Friday, January 11, 2013

♥♥♥ကဗျာထဲမှာ.....သိမ်းထားတယ်♥♥♥

ချစ်သူရယ်......
မင်းအကြောင်းတွေးလိုက်တိုင်း
ကဗျာတွေဖြစ်ဖြစ်လာတယ်
မင်းကိုလွမ်းနေတာပဲဖြစ်ဖြစ်
မင်းကိုချစ်နေတဲ့အကြောင်းပဲဖြစ်ဖြစ်
ကဗျာတွေက
နှလုံးသားရဲ့ ဟိုထောင့်
 
ဒီထောင့် ကနေ
 
ထွက်ထွက်လာတယ်
 
မျှော်လင့်နေချိန်လည်း
 
မင်းအနားအမြဲရောက်ရောက်နေမိသလို
 
ကဗျာတွေကထွက်ထွက်လာတယ်ချစ်သူရယ်
 
ဘယ်လောက်ပဲဝေးနေဝေးနေ
 
အတွယ်အတာတွေ မှိန်မသွားခဲ့ဘူးနော်
 
များလာတဲ့အလွမ်းတွေကိုလဲ
 
ကဗျာထဲမှာသေချာထုပ်သိမ်းထားပါရဲ့ကွယ်။
 
ချစ်သူအတွက်ကဗျာတွေဖန်ဆင်းနေမိတယ်
 
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment