Friday, January 11, 2013

♥စွယ်တော်ရွတ်...ပမာ♥

နှစ်လွှာတစ်ရွက်သာရှိတဲ့..

စွယ်တော်ရွက်လေးလို.......

တို့နှစ်ယောက်အသည်းကိုဆက်လို့.

အချစ်.ညာတံတခုထဲမှာပေါင်းဖက်

မေတ္တာတရားနဲ့

လောကဒဏ်ကို

အံတုရင်း

မိုးရွာလိုပဲ….စိုစို

နွေနေပူလို့ပဲ..ကြွေကြွေ

ဆောင်းနှင်းတွေစိုလည်း

တို့နှစ်ယောက်အချစ်ကခိုင်မြဲနေမှာပါ

တွဲလက်တွေမြဲမြဲခိုင်လို့
ဘ၀လောကဒဏ်ဘယ်လိုပင်ကြမ်းလည်း

တယောက်လက်တယောက်တွဲကာ

ဖေးမတွဲကူ

စွယ်တော်ရွက်လို

နှစ်လွှာမခွဲအတူတွဲလို့

ဘ၀ခရီးလမ်းမှာရင်ဆိုင်စို့ကွယ်

တို့နှလုံးသာနှစ်ခုကို

ဘယ်လိုအရာက
ဘယ်လိုပင်တားဆီးတားဆီး

မြတ်နိုးမှု့ ကိုယ်စီနဲ့ ပွေ့ဖက်

နားလည်မှုတရားထားပြီး

တို့နှစ်ယောက်နှစ်လွှာရွက်လိုခိုင်မြဲကြမယ်။


အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment