Friday, January 11, 2013

♥♫အချစ်သစ်ပင်♥♫


နက်နက်ရှိုင်းရှိုင်း
ရင်ဘတ်တစ်နေရာမှာ
အချစ်သစ်ပင်လေးတပင်
စိုက်ခဲ့မိတယ်

အချစ်ပင်လေးအစဉ်လန်းဖို့
နားလည်မူရေတွေလောင်း
သဘာဝအတိုင်းတည်ရှိဖို့
သစ္စာတွေစိုက်ထူ
မြတ်နိုးမူတွေနဲ့
အချစ်သစ်ပင်လေးတပင်
စိုက်ထူလာတာ
အပင်လေးက
တဖြည်းဖြည်းအပျိုဖေါ်ဝင်လာခါစ
အချစ်သစ်ပင်လေး
လှည့်ဖြားလိမ်လည်
ဟန်ဆောင်တတ်လာတယ်

ရာသီဥတုဒဏ်
တခြားဘေးပရောဂတွေ
ကြံကြံ့ခံနိုင်စေဖို့
ဥယျာဉ်မှူးလေးခမျာ
အချစ်သစ်ပင်လေးကို
ယုယခြင်းတွေ
ပျော်ရွှင်ခြင်းနဲ့
မြတ်နိုးမူတွေ
တယူတယစိုက်ထာ့း
သစ်ပင်လေးခမျာ
အကြင်နာအသီးအပွင့်တောင်
မပွင့်လန်းခင်မှာပဲ
ကြွေကျမြေခရှာတော့တယ်

ဥယျာဉ်မှူးလေးခမျာ
တယုတယစိုက်ထား
သစ်ပင်လေးကိုကြည့်ပီး
ဝေဒနာလွမ်းဆွတ်မူတွေနဲ့ပေါ့....။
အချစ်သစ်ပင်လေးကိုတန်ဖိုးထားတတ်နိုင်ပါစေ
လေးစားချစ်ခင်လျှက်
ရှင်းသန့်မေ

No comments:

Post a Comment