Friday, January 11, 2013

♥♫အချစ်ဝေဒနာ♥♫

လာပါလို့လည်း
မဖိတ်မခေါ်
သူသာဝင်လာ
မနှင်ရက်ပဲ
သူထွက်သွား၏

ဝေဒနာ

ရင်မှာနာကျင်
မမေ့နိုင်ပဲ
ပူလောင်လှ၏

စိတ်တံခါးကို
ပိတ်ထားသော်လည်း
လွမ်းစိတ်ကမပျယ်
မှေးစက်မပျော်

ခြောက်လှန့်ကာနှိုး

တမ်းတစိတ်မပျယ်

အတွေးများက

ရက်စက်လှ၏

လွမ်းသူရင်မှာ
ဆောင်းနှင်းအအေး
ရင်တွင်းအပူ
ဟားတိုက်လှောင်၏

မေ့ရက်သူကို
မနာကျင်ပဲ
သူ့အတွက်
မေတ္တာတော်ထား
တောင်းဆုပြုလိုက်မိ၏
တစ်ချိန်ကချစ်ခဲ့မိသူ
.....ကျန်းမာပါစေ....

လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment