Friday, January 18, 2013

သို့...ညီမလေး

 ညီမလေးရေ
အချစ်ဆို တာ
 ခံနိုင်ရည်ရှိဖို့လိုလိမ့်မယ်
ဘ၀ဆိုတဲ့လမ်း က
မဖြောင့်ဖြုးနိုင်သလို
အချစ်ဆိုတာ လည်း
အမြဲတမ်းချစ်တာပဲဖြစ်မနေဘူး
ချစ်မိရင်အသည်းကွဲတာ
ခံနိုင်ရည်ရှိအောင်တော့
ကြိုးစားထားညီမလေးရေ
အသဲကွဲတယ်ဆိုတာ
 ကဗျာရေးလို့တော့ကောင်းသားပဲ
ခံစားရတာမသတ်သာလှပါဘူး
ညီမလေးရေ
အချစ်ကိုတော့မစမ်းသပ်လေနဲ့
ပတ်ဝန်းကျင်ကတော့
အချစ်ကံခေမလေးလိုံ့
သတ်မှတ်လိုက်လိမ့်မယ်
ညီမလေးရေ.....

အချစ်ဆိုတာ
အားနာလိုတော့မချစ်လေနဲ
အားနာမှုကို အခွင့်ကောင်းယူတက်တဲ့
 လူတွေအတွက်
အချစ်ဆိုတာ အရောင်ဆိုးမခံနဲ့
အချစ်စာရင်းထဲ ထည့်မှတ်မနေပါနဲ့
တစ်ခုတော့ သတိပေးလိုက်ပါရစေ
ညီမလေးရေ.....
ဘ၀တိုတိုလေးမှာ
 ဝေဒနာဆိုတာ အပိုတွေပါ
အချစ်ဆိုတာ ကိုခုတုန်းလုပ်ပီး
အရောင်ဆိုးနေတဲ့လူတွေနဲ့
မတွေမိအောင်ရှောင်ရှားပါကွယ်
အချစ်စစ်နဲ့တွေ့ပါစေညီမလေးရေ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ

No comments:

Post a Comment