဲရဲတောက်စိတ်ဓါတ်

လမ်းပြပေးခဲ့တဲ့

မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်

ပြည်သူများရဲ့ဖခင်

အခုဆိုရင်(၉၈)နှစ်ပြည့်တော့မယ်

အို...ဖခင်

သင်၏ကျေးဇူးကို

ကဗျာတွေစာစီကာပြပေမယ့်

ဖွဲ့ဆိုလို့မလောက်

ဂုဏ်သတ္တိထွန်းပြောင်လွန်းတာမို့

အဖေရေ...

အဖေမွေးနေ့ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်

ယနေ့ထက်တိုင်...မမေ့နိုင်ပါ

ဖခင်ဗိုလ်ချုပ်မွေးနေ့(၉၈)နှစ်မွေးနေ့အားလေးစားဂုဏ်ယူစွာ
ဤကဗျာဖြင့်သီကုံးဖွဲ့တည်သည်။

စာဖတ်သူများအားအစဉ်လေးစားလျှက်
ရှင်းသန့်မေ

Friday, January 18, 2013

အမျိုးပျာက်မှာစိုးရိမ်ပါရေ

အို လခြမ်းမြီ
တွီးတွီးပြီးကေ
နီထိုင်မရ
ဇာလောက်လူတိ
သီကတ်ကြလို့
ဇာပိုင်ဖြစ်လို့
ငါတို့ရီမြီ
ဇာပိုင်ဖြစ်ဗျယ်
မသိ
တွီးမီတိုင်းရင်လေးမိရေ
လခြမ်းမြီချေ
ဒေအချိန်မှာ
ငါရို့လေးဝတီ
စည်းလုံးပါမှ
ငါရို့လေးဝတီ
ညီညွှတ်ပါ
စည်းလုံးပါ
အစဉ်သတိဟိကတ်ပါ
ငါရို့ရခိုင်ပြည်အတွက်
အမျိုးပျောက်မှာစိုးမိပါရေ
အာရီယန်နွယ်ဖွားတိ
လက်တွဲမြဲမြဲတွဲကတ်မေ။
လေးစားပါရေ
ရှင်းသန့်မေ

♥♥♥ဇူလိုင်(2)ရက်ရယ်မင်းကိုငါကြိုနှုတ်ဆက်လိုက်တယ်♥♥♥

တစ်နှစ်ပြီး
တစ်နှစ်ကူးပြောင်း
ရက်မှလ
လမှနှစ်
တစ်နှစ်ပြီးတစ်နှစ်
ဖြတ်သန်းလာလိုက်တာ

အော်.....၀ါဆိုတောင်
ရောက်ပြန်ပေါ့
အငြိုးကြီးတဲ့မိုး
ဝါခေါင်

မိုးဖေါင်မိုးဖေါင်လို့

ဒီလိုအချိန် ဒီရာသီမှာ…

ဘ၀ကို အစ

မွေးဖွားခဲ့တယ်

မေမေ၀မ်းတွင်း
ကိုးလနေ

ဆယ်လရောက်မွေးဖွားပြီး

လူလောကအပြင်ဘက်ထဲ

ဇူလိုင်နှစ်ရက်နေ့အစပြုရောက်ခဲ့

ရက်၊လနှစ်တွေ

အလီလီရယ်ပြောင်း

လူလောက
လောကဒဏ်အလယ်
အနိမ့်တစ်လှည့်
အမြင့်တစ်လှည့်

ဟိုလိမ့်ဒီလိမ့်နဲ့

အခက်အခဲ
အတားအဆီး

အတိမ်းအရှောင် နဲ့

ကျော်ဖြတ်လာတာ

နှစ်တစ်နှစ်ထပ်ကုန်ဆုံးပြန်ပေါ့

အတိတ်ကိုလည်း

ပြန်ပြောင်းလို့လည်း

သတိမရချင်ဘူး

မဖြစ်ခဲ့တဲ့ဘ၀ကိုလည်း

မျှော်ပြီလည်း
မတမ်းတချင်တော့ဘူး

နုပျိုလက်ဆက်တဲ့

ငယ်ဘ၀ကိုလည်း

ထပ်လွမ်းမနေတော့ပါဘူး
ရှေ့ဆက်

ဖြတ်သန်းရမယ့်
လောကဓံက

မနူးညံ့ပေမယ့်

မပျော့ပျောင်းပါဘူး

မကြမ်းတမ်းပေမယ့်

ချောမွေ့မနေဘူး

ကံစီမံရာအတိုင်းပေါ့ကွယ်
ကျရာနေရာမှ
အနိုင်ကနိုင်ဖို့

အားလုံး သူ့အလိုကျ

စီးနင်းလိုက်ပါလာခဲ့တာ

အကျိုးတရားကြောင့်

အကြောင်းတရားရယ်

ဖြစ်လာတယ်
မွေးဖွားမယ်

သေဆုံးမယ်

မသေဆုံးသမျှ

မွေးနေ့ရက်ပေါင်းများစွာကို

ဖြတ်ကျော်နေရမှာပဲ

အခက်ပေါင်းများစွာကိုလည်း

တွေ့နေရမှာပဲ

မွေးဖွားခဲ့ပြီးပြီ

သေဆုံးဖို့

ကိုယ်ဆီကိုယ်ဆီ

ကိုယ်လမ်းကို
လျှောက်လှမ်းရမယ်

ဇူလိုင်နှစ်ရက်ရယ်

မင်းကိုငါ

လာနှုတ်ဆက်ပါတယ်

ငါ မဆုံးသေးတဲ့ခရီးကို

ဆက်သွားလိုက်ဦးမယ်....။
မွေးနေ့အမှတ်တရကဗျာ
မွေးဖွားပေးတဲ့အဖေနဲ့အမေ
ဦးထိပ်ထားလျှက်
လေးစားလျှက်
ရှင်းသန့်မေ

Friday, January 11, 2013

♥(၁၉)ဇူလိုင်..မေ့ပါနိုင်♥

ကြာခဲ့လေပြီ၊ ထိုနေ့ဆီသို့
အောက်မေ့တမ်းတ၊မမေ့ဘယ်ခါ
မြန်မာ့သမိုင်း၊ မှတ်တမ်းတွင်ခဲ့
ထိုနေ့ရက်ကို၊ မမေ့ဘယ်ခါ
ထိုလှိုင်းဂယက်၊ ပြင်းရိုက်ချက်ကြောင့်
အသက်ဇီဝိန်၊ ယူငင်လို့သွား
နိုင်ငံခေါင်းဆောင်၊ အာဇာနည်ကိုးဦး။
တစ်ဦးတစ်ယာက်အတွက်မဟုတ်၊အများအတွက်
သက်စွန့်ခဲ့တဲ့၊ ထိုသူတို့စိတ်
စိတ်ဝယ်လေးစား၊ ယူကျုံးမရ
ဖြစ်ရလေခြင်း၊ ခေါင်းဆောင်မင်းတို့
တိုင်းပြည်အရေး၊ သက်စွန့်ကျိုးလို့
တို့တွေ ကျွန်အောက် ၊လွတ်ခဲ့လေပြီ-
သူတို့ကြိုးပမ်း၊ သက်စွန့်ထမ်းလို့
ငါတို့တိုင်းပြည်၊ လွတ်လပ်ပါပြီ
မြန်မာ့အလံ၊ မိုးသို့လွှင့်လို့
ကမ္ဘာအလယ် ၊မြန်မာဟေ့လို့
 ပြည်လုံးကြွေးကြော်၊ပျော်မဆုံးလို့
ငါတိုမြန်မာပြည်၊ လွတ်လပ်ခဲ့လေပြီ။
ခေါင်းဆောင်ပီသ၊ထိုအာဇာနည်ကို
ဘယ်ခါမမေ့၊ နှစ်ပေါင်းများလည်း
ယနေ့ဝယ်၊ စဉ်မြဲလေးစား
၁၉ဇူလိုင်မေ့ပါနိုင်
သင်တို့အသက်ဇီဝိန်ချုပ်လည်း
ငါတို့စိတ်ဝယ်ဘယ်ခါမမေ့
ကမ္ဘာတည်သရွေ့
သင်တို့အသက်ရှိအုန်းမည်
သင်တို့နာမည်ရှိနေအုန်းမည်။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Saturday, February 18, 2012

***ဖေဖေါ်ဝါရီ(၁၃)ဟာ...ဗိုလ်ချုပ်မွေးနေ့ပါ***

ဖေဖေါ်ဝါရီ(၁၃)
ထိုနေ့ရက်တွင်
ကမ္ဘာကပင်အသိအမှတ်ပြုတဲ့

ပြည်ချစ်ဖခင်ကို
ရှေ့နေဦးဖာ၊ဒေါ်စုကမွေးဖွားပေးခဲ့


တိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်
အသက်ကွယ်ပေးလို့

လွတ်လပ်ရေးရဖို့အတွက်

တော်လှန်ရေးတရားတွေ

ဟောကြားပေးခဲ့

အာဇာနည်ပီသတဲ့
တို့ပြည်ချစ်ဖခင်

တော်လှန်ရေးတရားဟောရင်း

ပြည်သူအတွက်ကြိုးပမ်းရင်းနဲ့

ကျွန်ပ်တို့တိုင်းသူပြည်သားတွေအတွက်
စတေးအသက်
ပေးဆက်ခဲ့သူ ချစ်တဲ့ပြည်ချစ်ဖခင်
ဖေဖေါ်ဝါရီ (၁၃)ဆိုလျှင်
သူ၏အသက်(၉၇)ခုနှစ်ပြည့်ခဲ့လေပြီ
ကျွန်ပ်တို့မမေ့ပြည်ချစ်ဖခင်
မွေးနေ့ရက်ကို
အမြဲဂုဏ်ပြုလေးစားလျှက်ပါ
ပြည်ချစ်ဖခင်သေသော်ညားလည်းကျွန်ပ်တို့ရင်တွင်ဘယ်တော့မှမသေပါ
ထာဝစဉ်ကိန်းအောင်းနေမှာ
သည်နေ့ရက်ပါ
ဖေဖေါ်ဝါရီ(၁၃)ဟာဗိုလ်ချုပ်မွေးနေ့ပါ
နားတွင်အစဉ်ပဲ့တင်မည်လို့
သည်ကဗျာဖြင့်ဂုဏ်ပြုလိုက်သည်
ပြည်ချစ်ဖခင်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Friday, February 17, 2012

***မမေ့သင့်တဲ့နေ့လေး...တစ်နေ့***


သူငယ်ချင်းရေ....

ဖေဖေါ်ဝါရီ 14 ရက်က

ချစ်သူများနေ့တဲ့လား

အနောက်နိုင်ငံက အစပြုခဲ့တဲ့

နေ့ရက်တစ်ရက်

မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူး

မြန်မာတွေအထိမ်းအမှတ်နေ့မဟုတ်ဘူး

ငါတို့ရဲ့ချစ်ခင်လေးစားရတဲ့

ငါတို့ရဲ့ဖခင်

ငါတို့အတွက်အသက်ပေးသွားတဲ့

တို့ပြည်ချစ်ဖခင်

လွန်ခဲ့တဲ့နှစ်ပေါင်း(96)နှစ်က

ဖေဖေါ်ဝါရီ13ရက်နေ့မှာမွေးဖွား

တို့တိုင်းပြည်လွတ်လပ်ရေးအတွက်

အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

တို့ရဲ့ မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့

ချစ်ဖို့မေ့နေကြတာ

ရင်နာလိုက်တာကွယ်

ဖေဖေါ်ဝါရီ 13ရက်နေ့ကို

မမေ့ကြပါနဲ့

တိုင်းတပါးယဉ်ကျေးမူ

ဖေဖေါ်ဝါရီ14ရက်နေ့ကိုသတိရသလို

သူရှေ့ကဖေဖေါ်ဝါရီ 13ရက်နေ့

ဗိုလ်ချုပ်ဖခင်ကြီးမွေးနေ့ကိုတော့

မမေ့သင့်ပါဘူးကွာ...။
ဖေဖေါ်ဝါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ။

လေးစားလျှက်
ရှင်းသန့်မေ