Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Friday, June 26, 2015
#‪#‎လွယ်လွယ်မရနိုင်သောအရာ‬
ဘဝမှာလွယ်လွယ်ကူကူမရရှိနိုင်သည့်အရာထဲမှတခုကိုပြောပါဆိုလျှင်အောင်မြင်မှုပင်ဖြစ်သည်။
တန်ဖိုးကြီးမားသော အရာအားလုံးအတွက် ပေးဆပ်ခြင်းများ ကြုံရမှာ ဖြစ်ပါသည်။ ဒီလိုအချိန်မှာ ခံနိုင်မှု စွမ်းရည် ဇွဲဆိုတာ အထူးအရေးကြီးလှပေသည်။ဒီတော့စာဖတ်သူအ
နေဖြင့်အောင်မြင်ချင်လား။
ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်တော့ဘာတွေလုပ်ဆာင်ဖို့လိုမလဲဘာတွေရှောင်ကြဉ်ရမလဲဆိုတာ အရင်ဆုံး သိမှတ်ထားသင့်ပါသည်။
အောင်မြင်မှုဆိုတာ ပြောတော့သာ လွယ်တာရယူနိုင်ဖို့တော့အခက်သားလား။
လူသားတွေဆိုတာကလည်း အောင်မြင်မှုလိုချင်တတ်ကြတာခံနိုင်ရည်စွမ်းရည်ကနည်းသား
။အောင်မြင်မှုရရင်တော့အလွန် ပျော်ရွှင်နေတတ်ကြပြီး ရှုံးနိမ့်မှုကို ကြုံရင်တော့ စိတ်ပျက်အားငယ်ခြင်းများနှင့် အချိန်အ
တော်ကြာကြာခံစားတတ်ကြတာမဟုတ်လား။
အောင်မြင်မှုဆိုတာအခုရေတွင်းတူးပြီး ယခု ရေကြည်သောက်လို့ မရနိုင်ပါဘူး။အောင်မြင်မှုကို ရရှိဖို့အတွက် အချိန်တွေ၊ နှစ်တွေ မြှုပ်နှံထားရသည်။
မိမိကိုယ်တိုင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်သလိုအောင်မြင်မှုလမ်းကြောင်းထဲမှာစိတ်ရော လူရော နှစ်မြှုပ်ထားဖို့လည်း လိုအပ်ပါသည်။
မိမိကိုယ်တိုင်ကဘယ်လိုအောင်မြင်မှုကို လိုချင်သလဲ ဆိုတာမိမိကိုယ်တိုင်ပဲသိနိုင်မည် ဖြစ်ပါသည်။ အောင်မြင်မှုလိုချင်ရင် ပန်းခင်းလမ်းပဲ
လျှောက်ချင်လို့မရနိုင်ပါ။တောင်ပေါ်တတ်သင့်တတ်ရမယ်။တောထဲဖြတ်ချင်ဖြတ်ရမယ်။
ကန္တာရထဲလျှောက်သင့်လျှောက်ရမည်။လွယ်လွယ်နဲ့တော့အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။
အောင်မြင်ဖို့ရာအတွက်အရင်ဆုံး အောင်မြင်သူတွေရဲ့ နည်းနာတွေ၊ ဆောင်ရွက်ချက်များနှင့် လိုက်နာချက်များ
ကိုအတုယူလေ့လာမှတ်သားရမည်။
အခက်အခဲရင်ဆိုင်ရတိုင်းအတွေ့အကြုံအဖြစ်မှတ်ယူရမည်။
စာဖတ်သူကိုယ်တိုင်က အောင်မြင်ရမယ်လို့ စိတ်ထဲမှာ မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ချက် ချထား ရမည်။ ဘယ်အရာမဆို ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို
ငါလုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို ထားရှိရမည်။ဒီနေ့လုပ်ဆောင်ရမည့်အရာကိုနောက်နေ့မရွေ့ဆိုင်းပါနဲ့။ဒီလိုလုပ်ဆောင်သွား
မယ်ဆိုသင့်အတွက်အောင်မြင်မှုကပိုမိုနီးကပ်လာပြီလို့ သတ်မှတ် ထားပါ။
အောင်မြင်ရန်အတွက် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ထက်သန်ပြင်းပြတဲ့ စိတ်ဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ကို မိမိပြင်းပြင်းပြပြယုံကြည်ရမှာဖြစ်ပါတယ်။ လျော့တိလျော့ရဲစိတ်နဲ့ပြီးစလွယ်လုပ်မယ်ဆိုရင် အောင်မြင်ရန် မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင်ကယုံကြည်မှုမရှိဘူးဆိုရင်အောင်မြင်မှုဆိုတာဘယ်တော့မှဖြစ်မလာပါဘူး။
အောင်မြင်ရန်အတွက် အရေးကြီးဆုံး ပထမအချက်
်က ထက်သန် ပြင်းပြတဲ့စိတ်ဖြစ်သလိုဒုတိယ
အချက်က မိမိကိုယ်တိုင်ယုံကြည်ရမည်။
ယုံကြည်မှုဆိုတာငါလုပ်နိုင်တယ်။ငါဖြစ်နိုင်တယ်။ဒီလိုစိတ်ဆန္ဒရှိသူတစ်ယောက်ကအောင်မြင်မှုနဲ့
ဘယ်လိုမှမလွဲနိုင်ပါ။
အောင်မြင်မှု အတွက်ပြင်းပြတဲ့စိတ်ဓာတ် ထက်သန်သောဇွဲရှိမယ်ဆိုလျှင်
ဘယ်လိုခက်ခဲမှုမျိုးမဆိုဖန်တီးနိုင်မည်ဖြစ်သည်။
ခက်ခက်ခဲခဲဖြင့်ကြိုးပမ်းရယူထားသောအောင်မြင်မှုသည်လည်း ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါသည်။ ထို့ကြောင့် အောင်မြင်မှုပန်းတိုင်ဆိုတာ
လွယ်လွယ်နဲ့ရနိုင်သောအရာမဟုတ်ပါ။
ကျွန်မတို့၏ အောင်မြင်မှုသည်ကျွန်မတို့လက်ဝယ်
တွင်သာရှိပါသည်။စာဖတ်သူအနေဖြင့်
အောင်မြင်ချင်လားရှူံးနိမ့်ချင်လားဆိုတာမိမိအပေါ်မှာသာမူတည်ပါတော့သည်။
လေးစားလျက်
ရှင်းသန့်မေ
Shin Thant May's photo.
Thursday, January 16, 2014
မိခင်တစ်ယောက်ခွန်အား
အိမ်ထောင်ကျပြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ နေ့လရက်နှစ်တွေ တဖြည်းဖြည်းသာကုန်ဆုံးသွားခဲ့သည်။
ခုထိကျမတို့နှစ်ယောက်မျှော်လင့်စောင့်စားနေတဲ့တစုံတယောက်မရောက်လာသေးပေ။
မျှော်လင့်ခြင်းများစွာဖြင့်တစုံတယောက်လေးကိုမျှော်နေမိသည်။
ကျမတို့အိမ်ထောင့်ရှင်သည်ဘ၀မှာအိမ်ကို ရောက်ရှိလာတဲ့ဧည့်သည်ပေါင်း
များစွာကို ကြိုဆိုခဲ့ဘူးပါသည်။ဒါပေမယ့် သူသာ ကျမတို့ဘ၀ထဲရောက်လာမယ်ဆိုဒီကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ပြပါဆို ကျမတို့နှစ်ယောက်ဖြစ်မည်ထင်
သူ့အရိပ်မမြင်ရသေးဘူး သူပုံ မမြင်ရသေးဘူး သူအသံ မကြားရသေးဘူး ဒါပေမယ့်ကျမရင်ထဲ
ကျမသွေးထဲကဖြစ်တည်လာမယ့်မမြင်ဘူးသေးတဲ့ကျမ သွေးရည်ကြည်လေးကနေ ဖွားသန့်စင်လာမဲ့ သူကလေးကိုကျမတမ်းတနေမိသည်။
သူလေးကလှပမလား ဆိုးသွမ်းနေမလား ခန့်ညားထည်ဝါ လှပလွန်းသူ
အသိဥာဏ်တွေဖွံ့ဖြိုးသူမျိုးလေးလားဖြစ်မလာ့း  ချစ်မြတ်နိုးအောင် ပျော်ရွှင်မူ့တွေ သယ်ဆောင် ယူလာသူလေးလားမသိပေမယ့် ကျမတို့ သူ့အကြောင်း ငေးမျှော်နေမိတာလဲ အခါခါပါပဲလေ ။
ကျမရင်ထဲကဖြစ်တည်လာမယ့်သွေးရည်ကြည်လေးရေ မမြင်ရခင်ထဲက မအိပ်ခင်တွေရော အိပ်ပျော်သွားတဲ့အိပ်မက်တွေထဲမှာရော မမြင်နိုင်သေးတဲ့သွေးရည်ကြည်လေးအကြောင်း
စဉ်းစားနေမိတာလည်းအခါခါပါပဲလေ ။
သွေးရည်ကြည်လေးရေ ဒီနေ့အပျော်ဆုံးနေ့ပါပဲ သွေးရည်ကြည်လေးစတင်ရောက်ရှိတဲ့နေ့လေးကို
ပျော်နေမိသည်။
သွေးရည်ကြည်လေးရေ မေမေရဲ့ အပြုံးကသွေးရည်ကြည်လေးကိုအရိပ်ထင်စေတယ်ပြောလို့မေမေအမြဲပြုံးနေသည်။
သွေးရည်ကြည်လေးရေ မေမေအစပ်စားရင် သွေးရည်ကြည်လေးဥပါဒ်ဖြစ်လို့မေမေမစားဘူးကွယ်။
မေမေပန်းအလှတွေကြည့်သည် မေမေသွေးရည်ကြည်လေးအားရှိအောင် ခြေလေးချောင်းရှောင်ထားပေမယ့် သွေးရည်ကြည်လေးအားရှိအောင် အမဲပြုတ်ကြော်ခဏခဏစားဖြစ်သည်။
မေမေစိတ်စဉ်တွေ အေးမြနေအောင် မေတ္တာသုတ်တွေရွတ်ဖတ်နေမိသည်
မေမေ့ရဲ့သွေးရည်ကြည်လေးရေ မေမေဆီရောက်ရှိချိန်ကစပြီး လိုအပ်တဲ့ လက်ဆက်သန့်ရှင်းတဲ့ ရနံ့တွေကို ရူရိုက်ရင်းနေ့တိုင်းလမ်းလျောက်သည်။
သွေးရည်ကြည်လေးရေ မမြင်နိုင်ခင်ထဲကတောင် ငါ့တိုနှလုံးသွေး ပိတီတွေ အစွမ်းကုန်
မြူးတူးခုန်ပေါက်နေတာ မြင်သာမြင်ရရင်တော့ ဟိုကောင်းကင်ယံက ပြည့်ပြည့်ဝန်းဝန်း လမင်းတောင် ငိုဆင်းရမည်။
သွေးရည်ကြည်လေးရဲ့ဖေဖေကလည်း သွေးရည်ကြည်လေးဘေးမခအောင်
စောင့်ရှောက်လွန်းလို့ တခါတလေမေမေကိုယ်တိုင် မနာလိုဖြစ်မိသေးသည်။
သွေးရည်ကြည်လေးကို မနာလိုတာမဟုတ်ပါဘူးကွယ်။
မေမေလည်း မေမေ့ရဲ့ လှူပ်ရှားမူ့ တစုံတရာကြောင့် နာကျင်သွားမလား အနေအထိုင်ကျပ်တည်းသွား
မလား ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ မေမေရဲ့ လွတ်လပ်မူ့တွေ အာသီသတွေ
အနေအထိုင် အစားအသောက် အသွားအလာ အားလုံးကို ထိန်းချုပ်ရင်းနေမိသည်။
သွေးရည်ကြည်လေးရေ မေမေအိပ်လိုက်လို ပိများပိသွားမလား ဘေးတစောင်းနေရင် ကော
ထိခိုက်လေးမလား ထိုင်ဖန်များရင်ကော ညောင်းနေမလား အမျိုးမျိုးတွေးတောရင်း
ထိမိခိုက်မိမှာကိုလည်း စိုးရိမ်နေသေးရဲ့ ။
သွေးရည်ကြည်လေးက တဖြေးဖြေး အတောင်အလက်စုံကြီးထွားလာတော့ မေမေဗိုက်လေးကိုကန်တတ်လာသည်
မေမေဗိုက်ကိုကန်ရင်လေ မေမေတမျိုးပီတိဖြစ်မိသည်။
ကျန်းမာလို့သွေးရည်ကြည်လေးကန်နိုင်တာ ဖွံ့ဖြိုးလို့ဆိုတဲ့အတွေးနဲပျော်ရွှင်နေမိသည်။
သွေးရည်ကြည်လေးရေ ဗိုက်ထဲဘ၀မှာထဲက ဘယ်လိုအ၀တ်ဝတ်ပေးမယ် ဘယ်လိုကျောင်းမှာထားမယ် ဘယ်လိုလေးတော့ လုပ်ပေးမယ် အတွေးတွေနဲ့ရူးနေရင်းပေါ့။
လူလောကမရောက်ခင်တည်းက အတော်ဆုံးလူသားလေးဖြစ်အောင် ၀ီရိယ ဇွဲသတ္တိစိတ်ကောင်းတဲ့ သူလေးဖြစ်အောင် မေမေတို့ဘယ်လိုကြိုးစား
ရပါ့မလည်းပေါ့ ။
မိုးတွေတဖြောက်ဖြောက်ကျလာပြီ။မိုးရနံ့လေးတွေသင်းနေတဲ့ ဒီလလေးမှတ်မှတ်ရရနေ့လေးဖြစ်ခဲ့သည်။
ဒီနေ့ဆို ကိုးလလွယ်ဆယ်လပြည့်တဲ့နေ့လေးပေါ့။
ဒီနေ့လေးမှာပဲသွေးရည်ကြည်လေးကို မြင်တွေ့ခွင့်ရတော့မည်။
ဇူလိုင်မိုးသည်းထဲဝင်ရောက်လာတဲ့ သွေးရည်ကြည်လေးကို ဘာနာမည်ပေးရကောင်းမလဲ။
မမြင်တည်းကရူးနေမိသည်။ယောကျာ်းလေးလား မိန်းကလေးလားလည်းမသိပေ။
ဒီနေ့ မေမေသွေးရည်ကြည်ကလေးကို မြင်ရမည့် နေ့ကိုရောက်လာပါပြီ ။
မေမေ ခန္ဓာကိုယ်ကြီး ခွဲစိတ်ခန်းစင်ပေါ်ရောက်တော့မည်။
သွေးရည်ကြည်ကလေးကို ပထမဆုံးမြင်တွေ့ရမဲ့ ရင်ခုန်သံကို မေမေ ပြောမပြတတ်ပါဘူး ။
ရည်စားထားတုန်းကရင်ခုန်သံနဲလည်းမတူ ဖေဖေမေမေဆူလို့ရင်တုန်ခဲ့ရတာနဲလည်းမတူ
စိတ်ခံစားမူ ထူးခြားလှသည်။
သွေးရည်ကြည်လေးရေ၀မ်းဗိုက်ထဲက နာကျင်မူ့ကြောင့် မေမေရဲ့မျက်နှာနာကျင်ချင်နာကျင်နေလိမ့်မည်။
မေမေသွေးရည်ကြည်လေးကို နွေးထွေးစွာကြိုဆိုနေပါတယ်နော်။
ကလေးမွေးဖွားတဲ့မိခင်လောင်းတွေက ကလေးမွေးဖွားမယ်ဆို သချိုင်းကိုမျက်စောင်းသုံးခါပစ်သည်တဲ့ ခုလည်း မေမေချွေးသီးချွေးပေါက်တွေ
ဟာ ရေချိုးထားသလို တကိုယ်လုံးစိုရွှဲလို့ပေါ့ ။ ခါးတွေကို မေမေညှစ်လိုက်ချင်ပေမဲ့ မေမေရဲ့ သွေးကလေး ဗိုက်ထဲမှာ ရှိနေတယ်ဆိုတဲ့ အသိတရားတခုကြောင့် နာကျင်မူ့တွေကို မြိုသိမ့်ပြီး ပြင်းထန်လွန်းတဲ့ ဝေဒနာ ကိုဇောချွေးတွေနဲ့ မွန်းကျပ်စွာမြိုသိမ့်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တာများ မေမေ့ရဲ့ သွားတွေ ကျိုးကြေမတတ်ပါပဲလေ ။
မေမေဘုရားတနေမိသည် ဆုလည်းတောင်းနေမိသည် မေမေမွေးဖွားခန်းထဲ မ၀င်ခင်တည်းကလည်း သားဖွားဆရာမကို
မေမေ ဖြစ်ချင်ရာဖြစ်ပါစေတော့ မေမေ့သွေးရည်ကြည်ကလေးကိုသာ အပြင်ဘတ်
ရောက်အောင် ခေါ်ဆောင်ပေးကြပါတော့လို့ တောင်းဆိုခဲ့မိသည်။
ဒီအချိန်မှာ မေမေ့အသက်ကို စွန့်ရလည်း စွန့်ဖို့ အဆင်သင့်ပါပဲ ။ သွေးရည်ကြည်ကလေးကို လူလောကထဲချောချောမောမော ရောက်စေချင်တာပါ ။
မေမေ လောကကြီးနဲ့ ပြန်ချိတ်ဆက်မိလိုက်တဲ့ ခနမှာမေမေ မေ့ဆေးပြယ်ချိန်မှာကြားလိုက်ရတဲ့အသံ
မိန်းကလေး မိန်းကလေးဆိုတဲ့အသံနှင့်အတူ
"အူဝဲ အူဝဲ"ဆိုတဲ့အသံလေးကသွေးရည်ကြည်လေးရဲ့အသံလေးလား
မေမေရဲ့ မျက်ရည်စတွေပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ရသည်။ဝမ်းနည်းလို့ကျတဲ့မျက်ရည်မဟုတ်ပါဘူး။
ကလေးရယ်ဝမ်းသာပီတိကျရတဲ့မျက်ရည် မြန်မာမိန်းကလေးတစ်ယောက်ကိုမွေးဖွားခွင့်ရတဲ့ မိခင်တစ်ယောက်ကျတဲ့မျက်ရည်စပါပဲ။
မေမေနာကျင်ပေမဲ့ မေမေ့ သမီးလေးကို "သမီး"လို့ခေါ်လိုက်တဲ့အချိန်မှာပဲမေမေနာကျင်မူ
ရေမှုန်ရေမွှားလေးများလိုလွင့်စင့်ပပျောက်သွားခဲ့သည်။
ဒါမိခင်တစ်ယောက်ရဲ့ခွန်အားပေါ့။
ပြာသိုလပြည့်နေ့အမှတ်တရ
ဤစာဖြင့်မွေးမိခင်အားပူဇော်ကန်တော့လိုက်ပါသည်။မိခင်အပေါင်းတို့အားဂုဏ်ပြုလိုက်ပါသည်။
လေးစားလျက်
ရှင်းသန့်မေ
Tuesday, December 24, 2013
(ဖေါက်ပြန်မူ့)
လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တတ်သလို ဖေါက်ပြန်မူဆိုတာမျိုးကလည်း နှစ်ဖက်တီးမှမြည်တတ်တဲ့သဘောမျိုးပါ။
မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ်ကိုယ့်မှာခင်ပွန်းဖြစ်စေ၊ မိန်းမဖြစ်စေ ရှိနေတာကိုတခြားမိန်းကလေး၊ယောကျာ်းလေးတစ်ယောက်ကိုနောက်ကွယ်တွင်ဖြစ်စေ ရှေ့တွင်ဖြစ်စေ လိုတာထက်ပိုမိုပေါင်းသင်းဆက်ဆံလိုက်ခြင်းသည်
ဖေါက်ပြန်ခြင်းပင်ဖြစ်သည်။
ယောက်ျားတစ်ယောက်ရဲ့ ဖောက်ပြန်မှုမှာ တခြားမိန်းကလေးတစ်ယောက်ပါဝင်နေပြီဆိုလျှင်ဒါကလည်းဖေါက်ပြန်မူပင်ဖြစ်သည်။
ဒီလိုပါပဲမိန်းကလေးတစ်ယောက်ရဲဖေါက်ပြန်မူမှာ တခြားယောကျော်းလေးပယောဂ ပါဝင်တယ်ဆိုလျှင်လည်းဒါကလည်းဖေါက်ပြန်မှူပင်ဖြစ်သည်။
တချို့ယောက်ျားတွေက" ယောကျာ်းကောင်းမောင်းမတစ်ထောင်"ဆိုတဲ့ စကားကို လက်ကိုင်ထားကြသည်။
တချို့မိန်းကလေးတွေက "ရည်စားတစ်ထောင် လင်ကောင်တစ်ယောက် "
ဆိုတဲ့စကားကိုလက်ကိုင်ထားကြသည်။
ကိုယ့်မှာဆိုင်သူရှိနေပါလျှက်နဲ့ အညှာလွယ်တတ်တဲ့မိန်ကလေးတွေသူတို့အားအထာပေးနေတဲ့မိန်းကလေးတွေကို အလွယ်ရတယ်ဟု ယူဆလို့ရသော မိန်းကလေးများကို ချဉ်းကပ်တတ်ကြသသည်။
ထိုသို့ချဉ်းကပ်ခြင်းကိုခံရသော မိန်းကလေးတချိုကလည်း မိန်းမရှိမှန်းသိသိ ရည်စားရှီမှန်းသိသိနှင့်လှည့်စားခံလိုသူများရှိသလို မသိလို့လှည့်စားခံသူများရှိသည်။
တချို့ကမိန်းကလေးယောကျာ်းးလေးများက မိန်းမရှိမှန်းသိသိ ခင်ပွန်းရှိမှန်းသိသိနှင့်တွေ့လား သူ့မှာ မိန်းမရှိရက်နဲ့ ငါ့ကို လိုက်နေတယ်လို့ ဂုဏ်ယူပြောတတ်ကြသည်။
မိန်းကလေးဆိုတာ မိမိကို နှစ်သက်မြတ်နိုးတဲ့ လူရှိလာပြီဆိုရင် စဉ်းစားတတ်တာသဘာဝပါ။
ဒါပေမယ့်သူ့မှာ ရည်းစားရှိလျှက်၊ မိန်းမရှိမှန်းသိသိနှင့် စနောက်ခြင်းကိုဖြစ်စေ အတည်ဖြစ်စေ ၀င်ရောရင်း ထိကပါးရိကပါးပြောလာပြီဆိုရင်တော့ဒါဟာ သူ ကိုယ့်ကို ရမလားဆိုတဲ့ သဘောမျိုးနဲ့ လက်တည့်စမ်းလိုက်ခြင်းပဲ ဖြစ်တာကိုမတွေးပဲဒါကိုသာယာပြီးကိုယ်ချင်းစာစိတ်မရှိပဲ သူတပါးမိသားစု သူတပါးရည်စားကြားမှာ ဖျက်လိုဖျက်ဆီးလုပ်တာ ဂုဏ်ယူစရာကောင်းပါသေးရဲ့လား။ဝံ့ကြားစရာလုပ်ရပ်ဖြစ်မည်ထင်လား။
ကိုယ့်ကိုအထင်သေးလိုဒီလိုပြောဆိုတာကိတွေးသင့်သည်။သက်ဆိုင်သူရှိနှင့်ပြီးသား လူရဲ့လာရောက် ပတ်သက်မှုကို ရှောင်ကျဉ်တာ အကောင်းဆုံးပါပဲ။
တကယ်လို့ အစ ပထမက ကိုယ်မသိခဲ့လို့ လိမ်ညာခံလိုက်ရတယ်ပဲထား…သူ ဒီလိုတွေ ကိုယ့်ကိုလုပ်နေတယ်ဆိုတာ သိလိုက်ရင်ပဲ ရှေ့တိုးဖို့မလိုတော့ပေ။
ဒီလိုလူကိုကိုယ်ကချစ်တယ်ပဲထားခွင့်လွတ်နိုင်တယ်ပဲထားတဘက်မိန်းကလေးအပေါ်မှာလည်း သစ္စာမဲ့ရာကျသလို ဒါကလူမူရေးဖေါက်ပြန်မူ့တစ်ရပ်ပင်ဖြစ်သည်။
ကိုယ့်ကိုကိုယ် သူ့ရဲ့ ဒုတိယမြောက်ရည်းစား အဖြစ် တန်ဖိုးချလိုက်ရာလည်းရောက်ပါသည်။
ကိုယ့်ကိုကိုယ် သူ့ရဲ့ ဒုတိယမြောက်မိန်းမအဖြစ် တန်ဖိုးချလိုက်သလိုလည်းဖြစ်ပါသည်။
တချို့မိန်းကလေးတွေအလှဂုဏ်တတ်ကြသည်။သူတို့ စိတ်ဝင်စားတဲ့ အမျိုးသားက ရည်းစားရှိနေပေမယ့် မိန်းမရှိမှန်းသိသိနှင့်ကိုယ့်အလှနဲ့ရည်းစား ရှိနှင့်ပြီးသားလူ၊ မိန်းမရှိပြီးသားလူကိုညှို့ယူတတ်ကြသည်။
သူများယောကျာ်း သူများရည်စားကို သူများဆီကလုယူပြီး မိန်းကလေးအချင်းချင်း ကိုယ်ချင်းမစာခဲ့တဲ့လုပ်ရပ်အပေါ်ဂုဏ်ယူတတ်နေကြသေးသည်။
သူများရည်းစားလုတဲ့ မိန်းမ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ကြည့်ပြီး တီးတိုး တီးတိုး ဝေဖန် ပြောကြမယ့်ဒဏ်တွေရင်ဆိုင်ကြလာမယ်ဆိုတာတွေးသင့်ပါသည်။
ဝဋ်ဆိုတာလည်စမြဲပါ။ကိုယ်ကသူများဆီကလုယူထားတဲ့အရာကိုကိုယ်လည်းနောက်ထပ်ဒီလိုခံစားရမည်ဖြစ်သည်။
ထိုမိန်းကလေး ထိုယောကျာ်းလေးနေရာတွင် ကိုယ်မဟုတ်ဘဲ ကိုယ့်အစ်မ၊ ကိုယ့်အကို၊ ကိုယ့်မောင်၊ကိုယ့်ညီမ တစ်ယောက်သာဖြစ်နေမယ်ဆိုရင်ဆိုတဲ့ အစားထိုးမှု ကိုယ်ချင်းစာမှုမျိုးလေးထားရှိမယ်ဆိုဒီလိုဖေါက်ပြန်တဲ့လုပ်ရပ်တွေမဖြစ်လာနိုင်တော့ပေ။
အချစ်ဆိုတာကလည်း ခန့်မှန်းရခက်တာမို့ ရည်းစားရှိတဲ့သူကို မချစ်ရလို့ မတားမြစ်လိုပေမယ့် လုယူပြီးမှ ပျော်ရမယ့်အချစ်ထက် မိန်းကလေးပီပီ သိက္ခာရှိရှိ ထိန်းထိန်းသိမ်းသိမ်းချစ်တတ်ခြင်းကမှ ကိုယ့်ကိုယ်ကိုလေးစားသလို ကိုယ်ကိုယူမယ်လက်ထက်မယ့်လူကလည်းကိုယ်ကိုအထင်ကြီးလေးစားမည်ဖြစ်သည်။
လွယ်လွယ်ရလွယ်လွယ်ယူ လွယ်လွယ်ပြောင်းတတ်တဲ့အရာသည်ကြာရှည်တည်မြဲမည်မဟုတ်ပေ။
စိတ်ရဲ့စေစားရာကို ဆင်ခြင်တုံတရား မဲ့စွာပြုမူကြမယ်ဆို ပတ်ဝန်းကျင်မှာရော မိဘသိက္ခာ မိမိအပေါ်လူအထင်သေးမူများရောက်ရှီလာမည်ဖြစ်သည်။
လူဆိုတဲ့အမျိုးကကိုယ့်ကိုကိုယ်ယုံကြည်မူလွန်ကဲတတ်ကြသည်။ “ငါနဲ့ကျရင်တော့ ခြေငြိမ်မှာပါ ”"ငါနဲ့ကြရင်တော့ ပြုပြင်လိုရမှာပါ"
ဒီလိုယုံကြည်မူလွန်ကဲခြင်းသည်မှားမည်ဖြစ်သည်။မထင်ပါနဲ့ ခြံကျော်ဖူးတဲ့ သူဟာ အခါအခွင့်သင့်သလို နောက်ထပ်ခုန်ကျော်ခွင့်ရဖို့ အရေးမြင်ရင် ကိုယ့်ကိုလည်း ထားခဲ့ဖို့ ၀န်လေးနေမယ့်သူမဟုတ်ပေပ။
မိန်းကလေးတွေအနေနဲ့ ထိုလို ယောက်ျားတစ်ယောက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရည်းစားလုဘက်အဖြစ်သက်မှတ်ပြီး အမုန်းပွားနေတာမျိုးလည်း ပတ်ဝန်းကျင်မှာဒုနဲ့ဒေးပင်။
အသစ်တွေ့လို့ အဟောင်းမေ့တတ်တဲ့ ယောက်ျားမျိုးကို မက်မက်မောမော တွယ်တာနေစရာမလိုသလို ကိုယ်က သူ့အတွက် အသစ်ဆိုရင်လည်း တချိန်မှာ အဟောင်း ဖြစ်လာဖို့ကလည်း ကျိန်းသေလုနီးပါးဖြစ်နေတာမို့ ထိုလိုယောက်ျားမျိုးကို ရှောင်ကြဉ်သင့်သည်။
မိန်းကလေးအချင်းချင်းကိုယ်ချင်းစာစိတ်မရှိပဲ “ကိုယ့်လူကိုယ်ထိန်းပေါ့ ”လို့ ပြောမယ့်အစား ကိုယ့်အဆင့်အတန်းကို ဖော်ပြပြီး ငြင်းပယ်သင့်သည်။
ကိုယ့်ချစ်သူရဲ့ အမူအယာတွေကို သိပေမယ့်လည်းကိုယ့်လူမနိုင် သူများကို မဲ ချင်နေတဲ့ မိန်းကလေးတွေအနေနဲ့လည်း သစ္စာမမြဲနိုင်လို့ နောက်တစ်ယောက်နဲ့ ယှဉ်တွဲဖို့ ကြိုးပမ်းနေတဲ့ ကိုယ့်ချစ်သူကိုသာ လမ်းခွဲနိုင်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမသင့်ပါသည်။
ဖေါက်ပြန်ချင်တဲ့လူတစ်ယောက်ဟာ နောက်တစ်ကြိမ်ဆိုတာ ထပ်ကျူးလွန်လာဖို့ မတုံ့ နှေးတတ်ပါဘူး။
ဘယ်သူမပြု မိမိအမှုပါပဲဆက်တွဲဖို့ သင့်မသင့် ဆုံးဖြတ်ပြီး နှလုံးသားကို အသာထား ဦးနှောက်နဲ့စဉ်းစားပြီးဖြစ်သင့်တာလုပ်သင့်တာကို ဦးစားပေးခြင်းသည်အကောင်းဆုံးပင်ဖြစ်သည်။။
သစ္စာဖေါက်လိုတဲ့ ယောက်ျားမျိုးတွေ သစ္စာဖေါက်တတ်တဲ့မိန်းကလေးတွေကအချင်းချင်း တွေသာကိုယ်ချင်းစာမှုရှိနေမယ်ဆို လူမူရေးဖေါက်ပြန်မူ ဆိုတာရှိလာနိုင်မှာမဟုတ်ပေ။
ထိဲုကြောင့်ဖေါက်ပြန်တယ်ဆိုတာ လက်ခုပ်နှစ်ဖက် တီးမှ မြည်တာပါ။
မိန်းမအချင်းချင်း ကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင်
ယေကျာ်းလေးအချင်းချင်းကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင်ဖေါက်ပြန်မူဆိုတဲ့
လူမူရေးဖေါက်ပြန်ခြင်းမှကင်းဝေးနိုင်မည်ဖြစ်သည်။
သစ္စာမဲ့ခြင်းလူမူရေးဖေါက်ပြန်ခြင်းကင်းရှင်းကြပါစေ။
လေးစားလျက်
ရှင်းသန့်မေ
Friday, November 15, 2013
လူငယ်နှင့်စာဖတ်ခြင်း
ယနေ့ခေတ်စက်မူပစ္စည်းတွေထွန်းကားလာတာနဲ့ လူကြီး လူလတ် လူငယ်မရွေး စာအုပ်ကိုင်ပြီးစာဖတ်တာရှားပါးလာသည်။
စာဖတ်နှူန်းထားလည်းကျဆင်းလာသည်။
ဒါကတိုင်းပြည်အတွက်ဆုတ်ယုတ်မူပြယုဒ်ပင်ဖြစ်သည်။
စာမဖတ်တာ တိုင်းပြည်ဆုံးရှူံးတာဘာဆိုင်လည်း
စာရေးသူအမြင်ပြောရင် စာဖတ် မှ အသိဥာဏ်ရှိမယ် အသိဥာဏ်ရှိမှတွေးခေါ်တတ်လာမည်ဖြစ်သည်။
ဘယ်လောက်ပဲခေတ်မီ ခေတ်မီစာပေထဲကအသိကိုတော့ဖျောက်ဖျက်လို့မရပါ။
လူ့ယဉ်ကျေးမူ လူတွေအသိ လူတွေအတွေးတိုးတတ်လာခြင်းသည် စာဖတ်ခြင်းကြောင့်ဆိုလျှင်မငြင်းနိုင်ပါ။
ရှေးလွန်ခဲ့သောနှစ်ပေါင်းများစွာကစာပေများ
ပညာရှင်များရဲ့စာအုပ်စာပေများဖတ်ရူရခြင်းကလည်းစာအရေးအသား စာပေမှတ်တမ်းရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ဂလိုဘယ်လိုက်ဇေရှင်းခေတ်ရောက်လာတာနဲ့အမျှစာအုပ်စာပေသည်မှေးမှိန်သွားခဲ့သည်။
လူတွေစိတ်ထဲတွင် အင်တာနက်မှာရှာလိုက်ရတာပဲ
ဒီလိုအတွေးဝင်ရောက်လာကြသည်။
တီဗီကြည့်လိုက်ရတာပဲ။
မှားယွင်းတဲ့အယူအဆပင်ဖြစ်သည်။
ဘယ်လောက်နည်းပညာခေတ်မီ ခေတ်မီ စာပေဆိုတာ အခန်းကဏ္ဍတိုင်းပါဝင်သည်။
ယနေ့ခေတ်လူငယ်များသည် စာဖတ်ဖို့ထက် ဂိမ်းဆော့တာ ရုပ်ရှင်ကြည့် တာ ချက်တင်ထိုင်တာ တီဗွီကြည့်တာ များပြားလာသည်။
ဒါဟာအသိပညာဆုတ်ယုတ်ခြင်းပြယုဒ်ပင်ဖြစ်သည်။
စာမဖတ်ရင် စာမတတ် စာမတတ်တော့ အသိဥာဏ်နည်း အသိဥာဏ်နည်းတော့ သူများပေးသလောက်ယူ ခိုင်းနွားဖြစ်ကြတော့မည်။
ယနေ့လူငယ်သည် နောင်လူကြီး နောင်ခေါင်းဆောင် ဖြစ်လာမည်။
စက်မူပညာဘယ်လောက်ထွန်းကားထွန်းကား စာမတတ် စာမဖတ်ပဲ အသိမရှိပဲ လူတွေဘယ်လိုဦးဆောင်မလဲ။
ကျွန်တော် ကျွန်မတို့ဘွဲ့ရပြီပြီ ဒါနဲ့လုံလောက်ပြီလား
ဒါကအတန်းပညာတခုအတွက်ပြယုဒ်တခုပင်။
ဘွဲ့ရတဲ့လုတိုင်းအသိပညာတိုးတတ်ပြီလား။
အတတ်ပညာတိုးတတ်ပြီလား။
ဘွဲ့ရတွေများပြားလာတဲ့ခေတ်မှာ ကိုယ်ကအသိတခုမသာပဲ ကိုယ်ကအတွေးတခုမှ မသာပဲ
ဘယ်လိုအလုပ်လုပ်မလဲ။
အသိပညာကစာအုပ်စာပေထဲမှာပဲရှိသည်။
ယနေ့ခေတ်စာကြည့်တိုက်တွေပျောက်ကွယ်သွားခြင်းသည်လည်းစာပေမှတ်တိုင်အတွက်ဆုတ်ယုတ်ခြင်းဖြစ်သည်။
အရင်တုန်းကစာဖတ်ချင်ရင်စာကြည့်တိုက်သွားငှားရ သည့်အလေ့အထလေးရှိခဲ့သည်။
ယခုဒီဘက်ခေတ်မှာစာကြည့်တိုက်မှာစာဖတ်ခြင်းသည်တောရွာမှာလောက်ပဲရှိတော့သည်။
ခုလူငယ်တွေစိတ်ထဲတွင် စာဘာလို့ဖတ်မလဲ တီဗီကြည့်လိုက်မည်။
စာဘာလို့ဖတ်မလဲအင်တာနက်သုံးလိုက်မည်။
စာဘာလို့ဖတ်မလဲဂိမ်းဆော့လိုက်မည်။
ထိုကြောင့်လူကြီး မိဘ ဆရာ ဆရာဆရာမတွေအနေနဲ့စာဖတ်ခြင်းအလေ့အကျင့် လမ်းပြသင့်သည်။
ခေတ်မီနည်းပညာတွေတိုးတတ်တာကိုရောယောင်ပြီးစာမဖတ်လည်းဖြစ်တယ်အတွေးမျိုးရှိခြင်း အသိပညာဖွံ့ဖြိုးမူအတွက်စိုးရိမ်စရာပင်ဖြစ်သည်။
စာပေသည်မိတ်ဆွေလည်းဖြစ်သည်။
စာပေသည်ရတနာလည်းဖြစ်သည်။
စာပေသည်ခိုးယူလို့လည်းမရပါ။
ထို့ကြောင့်လူငယ်တိုင်းစာဖတ်ကြပါ။
စာပေထဲမှာအသိ စာပေထဲမှာအတွေး စာပေထဲမှာအသိဥာဏ်ရှိသည်။
နည်းပညာဘယ်လောက်တိုးတတ် တိုးတတ် ဆက်သွယ်ရေးဘယ်လောက်ဖွံ့ဖြိုး ဖွံ့ဖြိုး စာပေကဏ္ဍသည် အရေးပါမြဲ အရေးကြီးမြဲပင်ဖြစ်သည်။
ရေးသားမူအတွက်အသိကျန်ခဲ့ရင်ကျေနပ်ပါတယ်
ကိုယ်တိုင်လည်းလေ့လာဆဲပါ။
လေးစားလျက်
ရှင်းသန့်မေ
မြန်မာမိန်းကလေးဖြစ်ရတာ ဂုဏ်ယူတတ်နိုင်ကြပါစေ
လူသားအဖြစ် ကမ္ဘာလောကထဲယောကျာ်းလူသား မိန်းမလူသားအဖြစ် ရောက်ရှိလာကြသည်။
ကိုယ်ပြုလုပ်တဲ့ကံတရားကြောင့်လူရယ်လို့ဖြစ်လာကြခြင်းဖြစ်သည်။ လူဘ၀ဆိုတာရခဲလှသည်။ လူရယ်လို့ဖြစ်လာရင်ယောကျာ်းလေးလည်းသူတန်ဖိုးနဲ့သူရှိသလို မိန်းကလေးတွေမှာလည်းသူတန်ဖိုးနဲ့သူရှိသည်။ ယောကျာ်းလေးဖြစ်ရမှပိုမြင့်မြတ်တယ် ထင်နေတဲ့တချို့မိန်းကလေးတွေကိုယ်ဖြစ်လာရတဲ့မိန်းကလေးတန်ဖိုးကိုမသိပဲယောကျာ်းလေးဘ၀ကိုအားကျ အားငယ် နေကြသည်။..
မိန်းကလေးတွေလက်ကပုခက်လွှဲတဲ့လက်ဖြစ်သည်။ ထိုလက်နဲ့သူမက
နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် ကိုယ့်ဘာသာ ပြုစုစောင့်ရှောက်တတ်တယ် ။
ကိုယ့်ထမင်းကိုချက် ကိုယ့်အ၀တ်ကိုယ်လျှော် နိုင်သည်။ အလှအပတွေဖန်တီးနိုင်သည်။
သူမလက်သည်နူးညံ့သလောက်ပစ္စည်းအသေးမှစအကြီးဆုံးထိသယ်နိုင်သည်။
ထိုနည်း၎င်းသူစိတ်သည် နူးညံ့သည်အရာရာကိုအေးဆေးတည်ငြိမ်စွာပြဿနာကိုလည်းဖြေရှင်းတတ်သည်။စိတ်နူးညံ့သလိုစိတ်ဓာတ် ကသန်မာသည်။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်သည်။
ကမ္ဘာလောကကြီးအတွက် သူမကငိုအောင်ဖန်ဆင်းနိုင်သလိုပျော်ရွှင်မူလည်းဖန်ဆင်းပေးသည်။
သူမကထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါသည်။
မိန်းအတို့လက်နက်ကမျက်ရည်တဲ့
အဲဒီမျက်ရည်ကပဲ သူမဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မူတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖေါ်ပြပေးနိုင်သည်။
သူမကကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်။
သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်သည်။ ကြောက်ရွံ့မှုတွေတွေ့ ကြုံခံစားနေရတောင်မှသူမက
ပြုံးပြနိုင်သည်။
ဒုက္ခနဲ့တွေ့ကြုံချိန်မှာလည်းငိုကြွေးမနေဘူးအခက်အခဲကိုသူမရင်ဆိုင်သည်။
ူ့ မိသားစုတခု အောင်မြင်ခြင်းဟာလည်း သူမ့ အပေါ်မှာတည်မှီနေသည်။
ဥစ္စာဖြိုစားဖိုကစကားပုံအတိုင်းသူကတစ်မိသားစုလုံးရဲ့အခရာဖြစ်သည်။
သူမရဲ့ နှလုံးသားနူးညံ့သည်။ မိခင်စိတ်ရှိသည်။ ကိုယ့်ချစ်သူအပေါ်ဖြစ်ဖြစ် ကိုယ့်ျယာကျာ်းအပေါ်ဖြစ်ဖြစ် သားသမီးအပေါ်ဖြစ်ဖြစ် သူရဲ့စိုးရိမ်မူကမိခင် စိတ်ကိုဖေါ်ပြသည်။ သူမသည် ဟိရီသြတ္တပ္ပတရားနဲ့ပြီးပြည့်စုံသည်။ ကိုယ်အမျိုးကိုယ်ဘာသာလည်းထိန်းသိမ်းတတ်သည်။ ကိုယ်ယဉ်ကျေးမူ ကိုယ်ဓလေ့ရိုးရာကိုလည်းမြတ်နိုးတတ်သည်။ သူမစိတ်သည်အလွန်နူးညံ့လှသည်။
မိန်းမမာယာသဲကိုးဖြာတဲ့
သူမ၏မာယာသည်ရန်သူကိုကာကွယ်နိုင်သလို သူတပါးစိတ်ကိုလည်ထိန်းချုပ်နိုင်သည်။
နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်သည်။
တစ်ချို့ မိန်းကလေးတွေ ကကိုယ့်တန်ဖိုးကိုကိုယ်မသိပါ။သူမအတွက် ဘ၀ဆိုတာဘာတွေနဲ့တည်ဆောက်ထားသလဲ။
သူမအတွက်ဘ၀ကဘယ်လိုအရေးကြီးလဲ။
သူမအတွက်အရှက်အကြောက်တရားကဘယ်လိုတန်ဖိုးထားသင့်လဲ။
ပစ္စည်းဥစ္စာကအဓိကလား၊ဂုဏ်ပကာသနကအဓိကလား၊ ဣနြေ္ဒသိက္ခာအဓိကလား၊ အရှက်ကအဓိကလား။သူအသက်ရှင်ဖို့အားလုံးကအရေးကြီးပေမယ့် တကယ်တမ်းသူမမှာ ဣနြေ္ဒအရှက်သိက္ခာဆိုတာ အရေးအကြီးဆုံးအရာပါ။ သူမရဲ့တန်ဖိုးကို ဣနြေ္ဒအရှက်သိက္ခာဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အရာနဲ့သူမတန်းဖိုးကိုလူတွေကတိုင်းတာကြတာပါ။
ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ဘယ်ယဉ်ကျေးမှုမှာဖြစ်ဖြစ် ဣနြေ္ဒအရှက်သိက္ခာဆိုတာ တန်ဖိုးထားနေကြတဲ့အရာပါ။
အခုခေတ်မိန်းကေလးတွေ တော်တော်များများဟာ အဲဒါတွေကိုလျစ်လျူရှုထားတတ်နေကြပါသည်။ ကိုယ့်ရဲ့ဣနြေ္ဒအရှက်သိက္ခာအတွက် ထိန်းသိမ်းရမယ့်တာဝန်က ကိုယ့်မှာပဲရှိတာပါ။့  မိန်းကလေးတစ်ယောက်အတွက် ဘယ်အရာကကိုယ့်တန်ဖိုးဆိုတာ နားလည်နေဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အပြုအမူကြောင့်ကိုယ်သာမကကိုယ်ပတ်ဝန်းကျင်ကိုယ့်
မိ ဘပတ်ဝန်းကျင်အလယ်မှာခေါင်းမော့နိုင်ပါစေ။
ထိုကြောင့် ထိုထိုသောအချက်များကြောင့်မိန်းကလေးဖြစ်ရတာဂုဏ်ယူတတ်နိုင်ကြပါစေ။
သိသမျှကိုမျှဝေခြင်းဖြစ်ပါသည်။
ဝေဖန်အကြံပေးနိုင်ပါသည်။
လေးစားလျက်
ရှင်းသန့်မေ
Tuesday, September 11, 2012
★♪♫:ချစ်ခြင်းနှင့်မေတ္တာတရားကွဲပြားချက် ★♪♫:
မေတ္တာတရားကိုလူတွေကချစ်ခြင်းလို့သတ်မှတ်ကြတယ်
အမှန်တော့ချစ်ခြင်းနဲ့ကွဲပြားပါတယ်။
ချစ်ခြင်းဆိုတာငါသားသမီး၊ငါ့မိဘ၊ငါစွဲနေတဲ့သံယောဇဉ်ဖြစ်နေတာကို
ချစ်ခြင်းလို့ခေါ်တယ်။ချစ်ခြင်းကဘက်လိုက်မူရှိတယ်၊ချစ်ခြင်းကပိုင်ဆိုင်လိုစိတ်ဆန္ဒတွေရှိတယ်။ ချစ်ခြင်းမှာတပ်မက်မူရှိတယ်၊ချစ်ခြင်းဘက်လိုက်တတ်တယ်
မိန်းကလေးနဲ့ယောကျာ်းလေးချစ်ရင်အလှဘက်အလေးသာတယ်
ချစ်ခြင်းကမတည်ငြိမ်ဘူးပြောင်းလဲလွယ်တယ်၊လှတာတွေရင်ပိုချစ်သွားတယ်၊
မိဘကသားသမီးချစ်ခြင်းမှာလည်း ကိုယ်သားသမီးမှ ချစ်တယ်
ကိုယ်သားသမီးမှတော်တယ်တတ်တယ် အဲလိုချစ်ခြင်းတွေကဘက်လိုက်တဲ့ချစ်ခြင်းပါပဲ။
အချစ်ဆိုတာ ချစ်ခင်နှစ်သက်ဖွယ်ရာကိုလိုချင်တပ်မက်တဲ့သဘောရှိတယ်။
**********************************
မေတ္တာတရားကညီမျှမူရှိတယ်၊
မေတ္တာတရားကလူး သတ္တ၀ါအားလုံးအပေါ်ကိုဘက်လိုက်မူမရှိဘူး
ဆင်းရဲမှချမ်းသာမဟုတ်ဘူးအားလုံးအပေါ်ညီတူညီမျှဆက်ဆံတယ်။
မေတ္တာတရားထားနိုင်သူတွေကစိတ်သဘောထားအရမ်းနူးညံ့တယ်မေတ္တာတရားဆိုတာ မေတ္တာထားသူနဲ့ကင်းပြီးမရှိနိုင်ပါဘူး။မေတ္တာတရားကတပ်မက်မူ၊ပိုင်ဆိုင်မူ၊
တဘက်လူဆီကဘာလိုချင်တပ်မက်မူမရှိဘူး။အရမ်းကိုအေးချမ်းပါတယ်။
ချစ်ခြင်းကတစ်ဦးကိုတစ်ဦးချစ်တယ်ဆိုတာတစ်ဦးကိုတစ်ဦးပိုင်ဆိုင်ဖို့။
**********************************
မေတ္တာတရားကတော့အဲလိုမဟုတ်ဘူး ပိုင်ဆိုင်ရယူချင်စိတ်မရှိဘူး
သူတပါးရဲ့လွတ်လပ်မူကိုရောမိမိရဲ့လွတ်လပ်မူကိုပါဖျက်ဆီးချင်စိတ်မရှိဘူး။
မေတ္တာတရားကအရမ်းကိုအေးချမ်းတယ်၊ရယူခြင်းသဘောမရှိဘူး၊ပေးဆပ်တဲ့သဘောပဲရှိတယ်။
ကိုယ်ချစ်တဲ့လူတွေအပေါ်မေတ္တာတရားစိတ်ကလေးနဲ့ချစ်ခြင်းပေါင်းစပ်ချစ်နိုင်ကြပါစေ။
မေတ္တာတရားနှလုံးသားလူတိုင်းထားရှိတတ်နိုင်ကြပါစေ။
 အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
****ပြည်ချစ်ဖခင်ကြားသိနိုင်ပါစေသော်(ပြည်ချစ်ဖခင်မွေးနေ့အမှတ်တရ)**
ပြည်ချစ်ဖခင်..ဒီနေ့ဆို ဖခင် အသက် (၉၇)နှစ်ပြည့်ခဲ့လေပြီ...
တိုင်းပြည်အတွက်..လူမျိုးအတွက်..ကိုယ်ကျိုးမဖတ်အသက်စွန့်ခွာသွားတဲ့...အိုဖခင်
အပင်တပင်ကိုစိုက်သာစိုက်ခဲ့ပြီး
...အော်အပင်လေးတွေအသီးအပွင့်ကိုတောင်ပျော်မသွားရှာတဲ့အိုဖခင်...အခုဆိုဆိုဒ်တိုင်းလိုလိုမှာပြည်ချစ်ဖခင်အတွက်
ကြိုးပမ်းစွာ ..ဂုဏ်ပြုနေကြတဲ့လူငယ်များစွာ...အဖေအတွက်..ဂုဏ်ပြုကြတယ်..အဖေ
အဖေကလူသာသေပေမယ့်...အဖေကိုချစ်တဲ့သားသမီးတွေစိတ်ထဲမှာအဖေကရှင်သန်နေဆဲပါ...
အဖေမှာခဲ့တဲ့
ဗမာပြည်သည်၊တို့ပြည်
ဗမာစာသည်၊တို့စာ
ဗမာစကားသည၊်တို့စကား..
တိုင်းပြည်အရပ်ရပ်မှာ..အကြောင်းကြောင်းကြောင့်ကိုယ့်တိုင်းပြည်ကိုစွန့်ခွာဝေးကွာနေရပေမယ့်လည်း..
.အဖေအတွက်တိုင်းပြည်ချစ်ပြည်သူများ၊လူငယ်များက
အဖေပေးခဲ့တဲ့စိတ်ဓါတ်၊အဖေပေးခဲ့မျိုးချစ်စိတ်ကတော့တိုင်းပြည်ချစ်လူငယ်များစွာရင်ထဲရှင်သန်နေဆဲပါအဖေ
အဖေရောက်ရာအရပ်ကနေ ..၀မ်းမြောက်ဝမ်းသာတွေရမြင်ရမှာပါ...
အဖေအတွက်..၀မ်းမြောက်ဝမ်းသာဂုဏ်ပြုနေကြတာ..အဖေအစားဝမ်းသာမျက်ရည်တောင်လည်မိပါတယ်....
အဖေအတွက်မွေးနေ့ဂုဏ်ပြုကဗျာတွေ၊အဖေမှတ်တမ်းတွေ၊အဖေဆောင်းပါးတွေပြန်လည်အသက်ရှင်လာတယ်အဖေ
ဒါကအဖေကိုမမေ့သေးတဲ့တိုင်းပြည်ချစ်လူငယ်များရဲ့စိတ်ကိုဖေဖေါ်လိုက်သလိုပါပဲ
အဖေပေးခဲ့ပြည်ထောင်စုစိတ်ဓါတ်လေးပါပဲအဖေရယ်။
အဖေရောက်ရာအရပ်ကနေ..ကျွန်ပ်တို့ပြုသမျှကောင်းမူအကျိုးများကို..အဖေကိုအမျှအတန်းပေးဝေပါတယ်
အဖေကြားသိနိုင်ပါစေသော်...
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
မေမေ့မေတ္တာ
အမေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ
အမေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ
ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေမေတ္တာတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်
အမေမှတစ်ပါးအခြားမရှိပါဘူး။
အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးဖြတ်လို့မရအောင်ကြီးမားခဲ့တာပါ
သားသမီးတွေအပေါ်ကိုမေတ္တာတရားတွေအပြည့်အ၀ထားပြီးချစ်ပြခဲ့တာကအမေပါ
ပဋိသန္ဓေတည်ကတည်းကနေပြီးတော့မေတ္တာဓာတ်တွေအပြည့်အ၀နဲ့လူ့လောကထဲကို
သားတွေသမီးတွေအပြစ်ကင်းစွာနဲ့ရောက်လာအောင်ကြီးမားတဲ့မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တာကအမေပါ-
--အမေ့ရဲ့မေတ္တာပန်းကလေးကတော့ဘယ်ပန်းနဲ့
မှမတူအောင်လှခဲ့တာပါ လောကမှာဖူးပွင့်ဝေဆာလှပနေကြတဲ့ပန်းကလေးတွေတောင်မှ
အမေ့ရဲ့ မေတ္တာ ပန်းကလေးကိုလိုက်လို့မမီပါဘူး
ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးပန်းကလေးကတော့ အမေ့ရဲ့မေတ္တာပန်းကလေးပါပဲ။
ပန်းကလေးတွေကိုမြတ်နိုးတတ်သလိုအလှအပဆုံးဖြစ်တဲ့အမေ့ရဲ့မေတ္တာပန်းကလေးကိုလည်းမေ့မထား
သင့်ပါဘူး။ပန်ထားသင့်ကြပါတယ် အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်းလှမွှေးလည်းမွှေးလို့မို့တစ်ခြား
တစ်ခြားသောပန်းကလေးတွေထက်သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင်ပန်းကလေးမို့
အမေ့ကိုဂုဏ်ပြုသောအားဖြင့်ကျေးဇူးတရားတွေကိုသိသောအားဖြင့်
မေတ္တာတရားတွေကိုနားလည်သောအားဖြင့်အမေ့ရဲ့မေတ္တာပန်းကလေးကိုပန်ထားသင့်ပါတယ်။။။
**************************************************
တစ်ချို့သောသားသမီးတွေကအမေနဲ့အနီးကပ်နေရလေတော့ အမေ့ရဲ့ကြီးမား
လှတဲ့တန်မေတ္တာတန်ဘိုးကိုမသိကြဘူးလေ။။ကျွန်ုပ်ကတော့အမေနဲ့ဝေးနေခဲ့ရတော့
တကယ့်မေတ္တာရှင်ဖြစ်တဲ့အမေ့ကိုအချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ အမေနဲ့ဝေးနေရတဲ့ကျွန်ုပ်က
အမေ့ကိုသတိရလို့ ငိုခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူးလေ။
အမေကလောကမှာ
ငါ့သမီးကအလှဆုံးအချောဆုံးလို့ပြောခဲ့တဲ့စကားသံလေးကိုကြားယောင်မိတိုင်း
လွမ်းမျက်ရည်ဘယ်ညာဝိုင်းလို့ အတိုင်းမသိဝမ်းနည်းမိပါတယ်အမေ--ရယ်။
အခြေအနေမပေးလို့အမေနဲ့ဝေးခဲ့ရတယ်ဆိုပေမယ့် ခွဲခွါချင်လို့ ခွဲခွါခဲ့ရတာမှ
မဟုတ်ပဲအမေရယ်----မလွှဲသာလို့ခွဲခွါခဲ့ရတယ်ဆိုပေမယ့်
အမေ့ရဲ့ကြီးမားတဲ့ကျေးဇူးတရားတွေ တုနှိုင်းမရ
တဲ့မေတ္တာတရားတွေကို မသိလို့ကျောခိုင်းခဲ့တာမှမဟုတ်ပဲ အမေ--ရယ်။
ဒီကမ္ဘာလောကကြီးထဲမှာ သိပ်လှပါတယ်သိပ်ချောပါတယ် ပြောတဲ့ အမျိုးသမီးတွေရဲ့အလှကတော့
အမေ့ရဲ့မေတ္တာအလှကလေးကို မမီပါဘူးအမေ-------။
****************************************************************
အမေသာ ဒီကမ္ဘာလောကကြီးထဲမှာ အလှဆုံး အချောဆုံးပါ
အမျိုးသမီးတွေထဲမှာတော့ အမေဟာ မေတ္တာအလှဘုရင်မတစ်ပါးပါအမေ--------။
အမေရယ်-----ဒီဘ၀မှာ သမီးနဲ့အမေဟာ မမျှော်လင့်ပဲကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြတယ်ဆိုရင်
ဖြစ်လေရာဘ၀တိုင်းမှာအမေရယ်-------အေးမြတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်လာလည်ခွင့်ပြုပါလား အမေ--------။
အမေ----မြင့်မိုရ်တောင်ကြီးကဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အမေရဲ့ကြီးမားတဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ မြင့်မိုရ်တောင်ကြီးက လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အမေ။ စင်္ကြာဝဠာတစ်ခုလုံးမှာရှိတဲ့ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကို
အလိုလိုနည်းသွားခဲ့ရပြီလေ၊ကမ္ဘာမြေပြင်တစ်ခုလုံးမှာရှိတဲ့သစ်ပင်တွေကလည်းများလိုက်ပါဘိ
-ဒါပေမယ့်အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့
အဲဒီသစ်ပင်လေးတွေကလိုက်လို့မမီပြန်ဘူး အမေ။
******************************************************
မြစ်၊ချောင်း၊အင်း၊အိုင်၊ပင်လယ်၊သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကလည်းခပ်လို့ဖြင့်မကုန်နိုင်
များပြားလှတဲ့ရေတွေနဲ့ပြည့်နေပေမယ့်အမေ့ရဲ့ကြီးမားလှတဲ့ကျေးဇူးတရားတွေနဲ့နှိုင်းဆလိုက်ပြန်တော
့လည်း အဲဒီရေတွေက ကောင်းကင်ကနေကျလာတဲ့မိုးစက်မိုးပေါက်ကလေးလောက်သာရှိတော့တယ်အမေ----
**ပြိုင်လာတိုင်းအနိုင်ရ
နှိုင်းဆလို့ဖြင့်ဘယ်မမြင်
ကျေးဇူးဂုဏ်အင်တွေ
ကြီးမားတဲ့ မေတ္တာဓာတ်တွေ
ပြည့်ဝနေတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့
နောက်တစ်ခါလာလည်ဦးမယ်ဆိုလည်း
ကြည်ဖြူစွာနဲ့လက်ခံပေးမှာက အမေပါ-
အမေအားလုံးကျန်းမာပါစေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်ကြပါစို့။
အချစ်ကြောင့်ပူလောင်ရသလို
အချစ်ခံရလည်းပူလောင်ရတာပဲ
မချစ်ခံရလည်းပူလောင်ရတာပဲ
ကိုယ်ကချစ်လည်းပူလောင်ရသလို
ကိုယ်ကိုမချစ်လည်းကိုယ်ကပူလောင်နေရတယ်။
သောကဆိုတာအမျိုးမျိုးရှိပါတယ်
စီးပွားရေးကြောင့်သောကဖြစ်
ငွေကြေးကြောင့်ဖြစ်
စားဝတ်နေရေးအတွက်ဖြစ်ကြ
အဲဒီထက်အချစ်ကြောင့်ပူလောင်နေသူတွေများပါတယ်။
အချစ်ကြောင့်အရက်သောက်တယ်
အချစ်ကြောင့်ခံစားနေရတယ်ဘာကိုမှလုပ်ချင်စိတ်မရှိဒါဟာလည်းသောကထဲကသောကတခုပါပဲ။
ရယူလိုခြင်းအချစ်နဲ့ချစ်ရင်တော့ပူလောင်ခြင်းကိုခံစားနေရမှာပဲ..
ပေးဆပ်တဲ့အချစ်ဘာကိုမှမမျှော်လင့်တဲ့အချစ်နဲ့ချစ်ရင်တဘက်လူအတွက်လည်းချစ်ခံရတာအေးချမ်းသလို
ကိုယ်ချစ်နေသူအဖို့လည်းအေးချမ်းပါတယ်
ကိုယ်ကဒီဘ၀မှာချစ်ကံခေတာ..ဟိုးဘ၀ကသူများချစ်ခြင်းဖျက်ခဲ့လို့
ဒီဘ၀မှာ..တခါငါသူအချစ်ကိုမရရအောင်လုပ်မယ်
သူကိုမှငါချစ်မယ်သူကိုမရရင်ဆိုတဲ့ဒေါသအတ္တတရားမာနတရားထားလိုက်မယ်ဆို
နောင်ဘ၀ထက်ပြီးချစ်ကံခေနေအုန်းမှာပါပဲ.
ဟိုးဘ၀က သူများသားမယားပြစ်မှားခဲ့တယ်ဆိုဒီဘ၀ ကာမေသုမိစ္ဆာစာရကံထိုက်နေအုန်းမှာပဲ
အချစ်ကံခေနေမှာပဲ....ကျွန်မတို့မြတ်စွာဘုရားက..
ဒီဘ၀ကုသိုလ်..အကုသိုလ်အကျိုးကနောင်ဘ၀ကိုအကျိုးသက်ရောက်တယ်
ဟောကြားတော်မူခဲ့တယ်.ဘုန်းဘုန်းတွေကလည်းဟောကြားခဲ့တယ်...
ဒီဘ၀ချစ်ကံခေတယ်ဆိုနောင်ဘ၀ချစ်ကံမခေအောင်ဘာလုပ်သင့်လည်း...
သူများမိသားစုကိုမဖျက်ဆီးအောင်နေမယ်၊
သူများသားမယားကိုမပစ်မှားနေထိုင်မယ်၊
လူမှမဟုတ်ဘူးတိရစ္ဆာန်လေးတွေမိသားစုကိုလည်းမခွဲမိအောင်
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်မယ်
ဗုဒ္ဒ္ဒဘာသာရဲ့အရေးကြီးသိနားလည်ထားရမှာကံဆိုတာအလုပ်..ကိုယ်ကောင်းတာလုပ်ကောင်းကျိုးခံစားရသလို
မကောင်းတာလုပ်ခဲ့မကောင်းတာခံစားရမှာပါ။
ကိုယ်ကဒီဘ၀မှာ ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်မယ်ဆို
ချစ်ကံခေခြင်းဘ၀မှလွတ်မြောက်နိုင်မှာပါ..
လူတိုင်းချစ်ခြင်းတရားမှပူလောင်မူကင်းနိုင်ကြပါစေ။
ကံငါးပါးထဲမှ တပါးဖြစ်တဲ့
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်နိုင်ပြီချစ်ကံခေခြင်းမှလွတ်မြောက်နိုင်ပါစေလို့
တောင်းဆုပြုရင်
ချစ်ကံခေခြင်းမှလွတ်မြောက်နိုင်ကြပါစေ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
********လောကဓံတရားကိုရဲရဲရင်ဆိုင်နိုင်ကြပါစေ********
လူ့ဘ၀ ခရီးသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှတယ် ဟုဆိုကြသည် ။
ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့် ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊
အနည်းနဲ့အများသာကွာခြားမည်။
ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။
 နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။
ကံကြမ္မာဆိုး ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ
 ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲခြင်းလို့ဆိုကြတယ်။
ချစ်သောသူနဲ့ကွေကွင်းရခြင်းကလည်းတဒုက္ခ
မချစ်မနှစ်သက်သူကိုလည်းပိုင်ဆိုင်ရခြင်းလည်းတဒုက္ခလိုဆိုကြတယ်
ချစ်သောသူတစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ် ကွယ်ပျောက်သွားတဲ့ အခါ ၊
အချိန်မတန်မီမှာ နှုတ်ဆက်ခွဲခွာပြေးသောအခါ ၊ မျှော်လင့်ချက်ပျောက်ဆုံး
တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ ဆိုးတယ်ထင်မှတ်နေကြတယ်။
လောကဓံသည် ငါ့ကိုသာ ဆိုးနေတယ်ထင်ကြတယ်။ ငါဒုက္ခသည်သာအကြီးဆုံး ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။
ကြေကွဲ မဆုံးနိုင်။ ငါချည်းပဲလားမဟုတ်ပါဘူး။
 ဘေးပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊အသည်းကွဲနေသူတွေ နှလုံးသည်း
 ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။
 မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီမြင်ရလိမ့်မည် ။
လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေနေရတာလား။ မဟုတ်ပါ ဘူး။
  လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။
လောကဒံတရား၈ပါး
ပစ္စည်း ဥစ္စာ ရခြင်း
မရခြင်း ၊
အခြံအရံ ရှိခြင်း
မရှိခြင်း ၊
ကဲ့ရဲ့ ခံရခြင်း ၊
ချီးမွမ်း ခံရခြင်း ၊
ချမ်းသာခြင်း
ဆင်းရဲခြင်း ။
အကောင်းလေးပါး ၊ အဆိုးလေးပါး ။
လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။
လောကရှိလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။
 ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြေကွဲဖူးသူ ၊ ပရိဒေ၀ တောက်
လောင်ဖူးသူ ၊ နှလုံးသားဆုံးပါးသလို ခံစားဖူးသူချည်းပင် ။ 
မိမိသာ တစ်ဖက်သက်ခံစားနေရတာလားမဟုတ်ပါ
ရင်ကွဲပတ်လက် ဖြစ်ရခြင်းရှိသလို ဟက်ဟက်ပက်ပက်
ရယ်မောရခြင်းလည်းရှိသလို၊ငိုကြွေးရခြင်းလည်းရှိတယ်။
 ဆင်းရဲခြင်းလည်းရှိသလို ချမ်းသာခြင်းလည်းရှိတယ်။
သေဆုံးခြင်းရှိသလို မွေးဖွားခြင်းလည်းရှိတယ်။
လောကဓံတရားများ ကြောင့် ဘ၀က ခရောင်းလမ်းပမာ ကြမ်းတမ်းတယ်လိုလူတွေကဆိုကြတယ်။
လောကဒဏ်တရားကြားမှာလူတိုင်းပျော်လည်းနေမပျော်နေရုန်းကန်လှုပ်ရှားလျှက်သာ။
ရှင်းလည်းကြိုးစားနေတုန်းပါပဲ
ယက်ကန်ယက်ကန်နဲ့လေ
ဗေဒါပင်လေးလို
လောကဓံကိုကြံ့ကြံ့ခံနိုင်ကြပါစေ။
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာထဲကလို
ပန်းပန်လျှက်ပဲ
ညိုပြာပြာ လတာပြင့် ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။
ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တရာ နှစ်ရာ
ဗေဒါက တပင်ထဲ (တည်း) ။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျှက်ပဲ ။
လောကဒင်္ဏကိုကြံ့ကြံ့ခံနိုင်တဲ့လူသားတွေဖြစ်နိုင်ကြပါစေ။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
ကလဲ့စား ချေတာ သံသရာတိုင်အောင်ပြီးနိုင်ပါမလား
ကလဲ့စားချေတယ်ဆို တာ
တယောက်ကိုတယောက်ကသတ်လိုက်တယ်
အဲဒီတယောက်ကတဆင့်နောက်တယောက်ကိုသတ်တယ်
တယောက်ပြီးတယောက်သတ်တာတောင် အဲဒီကလဲ့စားချေတာပြီးနိုင်ပမလား။
ဘ၀သံသရာဆိုတာ မဆုံးနိုင်ပါဘူး အမြဲလည်ပတ်နေတာ
အခုဖြစ်ပျက်နေတဲ့  ဘာသာရေးပြသနာ  ၊လူမျိုးပြသနာတွေ
ကိုယ်ရေးလိုက်တဲ့ ကော်မက်တကြောင်းဖြစ်ဖြစ်
ပိုစ်တခုခုဖြစ်ဖြစ်  လှုံဆော် ဆူပူအထိဖြစ်သွားစေရင် မကောင်းပါဘူး
ကိုယ်လူမျိုးချစ်တာတော့မှန်ပါတယ်
ကိုယ်အတွက်ကြောင့်  သူတပါးကိုနစ်နာဆုံးရှုံးမူများစွာဖြစ်သွားစေနိုင်ပါတယ် ။
သတ္တိဆိုတာ ရှိသင့်တာထက်ပိုရင်မကောင်းပါဘူး ။
ကိုယ်ရဲ့စကားတခွန်းဖြစ်စေ
စာတကြောင်းဖြစ်စေ
လှုံဆော်မူမဖြစ်ပါစေနဲ့။
ကိုယ်လူမျိုးတော်တော်များများက တခြားတိုင်းပြည်မှာ
ထောင်သောင်းများစွာရှိနေပါတယ်ဆိုတာ
သတိပြုစေချင်ပါတယ်
အဝေးရောက် လူတွေ များစွာ ရှိနေပါတယ်
လူသားချင်းစာနာ ထောက်ထားတတ်ဖို့ပါပဲ ။
မေတ္တာတရားအားလုံးထားနိုင်ကြပါစေ
မေတ္တာတရားကိုယ်စီသုံးငြိမ်းချမ်းကြပါစေ
ကလဲ့စား ချေတာ သံသရာတိုင်အောင်ပြီးနိုင်ပါမလား
ကိုယ်အိမ်ကိုလာစော်ကားရင်တောင်
ကိုယ်က မေတ္တာထားပြီးဆက်ဆံလိုက်ရင်
ရန်ဆိုတာမရှိတော့ပါဘူး ။
မိသားစု ၀မ်းရေးအတွက် တိုင်းတစ်ပါးမှာ 
် အလုပ်လုပ်နေရတဲ့ အပြင်ခုလို ရင်တထိတ်ထိတ်
သည်းတဖိုဖို နေနေရတဲ့ ဘ၀တွေကို ကိုယ်ချင်းစာပေးကြပါ ။
စည်းလုံးခြင်း ၊ သွေးစည်းခြင်းဆိုသာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ
ကိုယ်မြန်မာလူမျိုးပေါင်းများစွာသူများနိုင်ငံမှာရှိနေပါတယ် ။
သူတို့အစားကိုယ်ချင်းစာပေးကြပါ
ဆူပူမူကိုမလှုံစော်ကြပါနဲ့
လူမျိုးချစ်စိတ်ကိုတလွဲမသုံးမိကြပါစေနဲ့။
ကိုယ်ချင်းစာစိတ်လေးနည်းနည်းလေးရှိပေးကြပါ
သူများနိုင်ငံမှာလုပ်နေတဲ့လူတွေရဲ့နောက်က မိသားစုတွေ
ဘ၀မပျက်ကြပါစေနဲ့။
သင့်ကြောင့်
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
♥´အရိုးကို အရွက် မဖုံးစေဖို့.......ထိန်းသိမ်းသင့်စွာ တို့ ရိုးရာ`♥
အမေ့ကြောင့် အလွန်လှပတဲ့ မြန်မာအမျိုးသမီးဝတ်စုံကို လူသန်းပေါင်းများစွာက မြင်ဘူးသွားပါပြီ
Photo: အမေ့ကြောင့် အလွန်လှပတဲ့ မြန်မာအမျိုးသမီးဝတ်စုံကို လူသန်းပေါင်းများစွာက မြင်ဘူးသွားပါပြီ (ဓါတ်ပုံ - AFP)
မြန်မာမိန်းကလေးတွေမှာ မြန်မာဝတ်စုံဆိုတာရှိလား
ရှိတာပေါ့နော် ဘယ်လူမျိုးမဆို ကိုယ်ပိုင်တိုင်းရင်းသားဝတ်စုံရှိတာပေါ့
တို့မြန်မာလူမျိုးမှာလည်း တို့လူမျိုးဝတ်စုံရှိတာပေါ့
အမျိုးသားတွေမှာအမျိုးသားဝတ်စုံရှိသလို
မြန်မာမိန်းကလေးတွေအတွက်လည်းအမျိုးသမီးဝတ်စုံရှိပါတယ်။
             ဘာလို့မြန်မာဝတ်စုံအကြောင်းပြောရလည်းဆိုတော့ဒီဘက်ခေတ်မှာ
မိန်းကလေးတော်တော်းများများက
ကိုရီးယားမလေးဝတ်ရင်ဝတ်လိုက်ပြန်ပြီ၊နိုင်ငံတကာဝတ်စုံတွေသူတို့သိတယ်
မြန်မာဝတ်စုံဆိုတာဘာမှန်းသိပါလေစ
ဒီခေတ်မိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာကလည်းဆိုဒ်အမျိုးမျိုး ကွာတာအမျိုးမျိုး၊။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။
စကတ်ကိုပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။
တချို့ နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။
အခု မြန်မာမိန်းကလေးတွေဝတ်တဲ့ စကတ်ကပေါင်လောက်ထိတိုတဲ့
စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။
ထမီလိုတော့ဘယ်လုံခြုံနိုင်ပါမလဲ။
               အကျီင်္ကိုကြည့်လိုက်ရင်ယေ.ာကျာ်းလေးတွေစွပ်ကျယ်အဖြစ်ဝတ်တာကို
မိန်းကလေးတွေကအပြင်အ၀တ်အစားအဖြစ်ဝတ်နေကြပြီ။
ရှေးခေတ်က ဘိုးဘွားတွေမြင်ရင်တော့ ပြောကြမှာမြင်မိသေးတယ်။
ကျွန်မအမေက တခါပြောဖူးတယ် သမီး အဘွားရဲ့အမေသာရှိကြည့် သမီးကို ပြောမှာတဲ့
ကျွန်မက သနပ်ခါးကိုဘယ်ညာပါးကွက်ကွက်ပြီး ၀ရတာ ခဏထွက်ထိုင်မိတာပါတယ်
ယောကျာ်းတွေသရေကျအောင် ထွက်ထိုင်နေတာလားလို့တဲ့လေ
ကျွန်မလည်းအဲနောက်ပိုင်းကစပြီး ၀ရံတာ တခါမှထွက်မထိုင်ဖြစ်တော့ဘူး ။
မေမေကပြောတယ်
"အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ ကြိုးတချောင်းအကျီင်္နဲ့
  လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျော်လွန်းပါဘူး။
တို့ဘိုးဘွားခေတ်ထဲအရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။
အရှက်ကိုအသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။
သမီးရေ အသက်သာအသေခံနော်
အရှက်ကိုတော့ထိန်းသိမ်း။"
အမေတော့ မပြောချင်ပါဘူး
        အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ဘောင်ဘီကိုတောင်
ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ ကစွပ်ကျယ်လို အဲဒီတိုနန့်နန့်ဘာင်းဘီနဲ့ ကုန်းလိုက်ရင်တော့
အမျိုးသမီးအောက်ခံဘာရောင်ဝတ်တယ်ဆိုတာတောင်
မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီ။ သမီးရယ်အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာအရှက်ကိုလုံစေပါတယ် ။
အခုတော့ခေတ်ရှေ့ပြေးသားသမီးတွေက ခေတ်ပဲဆန်ချင်ကြတာလား
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့
အ၀တ်အစားကိုနှစ်သက်နေကြတာ မြန်မာမိန်းကလေးတွေအတွက်ရင်လေးစရာ။
အမေတို့မြန်မာမိန်းမတွေမှာ   ဖုံးကွယ်အပ်တဲ့
အရှက်တရားကိုထိန်းသိမ်းဖို့မေ့လျော့နေကြသလားကွယ်။
ခေတ်ကပဲရှေ့ပြေးနေတာလား ၊
အမေရေ ခေတ်က ရှေ့ပြေးနေတာလည်း မဟုတ် 
ခေတ်ကိုအသုံးချပြီး မြန် မာ ဓလေ့ထုံးစံကွယ်ပျောက်နေကြတာပါအမေရယ်
မြန်မာ မိန်းကလေးတယောက်ရဲ့ထိန်းသိမ်းအပ်တဲ့အရှက်တရားကို
သူတို့မေ့လျော့နေကြတာလား
တမင်ပဲမေ့ထားနေသလားဆိုတာ  သူတို့ကိုယ်သူတို့သိမှာပါအမေရယ်
မြန်မာဝတ်စုံဆိုတာဒီလိုပါလား ဆိုတာ ကမ္ဘာကတောင်ချီးကျုးရတဲ့မြန်မာဝတ်စုံကို
မြန်မာမိန်းကလေးတွေမေ့နေကြတယ်
မြန်မာမိန်းကလေးတိုင်းကိုယ်မြန်မာဝတ်စုံကိုတန်ဖိုးထားမြတ်နိုးတတ်ကြပါစေ။
အရှက်တရားကိုလုံအောင်ဖုံးထားနိုင်ပါစေ
အရိုးကို အရွက် မဖုံးစေဖို့.......ထိန်းသိမ်းသင့်စွာ တို့ ရိုးရာကို
တို့မြန်မာမိန်းကလေးများတန်ဖိုးထား ထိန်းသိမ်းကြပါစို့။
အသိတခုလေးရသွားရင်ကျေနပ်ပါတယ် ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
Saturday, February 18, 2012
*****FEB 14 ချစ်သူများနေ့မှာအပျိုစင်ဂုဏ်မလဲစေချင်****
ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့  ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင်
မြန်မာနိုင်ငံတစ်ဝှမ်းလူကြီး၊လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုးလျှက်ရှိပါတယ်။
ချောကလက်ပေးတာ၊ပန်းစည်းပေးတာ၊ကတ်ပေးတာထူးဆန်းစရာမဟုတ်ပေမယ့်
အဲဒီနောက်ကွယ်ကလက်ဆောင်တွေရဲ့နောက်မှာ.
.မြန်မာမိန်းကလေးတွေရဲ့အပျိုစင်ဂုဏ်တွေပျောက်ကွယ်သွားကြတာတော့ရင်လေးစရာပါပဲ။
Living together ဆိုတာ နိုင်ငံခြားမှာသာကြားဖူးတာ အခုတော့ မြန်မာနိုင်ငံမှာပါကူးစက်လာတာ
မြန်မာအပျိုစင်မိန်းကလေးတွေအတွက်ရင်လေးစရာ၊မိဘများအတွက်ရင်နာစရာတစ်ခုပါပဲ။
****************************************************
ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ  ရှိနေပြီ ဆိုတာပါပဲ။လူငယ်တွေတော်တော်များများကချစ်သူများနေ့မှာ
သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊
ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေ
သဘာဝ တခုလို့ လက်ခံထားကြတယ်။
************************************************
ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။
ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ချောကလက်တွေပေးတာ
အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာလုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်းတယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေနဲ့
ပြည့်စုံနေတဲ့ အပျိုစင် ၊လူပျိုဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို
၊ယောကျာ်းလေးများကလည်းမြန်မာယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
**************************************************************
ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်းမင်္ဂလာတစ်ပါးပါပဲ။
ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာအပျိုဂုဏ်၊လူပျိုဂုဏ်ကိုပေးဆပ်မှချစ်တာမဟုတ်ပါဘူး
နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဆိုတာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံမြန်မာနိုင်ငံမှာလည်း ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင်
ဖန်တီး ကြတာ တွေ့လာရပါတယ်။
ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။
 အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊အကျင့်စရိုက်ကိုပါ
စတင်ဖျက်ဆီးနေတာတွေ့ရတာရင်လေးစရာပါပဲ။ချစ်သူများနေ့ဆိုတဲ့နေ့ရက်တစ်ရက်အောက်မှာ
အပျိုစင်ဂုဏ်လေး၊လူပျိုဂုဏ်တွေမပျက်စေချင်။
နှစ်တိုင်းရောက်လာမယ့်ချစ်သူများနေ့ကိုရှားပါးတဲ့ဘ၀လေးနဲ့မလဲစေချင်။
အားလုံးအသိတခုရသွားရင်ကျေနပ်ပါတယ်
ဝေဖန်မူများကိုလက်ခံပါသည်။
ကြိုးစားနေဆဲ
ရှင်းသန့်မေ