Friday, January 18, 2013

****နင့်အတွက်နှလုံးသားကစားစရာအရုပ်တခု****

ချစ်သူ...

မင်းအတွက်အချစ်ဆိုတာ

ကစားစရာ

အရုပ်တရုပ်ဖြစ်ခဲ့တယ်ဆိုရင်

ငါ့နှလုံးသားတွေက

နင့်အတွက်

ကစားစရာအရုပ်တစ်ခုလိုက်မယ်

ငါကျေနပ်ပါတယ်

ဒါပေမဲ့ဟာ...

ဥပေက္ခာမပြုလိုက်ပါနဲ့

နင့်အတွက်ဖြစ်တည်ထားတဲ့

ငါ့နှလုံးသားကစားစရာလေးကို

ကျိုးပဲပျက်စီးသွားအောင်တော့

ရက်ရက်စက်စက်မလုပ်လိုက်ပါနဲ့

မလုပ်လိုက်ပါနဲ့ ဟာ....

ဒါကလည်း

ငါ့အတွက်စိုးရိမ်လို့ ပြောတာ

မဟုတ်ပါဘူး

နင်နောက်ပျင်းတဲ့အချိန်

ကစားဖို့ အတွက်

ငါ့နှလုံးသားကစားစရာလေး

ကျိုးပဲသွားရင်

နင့်အတွက်အဖော်မရှိတော့မှာကိုပဲ

ငါစိုးရိမ်နေခဲ့တာပါဟာ.....။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment