Friday, January 11, 2013

(((((နောက်ဆုံးချစ်သူ..ဖြစ်ခွင့်ပေးလှည့်ပါ))))))

ချစ်သူမျက်နှာ
ကဗျာလိုဖတ်
ကာရန်စပ်ဆို
တည်ကြည်အပြုံး
ချိုသာလွန်းလို့
နူးညံ့မူအစဉ်
ဘယ်မေ့နိုင်မလဲ.....လေ။

မေတ္တာချင်းယှဉ်
သူအမြဲနိုင်လို့
အချစ်သဒ္ဒါမိုး
 
ရွာကာသွန်းလို့

အရောင်မဆိုး

ရိုးရိုးမျက်နှာ

ပြစ်ကင်းစွဲမက်

မမုန်းတတ်စွာ

သူအကြင်နာကို

စွဲမက်မိကာ

့နှလုံးသားရဲ့ တစ်နေရာမှာ

အသေအချာနေရာယူသွားသူရယ်

မင်းအချစ်ကငါ့အတွက်

ပထမဆုံးမဖြစ်ရရင်တောင်

နောက်ဆုံးဖြစ်ခွင့်ပေးလှည့်ပါ။
 
 
လေးစားလျှက်
ရှင်းသန့်မေ
 

No comments:

Post a Comment