Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, June 26, 2015

##‪#‎တန်ဖိုး‬###


ညီမလေးရေ
ညီမလေးကမိန်းကလေးမို့
ပန်းလေးတစ်ပွင့်နဲ့ တင်စားလိုက့်မယ်။
ညီမလေးရဲ့ခန္ဓာကိုယ်မှာ မာနကိုဆူးအဖြစ်ဝတ်ဆင်ထားတာ
မမှားပါဘူး။
ညီမလေးရဲ့ယုံကြည်မူကို
အဆင်တန်ဆာလိုဝတ်ဆင်ထားတာလည်း
မမှားပါဘူး။
့်
ညီမလေးလှချင်လွန်းလို့
လည်ဟိုက်အင်္ကျီဝတ်ထားလည်း
ဘာမှမဖြစ်ဘူး။
ညီမလေးစတိုင်ကျချင်လို့
ဘောင်းဘီဖင်ကျပ်စကတ်အကွဲဝတ်လည်း
ဘာမှမဖြစ်ပါဘူး။
ညီမလေးရေခေတ်မီပါ
ခေတ်တော့အရမ်းမဆန်လွန်းနဲ့ပေါ့
ရင်ခုန်ပါချစ်ပါ
ကိုယ့်ကိုယ်ကိုတော့ယုံကြည်မူလွန်ကဲ
ဘဝကိုဆွဲမနှစ်လိုက်ပါနဲ့။
ရောဂါဆိုတာမဖြစ်ခင်ကုမှကောင်းသလို
ိုပန်းတစ်ပွင့်အခြွေမခံရဖို့
ကိုယ်ကိုယ်တိုင်ပဲထိန်းသိမ်းနိုင်မယ်။
ညီမလေးရေ
ကိုယ်ကကျူးဒူးကိုတောင်မယုံရတဲ့
ဲ့ခေတ်မှာရိုးသားတဲ့လူအတွက်
နောက်ကျောကို ဓားနဲ့ထိုးဖို့ သိပ်လွယ်တယ်။
ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းနေတဲ့
ခေတ်ဆိုပြီး ရင်ဘောင်တန်းမနှိုင်းယှဉ်လိုက်ပါနဲ့။
ဘယ်လိုခေတ်ပဲဖြစ်နေပါစေ
ညီမလေးကမိန်းမဟာမိန်းမပါပဲ။
မိန်းကလေးဆိုတာ
ဟိရီသြတ္တပ္ပတရားနဲ့ပြည့်စုံမှသာ
မိန်းမကောင်းလို့သတ်မှတ်တယ်။
အကြောက်တရားရှိမှအရှက်တရားရှိမယ်။
မကြောက်တတ်မရှက်တတ်တဲ့
မိန်းကလေးကိုဘယ်သူမှအထင်မကြီးတတ်ဘူး။်
ခေတ်ကာလမကောင်းတဲ့ခေတ်မှာ
ညီမလေးကိုယ့်ကိုယ်ကို
ပန်းကောင်းတစ်ပွင့်အဖြစ် ယုံကြည်ရင်
ကိုယ့်ကိုယ်ကိုမိန်းမကောင်း
မိန်းမမြတ်တစ်ယောက်အဖြစ်
တန်ဖိုးထားတတ်ရမယ်
တန်ဖိုးဆိုတာကိုယ်သတ်မှတ်ထားတဲ့ပေါ်မူတည်ပြီး
ပတ်ဝန်းကျင်ကလက်မှတ်ပေးတတ်ကြတာပါ။
ပတ်ဝန်းကျင်ကိုဂရုစိုက်စရာအမြဲမလိုပေမယ့်
လျစ်လျူရှူလို့မရဘူး ညီမလေး
ကမ္ဘာကြီးတစ်ခုလုံးပေးမယ်ဆိုရင်တောင်
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးနဲ့ မလဲလှယ်လိုက်ပါနဲ့ညီမလေးရယ်။
လေးစားလျက်
ရှင်းသန့်မေ

#‪#‎ညီမလေးသို့‬


ညီမလေးရေ
တစ်ချို့တွေက ပျော်ရွှင်စွာ နေထိုင်တတ်တယ်
ရောင့်ရဲမှုနဲ့ပေါ့
တစ်ချို့တွေက ပြုံးနေပေမယ့်
အတုအယောင်များနဲ့ပေါ့
တစ်ချို့တွေက အလိုမကျမှုတွေနဲ့
လောဘသားကောင်ဖြစ်လို့
တစ်ချို့ကတော့ ဘဝပေးကုသိုလ်မှတ်ပြီး
အားတင်းထားရင်းပေါ့
လောကကြီးမှာ အသိဥာဏ်ပညာ
ပြည့်စုံသူတွေ ရှိသလို
တစ်ချို့တွေဟာ အသက်အရွယ်နဲ့မလိုက်အောင် အသိဥာဏ်တွေ ခေါင်းပါးလို့ပေါ့
တစ်ယောက်နဲ့တစ်ယောက် မမြင်ချင်ယောင်ဆောင်ကြတဲ့သူရှိသလို
ရင်းနှီးပွင့်လင်းစွာ ဆက်ဆံတတ်တဲ့သူလည်းရှိတယ်
သိုးတစ်ကောင်လိုစိတ်ထားတတ်သူရှိသလို
ဝံပုလွေရေခွံနဲ့လှည့်ဖျားတတ်တဲ့သူလည်းရှိတယ်

ညီမလေးရေ
လောကကြီးမှာ
အာဒံဧ၀လိုအချစ်မျိုးပဲရှိတယ်မထင်နဲ့
အဆိပ်ရှိတဲ့ပန်းသီးတွေလည်းအများကြီး
လောကကြီးမှာမရှိတာတွေ အများကြီး
ကိုယ်ချင်းစာစိတ်မရှိတော့ဘူး
မုဒိတာမထားတတ်ကြတော့ဘူး
မေတ္တာမပွားနိုင်ကြတော့ဘူး
ညီမလေးရေ
လောကကြီးတကယ့်အပြင်ဘက်ကို
မင်းထွက်ခဲ့မယ်ဆိုရင်
ကိုယ်မှာလိုက်ပါရစေ
မျက်စိကိုဖွင့်ထားပါ
နားကိုစွင့်ထားပါ
ဘဝကိုရိုသားစွာလျှောက်လှမ်းပါ
မရိုးအမိစေနဲ့
အချောင်နှိုက်သူတွေသိပ်များတယ်
လောကကြီးကအတုအယောင်သိပ်များတယ်
သတိနဲ့နေပြီးအသိနဲ့ရှောင်ရှားပေါ့ ညီမလေး။
လေးစားလျက်
Shin Thant May

Monday, December 8, 2014

ညီမလေးဘေးက ကြယ်ကလေးကကိုယ်


ညီမလေးရေ
အဖြူရောင် သံယောဇဉ်တချို့ကို
”သံယောဇဉ်" လို့ ခေါင်းစဉ်တပ်လိုက်မယ်
သမုဒယတွေနဲ့ချည်နှောင်တာကို
"အချစ်" လို့ သတ်မှတ်လိုက်မယ်
အချစ်ဆိုတာ
ကိုယ့်ရင်ကိုခွဲမယ့်
ဓါးတစ်လက်ဖြစ်ခဲ့မယ်ဆိုလည်း
မင်းဆီပေးအပ်
သွေးလိုက သွေးစေတော့
ပိုးဖလံတွေရဲ့ ရဲစွမ်းသတ္တိလိုမျိုး
မီး ကိုပဲ တိုးလည်း
တိုးပါရစေ ညီမလေးရယ်
ညီမလေးရေ
မင်းဟာ ကိုယ့်ရဲ့
နောက်ဆုံး သစ်ရွက်ကလေးဖြစ်သလို
မင်းဟာ ကိုယ့်ရဲ့ နံရိုးလေးဖြစ်တယ်
ညီမလေးရေ
စိတ်ကူးတွေနဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်
လှပနေလေရဲ့
ညီမလေးရေ
လူဘဝဆိုတာ တိမ်တွေလိုပါပဲကွယ်
ဆုံစည်းရလိုက် ခွဲခွါရလိုက်နဲ့
အခိုးအငွေ့ သိပ်ဆန်လွန်းတယ်
ညီမလေးရေ
မင်းဟာ ကောင်းကင် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်ဟာ အဲ့ဒီကောင်းကင်မှာ ချိတ်ဆွဲထားတဲ့
ကြယ်တံခွန်လေး ဖြစ်ချင်တယ်
မင်းအတွက် ဘေးနားကနေ ပြီး
လင်းလက်ပေးပါရစေ။


လေးစားလျက်
ရှင်းသန့်မေ

ချစ်သူပုံရိပ်


ချစ်သူကိုမြတ်နိုးလို့
ပန်းချီရေးကြည့်တယ်
ကိုယ်ရေးဆွဲတဲစုတ်ချက်က့
မင်းရဲ့ပုံရိပ်ကိုပီပြင်အောင်
မရေးဆွဲနိုင်ပါလားကွယ်။
ချစ်သူမျက်နှာလေးကို
ပန်းပုထုကြည့်တယ်
ကိုယ်ထုဆစ်တဲ့ရုပ်ထုက
မင်းအပြုံးကို ပေါ်လွင်အောင်
မထုဆစ်နိုင်ပါလားကွယ်….
မင်းကိုချစ်တာကို
ကဗျာရေးကြည့်တယ်
ကိုယ်ရေးစပ်တဲ့ ကာရန်တွေက
မင်းအချစ်ကိုမှီအောင်
မဖွဲ့နွဲ့နိုင်ပါလားကွယ်
မင်းကိုလွမ်းလို့
တေးဆိုကြည့်မိတယ်
ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက
ကိုယ့်လွမ်းဆွတ်မှုတွေကို
မင်းသိအောင်
မသီကျူးနိုင်ပါလားကွယ်
ဘယ်လိုပဲဖြစ်ဖြစ်
မင်းကိုချစ်တာ
မင်းကိုလွမ်းတာ
မင်းကိုမြတ်နိုးတာကို
ကိုယ်ဆက်လက်ထုဆစ်နေမိအုန်းမှာပါ
ချစ်သူရယ် ။
လေးစားလျက်
ရှင်းသန့်မေ

သစ္စာအိမ်



ချစ်သူရေ
ကမ္ဘာတစ်ဘက်ခြမ်းကနင်နဲ့
တခြားကမ္ဘာတစ်ဘက်ခြမ်းက.ငါ
ချစ်သူတွေဖြစ်ခဲ့ကြတာ
ဆန်းတယ်နော်။
ချစ်သူရေ
သာတာနာတွေ မတွေး
ညာညာတာတာကာ တွေးလို့
ကြင်ကြင်နာနာ ပေးလျက်
နှလုံးသားချင်းအပ်
ပါးချင်း ကပ်လို့
နားလည်မူနဲ့ချစ်ကြမယ်နော်။
ချစ်သူရေ
သေသေချာချာ တွေး
အချစ်ကိုအချစ်တိုင်း ချစ်လျက်
သံယောဇဉ်ကခိုင်ခဲ့ပြီနော် ။
ချစ်သူရေ
လေထဲက အနမ်း
ဖုန်းထဲက လွမ်းလျက်
အကြင်နာတွေ ဆထက်တိုးကြမယ်နော်။
ချစ်သူရေ
ချစ်တတ်တာလေး
စိတ်ကတွေးလို့
စိတ်ကောက်တဲ့အခါ.ချော့ပေးနော်။
ချစ်သူ
စိတ်နွမ်းတဲ့ အခါ
စိတ်အေးမြအောင်
သံစဉ်ကလေးသီဆိုပြမယ်
ချစ်သူကလေးနားထောင်နော်။
ချစ်သူရေ
အနာဂါတ်ခရီးလမ်း
ကြမ်းကြမ်းမကြမ်းကြမ်း
ကိုယ့်ဘ၀ကမင်း
မင်းဘ၀ကကိုယ် စိတ်မှာမှတ်လျှက်
တူယဉ်ကာတွဲ
အနာဂတ်ကိုလျှောက်လှမ်းကြမယ်နော်။
ချစ်သူရေ
မာနတွေလည်း မထား
အတ္တတွေဖယ်လျှက်
ရင်ဘတ်ခြင်းညှိပြီး
သစ္စာအိမ်လေး ဆောက်စို့နော်။
လေးစားလျက်
ရှင်းသန့်မေ

ဘာလိုသေးလဲအချစ်ရယ်


လာပါ အချစ်ရယ်
မင်းကဗျာတွေကို ငါကရေးပြီး
ငါ့ တေးတွေကိုမင်းကဆိုပေးလေ.
ဟောသည်
စမ်းချောင်းနံဘေးမှာ
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ရင်း
အတူတူ ခိုလှုံခဲ့ကြတာပေါ့.
တို့ရင်ခုန်သံအားလုံးဟာ
ဒီနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်အားလုံး
မင်းနှလုံးသားမှာ
ပန်းတပွင့်လို ပွင့်စေမယ်
မင်းရင်ခွင်ဦးမှာ
ငါ့နဖူးကို မှေးတင်ချင်မှေးတင်မယ်
တခါတလေလည်း
ငါ့ရင်ခွင်မှာ မင်းက ခေါင်းအုံးရင်း
တစ်ယောက်ရဲ့အချစ်ရိပ်တွေကို
တစ်ယောက်ဖတ်ကြတာပေါ့
ဟောသည်
ပင်လယ်ကြီးကဘယ်လောက်ကျယ်ပါစေ
ကောင်းကင်ကြီးဘယ်လောက်မြင့်ပါစေ
ငါတို့ ချစ်ခြင်းများနဲ့ကျော်ဖြတ်ကျတော့ပေါ့
ကဲ ...နောက်ထပ် ဘာလိုသေးလဲအချစရယ် ။
လေးစားလျက်
ရှင်းသန့်မေ

ပန်းသီးလေးသာဖြစ်မယ်ဆိုရင်


ဘုရားသခင် ဖန်ဆင်းလိုက်တဲ့
ချစ်သူဟာငါ့အတွက်
အာဒံဖြစ်သလို
ငါ့အတွက်
နံရိုးတစ်ချောင်းလည်းဖြစ်ရဲ့
ချစ်သူရယ်
မင်းကသာထာဝရပါလို့ပြောရင်
ကိုယ်ဟာသက်ဆုံးတိုင်
မင်းရဲ့ကျွန်ဖြစ်လိုက်ချင်မိသူပါ
ချစ်သူရယ်
မင်းကသာထာဝရ
ချစ်တယ်လို့ပြောရင်
ကိုယ်ကထာဝရထက်တစ်ရက်
ပိုချစ်မိသူရယ်ပါ။
ချစ်သူရယ်
ရင်ထဲကနှလုံးသားသာ
ပန်းသီးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင်
ဧဝကအာဒံကိုကျွှေးသလို
တကိုက်ဖြစ်ဖြစ်
ချစ်သူကိုကျွေးချင်ပါတယ် ချစ်သူရယ်။


လေးစားလျက်
ရှင်းသန့်မေ

လွမ်းတယ်

မျှော်နေမိတယ်
မင်းလာမလားလို့
စိတ်ပူမိတယ်
မင်းနေကောင်းရဲ့လားလို့
တွေ့ချင်မိတယ်
မင်းမျက်နှာလေး
စောင့်နေမိတယ်
မင်းလာချိန်လေး
ရေးနေမိတယ်
မင်းအတွက်ကဗျာလေး။

လေးစားလျက်
ရှင်းသန့်မေ

မင်း ဘယ် မှာ လဲ ကွယ်




စိတ် တွေ အ ၇မ်း ပင် ပန်း နေ တဲ့ အ ချိန်
နူး ညံ့ တဲ့ အ ပြုံး နဲ့ ဖေး မ တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
လော က ကြီး ကို အ ရှုံး ပေး ချင် နေ တဲ့ အ ချိန်
ချို သာ တဲ့ စ ကား လုံး တွေ နဲ့ အား ပေး တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
အ ရာ ရာ အား လုံး မေ့ ထား ချင် တဲ့ အ ချိန်
အ နား မှာ အမြဲရှိနေပေးပြီးအားပေး တတ်တဲ့ သူရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
စိတ် ဓါတ် တွေ အ ရမ်း ကျ ဆင်း နေ တဲ့ အ ချိန်
မင်း ကြင်နာတဲ့လက်တစ်စုံကြောင့်
ဖြတ် ကျော် ခဲ့ ရ တယ်
ဘယ် လို ကိစ္စတွေ ဖြစ် နေ ဖြစ် နေ
အ နား မှာ အ မြဲ ရှိ နေ ပေး ပြီး
အား ပေး ပါ မယ့် ဆို တဲ့ သူ ရေ
ခုတော့ မင်း ဘယ်မှာလဲ ကွယ် ။
လေးစားလျက်
ရှင်းသန့်မေ

Thursday, June 19, 2014

ဖျားတယ်



အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
အလွမ်းတွေဖျားတယ်
အဆွေးတွေဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
ငိုကြွေးမူတွေဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
စည်းကမ်းတွေ ဖျားတယ်
လူမူရေးတွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
မျှော်လင့်ချက်တွေ ဖျားတယ်
ငြိမ်းချမ်းရေးတွေဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
ဖျားတယ်
စိတ်ဖျားတာကတော့အဆိုးဆုံးပဲ။

လေးစာလျက်
ရှင်းသန့်မေ

Monday, February 17, 2014

ထပ်တူကျတဲ့ဆန္ဒ



ပန်းခင်းလမ်း
မဟုတ်ပေမဲ့
ငြိမ်းချမ်းမှု့ တွေနဲ့ 
သာယာစိမ်းစိုတဲ့
လမ်းတခု
တွဲလက်ယှဉ်ပြီး
လျှောက်လိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးချမ်းမှု့ တွေနဲ့ 
သာယာစိုပြေတဲ့
လမ်းတခု
အတူယှဉ်တွဲပြီး
လျှောက်လှမ်းလိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးအတူပူအမျှ့နဲ့
သာယာလှုပတဲ့
ဘဝလမ်းတခု
တွဲလက်ယှဉ်ပြီး
တည်ဆောက်လိုက်ချင်ရဲ့။

အလှမ်းဝေးတဲ့
တို့နှစ်ယောက်
စိတ်ကူး ပီတိတွေနဲ့ 
စိတ်ထဲ ဖြစ်ပေါ်လာတာတဲ့
အချစ်အိမ်မက်တွေနဲ့အတု
မပြောင်းလဲတဲ့
အချစ်ခံစားမှု
ချစ်သူနဲ့ နှစ်ကိုယ်တွဲ
လျှောက်ချင်တဲ့ ဆန္ဒ
တူနှစ်ကိုယ်စိတ်မှာ
ထပ်တူကျနေခဲ့တယ်။

လေးစားလျက်
ရှင်းသန့်မေ

Tuesday, December 24, 2013

ရာဇ၀င်များရဲ့သတို့သမီး


Photo: ရာဇ၀င်များရဲ့သတို့သမီး မေခ မလိခ ရင်ငွေ့ကပေါက်ဖွားလာ မိဘနှစ်ပါးလုံး ချစ်မငြီး ရာဇ၀င်များရဲ့သူတို့သမီး။ ဖွင့်ဖွင့်ထွားထွား ၀င့်ကြွားလှတဲ့ အလှတရားများနဲ့ ရာဇ၀င်များရဲ့သတို့သမီး။ အားမာန်ကိုတင်း သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့ စီးမြဲတိုင်းစီးနေပါတဲ့ ရာဇ၀င်များရဲ့သတို့သမီး။ လူ့မိစ္ဆာများ အလှတရားခြေဖျက် သွေးသောက်ချင်တဲ့ ရာဇ၀င်များရဲ့သတို့သမီး။ ကိုလိုနီလက်ထက်လည်း အပျိုရည်မပျက် ဖက်ဆစ်လက်ထက်လည်း အပျိုရည်မပျက်ခဲ့ပါပဲနဲ့ ကာလနဂါးလက်ထက်မှာမှ အပျိုရည်ပျက်လုလုဖြစ်နေသော ရာဇ၀င်များရဲ့သတို့သမီး။ မင်းမျက်ရည်မြေမခ မင်းသွေးအထိမခံ ငါတို့သွေးနဲ့ကာကွယ်မယ်။ လေးစားလျက် ရှင်းသန့်မေ

မေခ မလိခ
ရင်ငွေ့ကပေါက်ဖွားလာ
မိဘနှစ်ပါးလုံး ချစ်မငြီး
ရာဇ၀င်များရဲ့သူတို့သမီး။

ဖွင့်ဖွင့်ထွားထွား
ဝင့်ကြွားလှတဲ့
အလှတရားများနဲ့
ရာဇ၀င်များရဲ့သတို့သမီး။

အားမာန်ကိုတင်း
သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့
စီးမြဲတိုင်းစီးနေပါတဲ့
ရာဇ၀င်များရဲ့သတို့သမီး။

လူ့မိစ္ဆာများ
အလှတရားခြေဖျက်
သွေးသောက်ချင်တဲ့
ရာဇ၀င်များရဲ့သတို့သမီး။

ကိုလိုနီလက်ထက်လည်း
အပျိုရည်မပျက်
ဖက်ဆစ်လက်ထက်လည်း
အပျိုရည်မပျက်ခဲ့ပါပဲနဲ့
ကာလနဂါးလက်ထက်မှာမှ
အပျိုရည်ပျက်လုလုဖြစ်နေသော
ရာဇ၀င်များရဲ့သတို့သမီး။

မင်းမျက်ရည်မြေမခ
မင်းသွေးအထိမခံ
ငါတို့သွေးနဲ့ကာကွယ်မယ်။

လေးစားလျက်
ရှင်းသန့်မေ

ဖွဲ့ဆိုမကုန် မိဘဂုဏ်

သန္ဓေစတည်

ပူချည်ဖန်ခါး

ရှောင်ကာရှားလျက်

ကိုးလရင်လွယ်

ဆယ်လဖွားဖြင့်

သေမင်းအန်တု

သက်ကိုလု၍

မွေးဖွားနိုင်အောင်

လူ့ဘောင်သယ်ဆောင်

လူ့ဖြစ်ပေးလို့

ကျေးဇူးကြီးပေတို့မေမေ။

ဖဝါးလက်နှစ်လုံး

မွေးခင်းမှသည်

အစချီလျက်

လူလယ်တင့်တယ်

ဝင့်ကြွားစေရန်

နှဖူးချွေးစက်

ခြေမထက်သို့

ချောင်းလိုအသွင်

သွင်သွင်စီးလည်း

ငြိုငြင်မပျက်

အပြုံးဖက်၍

သားတို့ဝမ်းစာ

မလစ်ဟင်းအာင်

လုပ်ဆောင်ပေးပေတို့ဖေဖေ။

သားသမီးလိုအင်

ဟူသမျှကို

ကိုယ်ပင်မရှိ

မွဲသော်ငြားလည်း

မရှိရှိအောင်

ရအောင်ကြံ၍

ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။

မကောင်းကိုတား

ကောင်းကိုညွှန်၍

ချော့ခြောက်မာယာ

နည်းမျိုးစုံဖြင့်

စိတ်ရှည်သင်ပေတို့မေမေ။

နှိုင်းမဲ့စေတနာ

မိဘမေတ္တာကို

ကဗျာလင်္ကာ

တုကာနှိုင်းလည်း

ဖွဲ့ဆိုမတတ်

ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။


လေးစားလျက်
ရှင်းသန့်မေ

Photo: ဖွဲ့ဆိုမကုန် မိဘဂုဏ် သန္ဓေစတည် ပူချည်ဖန်ခါး ရှောင်ကာရှားလျက် ကိုးလရင်လွယ် ဆယ်လဖွားဖြင့် သေမင်းအန်တု သက်ကိုလု၍ မွေးဖွားနိုင်အောင် လူ့ဘောင်သယ်ဆောင် လူ့ဖြစ်ပေးလို့ ကျေးဇူးကြီးပေတို့မေမေ။ ဖဝါးလက်နှစ်လုံး မွေးခင်းမှသည် အစချီလျက် လူလယ်တင့်တယ် ဝင့်ကြွားစေရန် နှဖူးချွေးစက် ခြေမထက်သို့ ချောင်းလိုအသွင် သွင်သွင်စီးလည်း ငြိုငြင်မပျက် အပြုံးဖက်၍ သားတို့ဝမ်းစာ မလစ်ဟင်းအာင် လုပ်ဆောင်ပေးပေတို့ဖေဖေ။ သားသမီးလိုအင် ဟူသမျှကို ကိုယ်ပင်မရှိ မွဲသော်ငြားလည်း မရှိရှိအောင် ရအောင်ကြံ၍ ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။ မကောင်းကိုတား ကောင်းကိုညွှန်၍ ချော့ခြောက်မာယာ နည်းမျိုးစုံဖြင့် စိတ်ရှည်သင်ပေတို့မေမေ။ နှိုင်းမဲ့စေတနာ မိဘမေတ္တာကို ကဗျာလင်္ကာ တုကာနှိုင်းလည်း ဖွဲ့ဆိုမတတ် ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။ လေးစားလျက် ရှင်းသန့်မေ

*လူအို*

Shin Thant May Myinttarshinmalay's photo.

နွေဦးရွက်ကြွေတွေက
လူအိုရုံတွေလိုပဲ
အထီးကျန်ခြင်း
ဆိတ်ငြိမ်ခြင်း အပြည့်နဲ့
ဟိုလူးဒီလွန့်
နားခိုရာကင်း
ရွက်ကြွေတွေဆိုတာ
ဖူးရာကပွင့်
ပွင့်ရာက၀ါ
ဝါရာကညိုး
ညိုးရာကကြွေခဲ့တာပါ
လူအိုတွေဆိုတာ
တချိန်ကလူပျိုတွေဖြစ်ခဲ့တာပါ
မီးစာတွေလဲကုန်ပြီ
ဆီတွေလဲခမ်းပြီ
စိတ်ကတော့မခမ်းသေးဘူးလေ
သူ့မှာလဲသူ့အတွေး
ကလေးလိုပဲ တွေးချင်တွေးမယ်
မပစ်ပယ်ပါနဲ့
နားလည်ပေးပါ
အိုသူတွေရှိလို့
ပျိုသူတွေရှိတာပါ
နားလည်ပေးပါ
ဒီနေ့အသုံးအဆောင်တွေက
လူအိုတွေလုပ်ခဲ့တဲ့
ဆန်းသစ်ခြင်းတွေပဲ
ယနေ့အသုံးအဆောင်တွေကလည်း
တချိန်ကျရင်ထိုနည်းအတိုင်း
အိုနေမှာပဲ
သင်မမေ့ပါနဲ့
ဒီနေ့မှာသင်ဟာပျိုရွယ်နေပေမယ့်လည်း
နောင်တချိန်မှာအိုသူဖြစ်မှာပဲလေ
သံသရာကတပတ်လည်နေမှာပဲ
သင်မမေ့ပါနဲ့
ပျိုပြီးရင်အိုမြဲပဲ။

လေးစားလျက်
ရှင်းသန့်မေ

Shin Thant May Myinttarshinmalay's photo.
 

@လိုအပ်ချက်@


မနေ့က စကားကျတော
့ ဘုရားပဲတည်တော့မလိုလို

မနေ့ကစကားကျတော့
ဆင်းရဲမွဲတေမူ
ပပျောက်တော့မလိုလို

မနေ့ကစကားကျတော့
ခေါင်းလောင်းသံတညံညံ
မိုးယံသို့လွင့်တော့မလိုလို

မနေ့ကစကားကျတော့
စစ်ပွဲတွေ
ငြိမ်းအေးချမ်းတော့မလိုလို

မနေ့ကစကားကျတော့
လူမွဲတွေ
သူဌေးဖြစ်တော့မလိုလို

မနေ့ကစကားကျတော့
လူတန်းစားအားလုံး
လူ့အခွင့်အရေးတန်းတူရတော့မလိုလို

လို လို လို
ခုတော့
လိုအပ်ချက်များစွာဖြင့်
ငါလည်းလိုနေသေးတယ်
ကလောင်တံလေးလဲ စုတ်နေပြီ။

လေးစားလျက်
ရှင်းသန့်မေ

ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ


ကိုယ့်ကတိ ကိုယ်မနိုင်တဲ့
ရာဇ၀င်တွေလဲ ငါ့မှာ ရှိဖူးတယ်

ကိုယ်သစ္စာ ကိုယ်မတည်တဲ့
ရာဇင်တွေလဲ ငါ့မှာရှိဘူးတယ်

ကိုယ့်အချစ်ကိုယ်လှည့်စားတဲ့
ရာဇဝင်တွေလဲ ငါမှာရှိဘူးတယ်

ကိုယ့်သိက္ခာကိုယ်မစောင့်ထိန်း
ရာဇဝင်တွေလဲ ငါ့မှာရှိဘူးတယ်

ဘယ်သူက ဘယ်သူ့ ကို
ကတိတည်တယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
သစ္စာရှိတယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
ချစ်တယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
သိက္ခာထိန်းတယ်ဆိုတာထက်

လူတိုင်းကကိုသမိုင်းကိုယ်
ရေးထွင်းနေကြတာ

ဆန္ဒရှိပေမယ့်
သိက္ခာကိုယ်ထိန်းသင့်သလို

ဆန္ဒရှိပေမယ့်
အရှက်ကိုထိန်းသင့်တယ်။


လေးစားလျက်
ရှင်းသန့်မေ
Photo: ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ ကိုယ့်ကတိ ကိုယ်မနိုင်တဲ့ ရာဇ၀င်တွေလဲ ငါ့မှာ ရှိဖူးတယ် ကိုယ်သစ္စာ ကိုယ်မတည်တဲ့ ရာဇင်တွေလဲ ငါ့မှာရှိဘူးတယ် ကိုယ့်အချစ်ကိုယ်လှည့်စားတဲ့ ရာဇဝင်တွေလဲ ငါမှာရှိဘူးတယ် ကိုယ့်သိက္ခာကိုယ်မစောင့်ထိန်း ရာဇဝင်တွေလဲ ငါ့မှာရှိဘူးတယ် ဘယ်သူက ဘယ်သူ့ ကို ကတိတည်တယ်ဆိုတာထက် ဘယ်သူကဘယ်သူကို သစ္စာရှိတယ်ဆိုတာထက် ဘယ်သူကဘယ်သူကို ချစ်တယ်ဆိုတာထက် ဘယ်သူကဘယ်သူကို သိက္ခာထိန်းတယ်ဆိုတာထက် လူတိုင်းကကိုသမိုင်းကိုယ် ရေးထွင်းနေကြတာ ဆန္ဒရှိပေမယ့် သိက္ခာကိုယ်ထိန်းသင့်သလို ဆန္ဒရှိပေမယ့် အရှက်ကိုထိန်းသင့်တယ်။ လေးစားလျက်ရှင်းသန့်မေ

Wednesday, August 21, 2013

ခရီးသွား....ငါ


ဘ၀ခရီးလမ်းတလျှောက်

ညီညာတဲ့လမ်းရှိသလို

မညီညာတဲ့လမ်းလျှောက်လှမ်း

ကောင်းတာတွေသင်ယူ

ဆိုးတာတွေပစ်ပယ်လို့

ထောက်ပြဝေဖန်သင့်တာ

ထောက်ပြဝေဖန်

ဥပေက္ခာပြုသင့်တာတွေကိုလည်း

ဥပေက္ခာပြုထားခဲ့လို့

ကိုယ်လိုချင်တဲ့ ပန်းတိုင်ခရီးတခုရောက်အောင်

ဆက်လက်ခရီးနှင်နေဆဲပဲပေါ့  ။


တွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကို

သင်ခန်းစာယူ့ 

ပြင်သင့်တာကိုပြင်

ပယ်သင့်တာကိုပယ်

အစွန်းနှစ်ဖက်လွတ်အောင်ရှောင်ကာ

ခရီးကိုဆက်သွားနေဆဲပါ့  ။


ခရီးလမ်းတလျှောက်မှာတော

အမြင်မတော်တာတွေ့တွေ့

ရင်မှာ မွန်းကြပ်ခံစားလာရင်တော့

ကဗျာတွေ စာတွေသွန်ချလိုက်တယ်

မှားချင်လည်းမှားမယ်

မှန်ချင်လည်းမှန်မယ်

ငါလည်းလေခရီးသွားပေမို့

ိကိုယ်သမိုင်းကိုယ်ရေးရင်း

ငါလည်းခရီးတခုကိုဆက် နှင်နေဆဲ.....


ခရီးလမ်းတလျှောက်

ပန်းခင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

ခယောင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

သွားနေတဲ့ခရီးလမ်းရပ်ထားလို့မှမရတာ

ဆက်လျှောက်..ဆက်လျှောက်


လေးစားလျှက်
ရှင်းသန်မေ

ပြိုင်တူတည်မှသစ်မယ့် ကမ္ဘာ



အတွေးကို လှုပ်နှိုး…
နှလုံးသားကိုစိုးမိုးတဲ့သူရယ်
အဆုံးအစမရှိ တဲ့ချစ်ခြင်းနဲ့
ဝင်းလဲ့ဖြူစင်နေတဲ့ မေတ္တာ
ထာဝရ ရင်မှာပိုက်ထွေးလို့…
ရိုးရှင်းစွာပြောလိုက်တော့မယ်နော် ။

ချစ်သူရယ်" ချစ်တယ်"

ပျိုမေတို့ မိန်းကလေးဘ၀က
ကမ်းလက်ကိုပဲ မျှော်လင့်နေခဲ့ရတဲ့
အိနြေ္ဒ ခြံစည်းရိုးကြားက…
ပန်းလေးတပွင့်ပါ ချစ်သူရယ် ။

ချစ်ရသူကလည်း ရင်ခွင်ခြားနေဆဲ
အားငယ်ကာဆွေးချိန်တိုင်း
ရင်ကအလွမ်းလှိုင်းတွေ တ၀ုန်းဝုန်းခတ်
ရင်ထဲက အချစ်ကို…
စာဆိုကာ ဖွဲ့မပြတတ်တာမို့
ချစ်သူမြင်အောင် ဘယ်လိုများပြရလဲ သိချင်တယ် ။
အေးစက်စပြုနေတဲ့ ရင်ခွင်ကိုမှ
တိုးဖွဖွလေးတံခါးလာခေါက်တဲ့ ချစ်သူရေ
ပျိုမေ့ ရင်ခုန်သံတွေအားလုံး
ချစ်သူစကား ချိုချိုကြားကျရှုံးခဲ့တာ
သိရဲ့လားလေ ။

နွေးထွေးတဲ့ ရင်ခုန်သံစေညွှန်ရာအတိုင်း
ရင်တံတိုင်းကို ရိုက်ခတ်ထွက်လာတဲ့ အသိမှာ
ချစ်သူရဲ့ချစ်ခြင်းတစ်ခုသာ
ကိုးကွယ်ရာဖြစ်ခဲ့တယ်…

ချစ်သူရဲ့အချစ်
တကယ် ချစ် မချစ်
တကယ် စစ် မစစ်
ခွဲခြမ်း စိတ်ဖြာပစ်ဖို့
ပြဌာန်းချက်တွေ မဖွင့်လှစ်ရသေးဘူး ချစ်သူရယ် ။

ချစ်သူမိုးပေးမယ့် ကောင်းကင်ဟာ
ဖြူတာပဲ ဖြစ်ချင်ဖြစ်…
မဖြူချင်လည်းနေပါစေ
အတူတူတွဲထားတဲ့လက်တွေနဲ့
အနာဂတ်ရဲ့အိပ်မက်ကိုအသက်သွင်းကြမယ်လေ ။

ပျိုမေတို့တည်မယ့် ကမ္ဘာသစ်မှာ…
မေတ္တာပန်းတွေ ပွင့်လန်းလို့
တွဲလျှောက်မယ့်လမ်းခရီးမိုင်တိုင်များ
နှစ်ယောက်သားအတူဖောက်ထွက်လို့
တွဲလက်တွေ ခိုင်မြဲပါရစေ ချစ်သူရယ်…။ ။



စာဖတ်သူများအားချစ်ခင်လေးစားလျှက်
ကြိုးစားပါဦးမည်
ရှင်းသန့်မေ

ညစ် လိုက်ကြရအောင်

လူတွေလည်း ညစ်

မူတွေလည်း ညစ်

ခေတ်တွေလည်း ညစ်

စနစ်တွေလည်းး ညစ်

စိတ်တွေလည်း ညစ်

ညစ်နေတဲ့လောကကြီး

ပြောင်းလဲဖို့တော့သင့်နေပြီ

ညစ်...ညစ်..ညစ်တာတွေ

ရှင်း... ရှင်း ...ရှင်း သွားဖို့

သန့်...သန့်...သန့် ဖို့တော့လိုနေပြီ

မေ.မေ

ညစ်နေတဲ့လောကကြီးရှိသမျှ

ဒီကမ္ဘာကြီးညစ်နေအုန်းမှာပဲ

ညစ်...ညစ်.....ညစ်တယ်။

လေးစားလျက်
ရှင်းသန့်မေ

ဆေးသားပျက် မိုးတိမ်




တိမ်တွေအရောင်ပြောင်းတာ
ဆေးစက်ပဲအချမှားလို့လား
ဆေးသားကပဲအရောင်မွဲလို့လား
ဆေးရောင်စပ်သူတွေကပဲ
မှားနေလို့လား
ဆေးသားကပဲမခိုင်ခန့်လို့လာ
တိမ်တွေတောင်မပြာနိုင်တော့။

ဘ၀တွေကပဲအနေမလှလို့လား
မြင်မြင်နေသမျှဆေးသားတွေကမလှပ
ရေးချက်တွေကစုပ်ချက်မှားလေတော့
နှလုံးသားအရောင်တွေကလည်းပြောင်း
သစ္စာအရောင်တွေကလည်းပျယ်
ဟိရိသြတ္တပ္ဗတရားတွေပျောက်ကွယ်
အမှန်တရားကမှေးမှိန်သွားတယ်။

တပ်မက်မူများလာတော့
မောဟတွေဝင်လာတယ်
လိုချင်တာတွေများလာတော့
လောဘတရားက၀င်လာတယ်
စိတ်ဓါတ်တွေတင်းမာလာတော့
ဒေါသတရားတွေဝင်လာတယ့်
တဏှာတွေအမှောင်ဖုံးလာတော့
ရမ္မက်ခိုးဝေလာတယ်။

လူလူချင်းစာနာမူတရားမဲ့ဖန်များတော့
တိမ်တွေတောင်အရောင်ပြောင်း
လူလူချင်းမတရားဖန်များတော့
ရာသီဥတုဖေါက်ပြန်လာပြီး
အိုဇုန်းလွှာတွေတောင်ပေါက်ကွဲ
လောကပါလတရားပျောက်ကွယ်သွားတော့တယ်။

လူ့စည်းကမ်းဖေါက်ဖန်များလာတော့
တိမ်တွေတောင်ငိုချပြီး
အရောင်ပါပြောင်းသွားတယ်။


စာပေချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ