Showing posts with label ဘ၀ထဲကကဗျာ. Show all posts
Showing posts with label ဘ၀ထဲကကဗျာ. Show all posts

Wednesday, July 24, 2013

(၂၁ ရာစုမှာ လူတွေရဲ့ ငိုကြွေးသံ)



နာဂစ်ကစလိုက်တဲ့ငိုကြွေးသံ

ဂီရိမုန်တိုင်းဆက်ဖြစ်

ရခိုင်အရေးအခင်း

လက်ပံတန်းတောင်အရေးအခင်း

မလေးအရေးအခင်း

လူတွေရဲ့အသည်းနှလုံးငိုကြွေးနေကြတယ်

အပြစ်မဲ့ပြည်သူတွေ ငိုကြွေးနေကြတယ်

ကမ္ဘာ့နေရာအနှံ့မှာ

ဘာသာရေး၊ ယဉ်ကျေးမှု၊

အသားအရောင်၊ လူမျိုးရေး

ပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်တယ်၊

လူအချင်းချင်း နှိပ်စက်သံ

ဝေဖန်ရေးသမားတွေရဲ့ ပါးစပ်

ဟိုယောင်ယောင် ဒီယောင်ယောင်

ဟိုလူတွေလက်ညိုးထိုး

ဒီလူလက်ညိုးထိုး

လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့

လူအခွင့်အရေးလို

အော်ဟစ်နေကြတဲ့လူတစုလည်းရှိသေးရဲ့

ဘာအခွင့်အရေး ညာအခွင့်အရေး

လည်းချောင်းကွဲအောင်နေ့တဓူဝ

အော်ဟစ်နေကြသေး

စည်းကမ်းရှိပါကွမ်းတံထွေးမထွေးရ(ဗျစ်ကနဲ)

အမှိုက်မပစ်ရ(ဗုန်းကနဲ)

စည်းကမ်း စည်းကမ်း ဆောင်ပုဒ်မှာရှိရဲ့

လူအခွင့်အရေးအော်နေသေးရဲ့

ဝိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့

အိပ်ချင်ယောင်၊ ရူးချင်ယောင်ဆောင်နေတယ်

ဝါးအစည်းကပျယ်နေမှတော့

ဟိုနေရာက၀င်ချိုး

ဒီနေရာက၀င်ခုတ်ကြမှာပဲ

လူအခွင့်အရေးဒီမိုကရေစိအော်နေရုံနဲ့မပြီးဘူး

အောက်ခြေကခိုင်မာမှ

အောက်ခြေကမခိုင်ပဲ

တိုးတတ်ဖို့မပြောနဲ့

မတည်မြဲနိုင်ဘူး

အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း

မရှင်သန်နိုင်ဘူး

ဟိုလူကို အပြစ်တင်

ဒီလူကို ရှုံချ

ဒီလိုနဲ့ပဲ မြင်ယောင်မိသေးရဲ့.....။

(အတွေးသက်သက်သာ မည်သူကိုမှမရည်ရွယ်ပါ)
လေးစားလျက်

ရှင်းသန့်မေ

တနေ့နေ့မျှော်မှန်း




မွေးမြေအဝေး

ရည်ရွယ်အတွေး

ဆန္ဒကိုယ်စီ

သွားခဲ့ကြတယ်

မြင့် မားပန်းတိုင်

လှမ်းနိုင်ဖို့ရွယ်

ကိုယ့်မြို့ရွာစွန့်

ထွက်သွားသူတွေများလှပင်။


ကိုယ်နိုင်ငံမှာ

နေချင်ပေမယ့်

အခြေတကျမရှိ

ထိတဲ့ ရင်ထဲ

ကျေကွဲမပြီး

ကိုယ့် ခရီးကိုယ်လျှောက်

ဝေဒနာများစွာ

ကိုယ့် ဝမ်းကိုယ်သာအသိဆုံးပါ...။

မိသားစုအတွက်

ဘ၀စတေး

အပျော်ပျောက်လည်း

ကြိုးစားကျိတ်မှိတ်

ဆိတ်ဆိတ်ကြိတ်ငို

အတိတ်ထားခဲ့ 

ကျတဲ့ ဒီချွေး

ခြေမစီးလည်း

မိသားစုအတွက်

တင်းထားတဲစိတ်

မနေမနား

သွေးစက်ကျ လည်း

ကြိုးစားဆဲပါ

တနေ့ရည်ရွယ်မျှော်ကာတွေးလျှက်ပင်


(အဝေးရောက်မြေမှသူငယ်ချင်းမျှော်လက့်သောတနေ့အမြန်ရောက်ပါစေ)))



♥★ ချစ်ခင်လေးစားလျှက်♥★

♥★ ရှင်းသန့်မေ♥★

အိမ်ဝေးငှက်တကောင် တမ်းချင်း




ခိုင်မာတဲ့အနာဂတ်

ပျော်ရွှင်တဲ့မိသားစု

တစ်ခုထုဆစ်ဖို့

အိပ်မက်တွေကိုထမ်းပိုးရင်း

ချန်ထားခဲ့ရတဲ့

အမေရဲ့မျက်ရည်တစ်စက်

မွေးရပ်မြေရဲ့ အငွ့အသက်ပစ်ကာ

သံယောဇဉ်ကိုလျစ်လျူရူ

ကံတရားရဲ့ မျက်ကွယ်

ရေကြည်ရာမြက်နုရာ ဖွေရှာ

နွေးထွေးတဲ့အမေအဝေး

မိသားစုအသိုက်အမြုံနဲ့ဝေးတဲ့အရပ်မှာ

အိမ်ပြန်ချင်ပေမယ့်လည်း

အောင်မြင်မူတွေအတွက်

မာနကိုတင်းခံ

ပန်းတိုင်ကိုလျှောက်လှမ်းရင်း

အိမ်ပြန်ချိန်တမ်းတပေမယ့်လည်း

အိမ်နဲ့ဝေးဆဲပါပဲ။


အဝေးရောက်သူငယ်ချင်းများအတွက်
ရှင်းသန့်မေ

ငါတို့သွေးနဲ့သမိုင်းရေးမယ်



ဆွေရိပ်မကင်း

သွေးသားရင်းတို့

ရင်ဝယ်မချိ နွမ်းလျသည့်ဒဏ်

ခံရသည်မို့

တွဲလျှက်မျက်ရည်ခိုဝဲမိသည်.....


ရှစ်ခွင်ရပ်ဝန်း

ဒုက္ခလွှမ်း၍

ငါ့သွေးငါ့သား ငါ့အမျိုးများမှာ

မှေးမှိန်ဓမ္မ မြတ်ဒါနနဲ့

အလှပျက်ပြား သောကများရ

ငြိမ်းချမ်းမူကင်း စိုးထိတ်ရင်မှာ

ထိတ်ထိတ်ဖြာ၍

ရင်ဝယ်မီးတောက် အတိတည်း .....


သယံဇာတပေါကြွယ်ဝလည်း

ပျောက်ပျက်ကုန်ဆုံး

အမှောင်ဖုံးပြီ

နိုင်ငံဂုဏ်ရိပ် မျိုးဂုဏ်တင့်ဖို့

တို့တွေသွေးနဲ့ ကမ္ဗည်းရေးတင်

နှလုံးသွေးဆင့် လက်ချင်းဆက်ရင်း

တစ်မြေတည်းနေ တို့ညီနှောင်တွေ

တို့တိုင်းပြည်တွက် ရေမြေကွာဝေး

တောင်စဉ်ခြားလည်း

ဘိုးဘွားမြေကို

ထိန်းသိမ်းဖို့ရေး

ငါတို့သွေးနဲ့သမိုင်းရေးမယ်


သွေးချင်းတွေ.......









အေးချမ်းပါစေမြန်မာပြည်

လေးစားလျှက်

ရှင်းသန့်မေ

လှမျိုးစုံညီ တို့မြန်မာပြည်




ရောင်စုံလှပ

ဖူးငုံကြွလျက်

လက်သွေးစည်ဝေ

ရေမြေခမ်းနား

မြင့်မားတောတောင်

ဝေသီခေါင်ဖျား

ပေါများရှိပြန်

သယံဇာတ

ရွှေရောင်မြလွှမ်း

အေးချမ်းသာယာ

စိမ်းလန်းပါသည် တို့မြန်ပြည်။

စေတီပုထိုး

အမျိုးမျိုးနှင့်

ရောင်ဝါဝင့်လွန်း

သာသနာထွန်းကာ

ဘာသာတရား

ကိုင်းရှိုင်းများသည် တို့မြန်ပြည်။

ချစ်သောတို့မြေ

ကြွယ်ဝဝေလျှံ

သယံဇာတ

ပြည့်စုံလှလျက်

အတ္တဖက်ဆဲ

ငါစွဲမကင်း

ညီညွှတ်ခြင်းဝေး

ပြိုပျက်သွေးကွဲ

စိတ်မာန်ကဲလျက်

အမျိုးတွက်ကို

မငဲ့လိုရှိ

သတိမဲ့ကာ

ရှေ့ဆက်ပါက

သာလှမြန်မာ

သယံဇာတများ

တပါးသူလက်

ကျရောက်လျက်သာ

သေချာသမို့

ရှေ့သို့မျှော်တွေး

ညီညွတ်သွေးစည်း

နှိုးဆော်ကာဖြင့်

တို့မြန်မာပြည်

သာယာစေဖို့

ငါတို့အားလုံး ကာကွယ်စို့။

စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

ငါ့ကိုလွတ်လပ်စွာ...ဖူးပွင့်ခွင့်ပြုပါ





ငါတို့မြေသည်

မြေဆီကောင်း၍

စွမ်းကုန်ပွင့်လန်း

ပန်းပွင့်လေးလို

အပွင့်ထပ်ထပ်

ပွင့်ချပ်လှလို့

ခူးဆွတ်ချင်သူ

များလှပေသည်။


ထိုပွင့်ချပ်သည်

အလွှာထပ်ထပ်

ခွာချာနေသူ

များပြားလှ၍

ပွင့်ချပ်သစ်တွေ

မပွင့်နိုင်ပေ။


ပန်းပွင့်လေးသည်

ခူးခြွေသူနဲ့

ပိုးလောက်ကိုက်သူ

များပြားလာ၍

ပန်းပွင့်လေးမှာ

ကောင်းစွာမပွင့်

လန်းဆန်းစွာဖြင့်

မဖူးပွင့်ရ။



ပိုးထိုး လောက်ကိုက်

အူတိုင် ထိ တိုင်

ပြုတ်ပြုတ်ပြုန်းအောင်

အရိပ်နေနေ

အခက်ချိုးလို့

မ၀သေးပဲ

တပါးသူများ

ခူးချွတ်ယူငင်

ပန်းပွင့်ပင်စည်

အမြစ်ထိအောင်

ပိတ်လှောင်ဖျက်စီး

ပန်းပွင့်လေးခမျာ

တစာစာအော်

အားကုန်ဟစ်ကြွေး

ငါကိုလွတ်လပ်စွာ

ပွင့်လန်းခွင့်ပြုပါတော့

အစွမ်းကုန်ဖူးပွင့်ပါရစေ

လောကကြီးရေ

အရောင်တွေ

ငါ့ကို ၀ိုင်းမဆိုးပါနဲ့လို့ ပြောပါရစေ

အဖြူထည် သက်သက်နဲ့ ငါနေပါရစေ...။


စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

တနေ့နေ့မျှော်မှန်း




မွေးမြေအဝေး

ရည်ရွယ်အတွေး

ဆန္ဒကိုယ်စီ

သွားခဲ့ကြတယ်

မြင့် မားပန်းတိုင်

လှမ်းနိုင်ဖို့ရွယ်

ကိုယ့်မြို့ရွာစွန့်

ထွက်သွားသူတွေများလှပင်။


ကိုယ်နိုင်ငံမှာ

နေချင်ပေမယ့်

အခြေတကျမရှိ

ထိတဲ့ ရင်ထဲ

ကျေကွဲမပြီး

ကိုယ့် ခရီးကိုယ်လျှောက်

ဝေဒနာများစွာ

ကိုယ့် ဝမ်းကိုယ်သာအသိဆုံးပါ...။

မိသားစုအတွက်

ဘ၀စတေး

အပျော်ပျောက်လည်း

ကြိုးစားကျိတ်မှိတ်

ဆိတ်ဆိတ်ကြိတ်ငို

အတိတ်ထားခဲ့ 

ကျတဲ့ ဒီချွေး

ခြေမစီးလည်း

မိသားစုအတွက်

တင်းထားတဲစိတ်

မနေမနား

သွေးစက်ကျ လည်း

ကြိုးစားဆဲပါ

တနေ့ရည်ရွယ်မျှော်ကာတွေးလျှက်ပင်


(အဝေးရောက်မြေမှသူငယ်ချင်းမျှော်လက့်သောတနေ့အမြန်ရောက်ပါစေ)))



♥★ ချစ်ခင်လေးစားလျှက်♥★

♥★ ရှင်းသန့်မေ♥★

ဲပြင်ဆင်ခွင့်မရှိတဲ့..လူ့စည်းမျဉ်းတဲ့လား





ပြင်ဆင်ခွင့်မရှိတဲ့

လူ့စည်းမျဉ်းတွေကြားမှာ

လူလူချင်းလေးစားမူတွေ

ပျောက်ကွယ်ကုန်ပြီ

ဂါရ၀တရားတွေ ပျောက်ပျက်ပြီ။


ဘယ်နေရာသွားသွား

ဘာပဲလုပ်လုပ်

သမိုင်းကောင်းကြောင်း

ထောက်ခံစာတစ်စောင်ထက်

လူကြီးလက်မှတ်ရှိမှတဲ့လား

စာရိတ္တလက်မှတ်ကော

မလိုအပ်တော့ဘူးတဲ့လား။

အပေါ်နဲ့အောက်

ရှေ့နဲ့နောက်မညီတဲ့

အချို့ကိစ္စတွေ

အပေါ်ထပ်ကဖိလိုက်

အောက်ကပင့်လိုက်

ဘေးကတီးလိုက်

ကြားထဲကရေနည်းငါးတွေတော့

ယိုင်နဲ့နဲ့တွယ်ကူရာမဲ့နေပြီ။



မည်သူကိုမှမရည်ရွယ်ပါ
ဖြစ်နေတာလေးတွေကိုတွေနေတာလေးတွေကို
ချရေးလိုက်မိတာ
စာဖတ်သူများအားလေးစားလျှက်

ရှင်းသန့်မေ

မုန်တိုင်းကြားက ပန်းလေးများငြိမ်းချမ်းကြပါစေ



စစ်စနစ်ဆိုးဂယက်ကြောင့်

နှစ်ဦး၊ နှစ်ဖက်

ဆုံးရှုံးနစ်နာများလှပြီ

တိုက်ပွဲသဘောတရား

သေနင်္ဂဗျူဟာများကြောင့်

တိုက်ပွဲဖြစ်ပေါင်းများလှပြီ

ဘယ်သူနိုင်နိုင်

ဘယ်သူရှုံးရှုံး

ဆုံးရှုံးရတာ

တို့သွေးချင်းတွေပါ

အော်ဟစ်ငိုသံငြီးတွားသံ

နေရာအနှံ့ပြည့်နက်နေ

အမှန်တရား မြတ်နိုးသူနဲ့

အာဏာလက်ကိုင်ထားသူတို့

တိုက်တဲ့ပွဲမှာ

အနာဂါတ်အတွက်

အပြစ်မဲ့ပန်းကလေးများ

အရိပ်မဲ့ရ

လူသားတို့ကြောင့်ဖြစ်တဲ့စစ်ပွဲ

လူသားများက ရပ်တန့်ပေးကြပါ

အပြစ်မဲ့ လူမမယ်ကလေး

အားငယ်စွာ ငိုရှိုက်သံတို့အစား

စာသင်ကျောင်းရှေ့

နိုင်ငံတော်အလံတော်အောက်

အားမာန်တက်ကြွစွာ

သီဆိုလိုက်သည့် နိုင်ငံတော်သီချင်းသံ

မြန်ပြည်မြောက်ဖျားမှစတင်ပြီး

မြန်ပြည်နောက်ခြမ်းတိုင်

အပြစ်မဲ့နေလောင်းပန်းကလေးများအသံ

မိုးထိအောင်ညံလွှင့်ပျံနိုင်ပါစေ

ကလေးငယ်အားလုံးဘ၀များ ငြိမ်းချမ်းသာယာပါစေ။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

(ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်




သူငယ်ချင်းတို့ ရေ

မိုးစိုမှာကြောက်လို့

မိုးတိတ်မှ အပြင်ထွက်မဲ့

စိတ်ဓါတ်တွေနဲ့ တော့

ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

ယုံကြည်ချက်ကိုယ်စီထမ်း

ကမ္ဘာသစ်ဆီသွားမယ့်လမ်းဟာ

ကြမ်းတော့ကြမ်းလိမ့်မယ်

ဆိုးချင်ဆိုးလိမ့်မယ်

ကမ္ဘာသစ်ရောက်ဖို့

ငါတို့ကြောက်သွေးတွေ

ဖေါက်ထုတ်ထားရမယ်

ရဲရဲတောက်သွေးနဲ့

အနာဂါတ်အတွက်

တောက်ပတဲ့အလင်းရောင်တွေ့ဖို့

အရှေ့ကိုဘဲတည့်တည့်ကြည့်ပြီး

ရဲရဲဝံ့ဝံ့ လျှောက်ရအောင်

သူငယ်ချင်းတူညီတဲ့ဆန္ဒနဲ့

လမင်းကြီးကိုမြင်ချင်ရင်တော့

ကြယ်စင်တွေပြိုင်တူတောက်ပဖို့တော့လိုလိမ့်မယ်။


ပြိုင်တူတွန်းရင်ပန်းတိုင်ရောက်မြန်လိမ့်မယ်။


လေးစားလျှက်
ရှင်းသန့်မေ