Friday, January 11, 2013

“ရင်ခုန်သံ ထပ်တူကျခြင်း…”


“ချစ်…


မမျှော်လင့်ခဲ့ပါဘူးကွယ်…


ရင်ခုန်သံတွေ ဆက်နွယ်ခဲ့လိမ့်မယ်လို့…”





ချစ်မမြင်…


ချစ်မသိ…


ချစ်မရှိတဲ့ ဘ၀မှာ ကြီးပြင်း…


အလင်းမရှိတဲ့ ကောင်းကင်လို…


အကြောင်းမမြင်ဝါဒနဲ့ မှောင်မိုက်…


ခေါင်ခေါင် ခိုက်ခိုက်…


ငိုက်ငိုက် မှေးမှေး…


အတွေးရယ် မစိုပြည်…


ငိုနေပြီ မျက်ရည်ဖွဲ့…


ငြိုးမာန်ချဲ့တဲ့ ဒီမိုး…


ရင်ကိုမှ ပျိုးလို့စွေ…


နေစရာ မရှိ…


ဒီကဗျာ သိသက်သေ…


မချိရတက်ပွေ ကြွေလွင့်…


နင့်ရတဲ့ ဒီရင်ဘတ်…


ထပ်တလဲလဲ နာ…


မရပ်မစဲ ဆူးနစ်ကာလွမ်း…


တမ်းတလို့ ရှာဖွေ…


ဝေဒနာ ရင်မှာမော…


ပြောကြည့်ပါဦး ချစ်ရေ…


ရင်ခုန်သံတွေ ထပ်တူရဲ့လားလို့…။       ။





ဖိုးအောင်(နည်းပညာ)





အတွေးကို လှုပ်နှိုး…
နှလုံးသားကိုစိုးမိုး..
အဆုံးအစမရှိ ချစ်ခြင်း…
ဖြူစင်သော မေတ္တာနဲ့…
ထာဝရ ရင်မှာထွေးပိုက်လို့…
ရိုးရှင်းစွာပြောလိုက်တော့မယ်နော်…

“ကိုကို့ကို ချစ်တယ်…”

ပျိုမေတို့ မိန်းကလေးဘ၀…
လှမ်းလက်ကို မျှော်လင့်…
အိနြေ္ဒ ခြံစည်းရိုးကြားက…
ပန်းလေးတပွင့်ပါ ကိုကို…
ရေခြား မြေခြား အနေခြားမို့…
ချစ်ရသူက ဟိုးအဝေး…
ပျိုမေ့ရင်မှာ
အားငယ်ကာဆွေးတာမို့…
ရင်က အလွမ်းတွေ…
တုနှိုင်းလို့ မမှီ…
ရင်ထဲက အချစ်ကို…
စာဆိုကာ ဖွဲ့မပြတတ်တာမို့…
ကိုကိုမြင်အောင် ဘယ်လိုများပြရပါ့…
အေးစက်စက် နှလုံးသားကိုမှ…
တံခါးလာခေါက်တဲ့ ကိုကိုရေ…
ပျိုမေ့ ရင်ခုန်သံတွေ…
ကိုကို့စကား ချိုချိုကြား…
ကျရှုံးခဲ့တာသိရဲ့လားလေ…
နွေးထွေးတဲ့ ရင်ခုန်သံအပိုင်းအစတစ်ခုက…
မေ့ရင်ကို ရိုက်ခတ်လာလေတော့…
ကိုကို့ အချစ်သာလျှင်…
ပျိုမေအတွက် ကိုးကွယ်ရာဖြစ်ခဲ့တယ်…

ကိုကို့အချစ်ကတကယ် ချစ် မချစ်…

ကိုကို့အချစ်ကတကယ် စစ် မစစ်ဆိုတာ…
ခွဲခြမ်း စိတ်ဖြာပြစ်ဖို့…
သတ္တိ တွေ မ၀ံ့ရဲ…

ကိုကိုမိုးပေးမယ့် ကောင်းကင်ထဲမှာ…
ပျိုမေအတွက်အဖြူပဲ ဖြစ်ဖြစ်…

အနက်ပဲ ဖြစ်စေ…
အတူတူတွဲထားတဲ့…

ပျိုမေနဲ့ ကိုကို့လက်တွေ…
အနာဂတ်တွေကို နွေးထွေးစေမယ်ကွယ်…

ပျိုမေတို့တည်မယ့် ကမ္ဘာမှာ…
ပျိုမေနဲ့ ကိုကို့အလင်း…
အတူတူ လျှောက်မယ့်လမ်း…

နှစ်ယောက်ကိုယ်တိုင် ရေးခြယ်ကြမယ်

တွဲလက်တွေ ခိုင်မြဲပါစေ ကိုကိုရယ်…။    ။




အနုပညာမောင်နှမ..ကိုဖိုးအောင်(နည်းပညာ)နှင့် ရှင်းသန့်မေ တို့ရဲ့
ပထမဦးဆုံးနှစ်ယောက်ပေါင်းစပ်ကဗျာလေးပါ
ဝေဖန်ပေးကြပါဦးနော်
ကြိုးစားပါဦးမည်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment