Friday, January 11, 2013

♥ငါအနား.....တည်ရှိနေပေးပါချစ်သူရယ်♥

လိုအပ်ချိန်တိုင်း
မင်းအနားမရှိနိုင်ပေမယ့်
ငါစိတ်က
မင်းရဲ့ဘေးမှာ အမြဲရှိပါတယ်….။
 
ငါတို့ဝေးနေပေမယ့်
မင်းအသံတွေကြားယောင်ဆဲ
ငါပတ်ဝန်းကျင်မှာ
မင်းအရိပ်နဲ့ပြည်နှက်နေတယ်။
 ဘယ်သူကပြောလဲ…?
အချစ်ကအနေဝေးသွေးအေးတယ်လို့
ငါတို့ဝေးနေပေမယ့်
မင်းရော ငါရော နားလည်မူနဲ့
သိပ်ချစ်ကြတယ်ဆိုတာ
သူတို့မှ မသိကြတာနော်….။
 
အရင်ကဆိုဆုံစည်းချိန်ခွဲခွာရတိုင်း
 သိပ်လွမ်းခဲ့ကြရတယ်လေ
ခုတော့…….
မင်းပုံရိပ်တွေပျောက်ဆုံး
မင်း ငါ့ကမ္ဘာထဲက
ဘယ်တော့မှမပျောက်ကွယ်ပါဘူး
ငါဆိုတာ ရှင်သန်နေသမျှ
မင်းကိုထာဝရသတိရနေမယ်ဆိုတာ
ယုံပေးပါကွယ်။
 မင်းမျက်ဝန်းထဲလည်းငါ မြင်နေတယ်
မင်းစကားသံလည်းငါ ကြားနေတယ်
ဘာမှထပ်မလိုချင်မိတော့ပါဘူး
အနေဝေးပေမယ့်လည်း
 ငါ့စိတ်ထဲမှာမင်းကို ချစ်တယ်….။
ငါ့ရဲ့ ဘေးနားမင်းမရှိလည်း
မင်းအချစ်တည်ရှိနေမယ်ဆိုတာ
ငါ ယုံကြည်နေမိတယ်
အမြဲတမ်းရှိနေပေးနော်…..။

ဘယ်သူမှမသိလည်းနေ
 အသိအမှတ်မပြုလည်းနေ
ငါတို့တွေပဲသိတဲ့
နားလည်ခြင်းတွေနဲ့
ငါတို့ချစ်ခြင်းအတွက်
တနငါတို့တူတူပုံဖော်
အနာဂတ်အတွက်
ဆက်ပြီးတည်ဆောက်ကြမယ်နော်….။
အနေဝေးနေပေမယ့်လည်းအရင်လိုပဲ
ငါအနားတည်ရှိပေးပါချစ်သူ 

အားလုံးကိုလေးစားလျှက်

ရှင်းသန့်မေ

No comments:

Post a Comment