Friday, January 11, 2013

ခရေ...ဘဝ


မဖြစ်နိင်တာကိုချည်း
တွေး..တွေးပြီးပြောတာမဟုတ်ပါဘူး
ရွေး.. ရွေးပြီးလည်းမပြောပါဘူး
ခရေဆိုတာ...အကြွေပန်းရယ်ပါ

အကြွေပန်းရယ်မို့..မျက်နှာငယ်လွန်းလှ

ခဏခဏ…. မငိုပါရစေနဲ့။
ခဏ..ခဏအားငယ်တတ်တဲ့ငါ
ခဏခဏ…. အားမငယ်ပါရစေနဲ့

ခဏ..ခဏရယ်သံတွေက...ငါအတွက်လှောင်ရယ်သံ
ငါ့ရယ်သံတွေ.ငါလမ်းမှာပျောက်ရှလို့

ငါ့တက်ကြွမှုကို.. ငါပြန်ရှာလို့မရ

ပတ်ဝန်းကျင်မှာ... ငါတစ်ယောက်တည်းပျောက်ဆုံး

  ငါကပဲ ...အဝေးဆုံးဖြစ်နေခဲ့တယ်။
လူအများ..ခြေဖမိုးအောက်မှာ

ငါ...ဘ၀...ပျောက်ဆုံး။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment