Friday, January 18, 2013

♥´သူ`♥

သူ
ငါ မသိလိုက်ပဲ
စိတ်ထဲအလိုလို
ရောက်နင့်နေပြီ
သူ
ငါရင်ခွင်တံခါးကို
ဘယ်အချိန်ဖွင့်လိုက်မိမှန်း
ငါကိုယ်တိုင်တောင်
မသိလိုက်ပါလား။
သူ
ငါလေသူအတွက်
ချစ်အတ္တပါးပါးလေး
ဖြစ်ခဲ့ရတယ်။
သူ့ကို
ချစ်မိသွားလို့ ပေါ့ကွယ်
တပြိုင်နက်ထဲ
အသိလေးက
သတိပေးတယ်ကွယ်
မဖြစ်နိုင်ဘူးတဲ့လေ။
သူ
ကိုယ်စီ အသိ
စောင့်ထိန်း သိက္ခာ နဲ့
နံရံခပ်ပါးပါးလေးမှာ
ဝေးနေမှန်းသိနေသော်လည်း
ကိုယ်စီသတိ
စောင့်ထိန်းရင်းနဲ့
ကံတရားကိုပုံချပြီး
ကံ ဆုံလို့ကြုံခဲ့ရတယ်
ကံ မဆုံသေး လို့
မတွေ့ဆုံသေးပေမယ့်
တွေ့ဆုံခွင့်ခဏကို
တပ်မက်လို့
ငါကျေနပ်နေမိတယ်။
သူ
ဆုံမိတဲ့ ခဏတာ က
ငါအတွက်တော့
မမေ့နိုင်တဲ့
တစ်ဘ၀တာ
အမှတ်တရပါပဲ။
သူ
သူကြောင့်
အချစ်ဆိုတာ
သိသွားခဲ့ရတယ်
သူမသိပေမယ်
ငါ့ ရင်မှာ မြိုသိပ်
သိမ်းဆည်းထားပြီး
သူသိသိ
မသိသိ
ချစ်နေမယ်
ချစ်မိ"သူ"ရေ
ချစ်တယ်ဆိုတဲ့
စကားလုံးက
တိုလွန်းပေမယ့်
အချိုသာဆုံး
စကားလုံးလေးမို့
သိပ်ချစ်တယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment