Friday, January 18, 2013

♥´♥´တည်မြဲနေမှာပါချစ်သူရယ်`♥`♥


ဒီကမ္ဘာကြီးကဘယ်အရာမှမတည်မြဲလို့
အချစ်ကိုရှောင်ပုန်းနေမိတဲ့ငါ
မင်းနဲ့မတွေ့ခင်အချိန်မှာ
ငါစာတခုချိတ်ထားမိတယ်
''အချစ်ဥယျာဉ်တံခါးပေါက်"

''မည်သူမှ ၀င်ရောက်ခြင်းမပြုရ"
မင်းဝင်ရောက်လာချိန်မှာပဲ
အချစ်ဥယျာဉ်တံခါးပွင့်သွား
အချစ်ကပြုံးသွားလေရဲ့။
ချစ်သူရေ...
အချစ်ကငါကိုလှောင်သွားတယ်
ဘယ်အရာတွေက
ဘယ်လိုပဲပြောင်းလဲနေနေ
ချစ်သူရေမင်းအတွက်
ငါအချစ်ကထာဝရတည်မြဲနေမှာပါ။
ချစ်သူရေ
ချစ်တယ်ဆိုတဲ့မင်းရဲ့စကားတခွန်းကြောင့်
ငါ့အချစ်တွေနိုးထလာခဲ့တယ်ချစ်သူရယ်
ချစ်သူရေ
ထပ်တူပါကွယ်
လူတွေပြောင်းလဲရင်ပြောင်းလဲနိုင်မယ်
တခြားသက်မဲ့တွေပြောင်းလဲနိုင်တယ်
ဒါပေမယ့်ငါ့အချစ်တွေကမပြောင်းလဲပါဘူး
မင်းအတွက်ပါ
မင်းကိုသိပ်ချစ်ပါတယ်
မိုင်တွေဘယ်လောက်ပဲဝေးပါစေ
ငါတို့ အဝေးကြီး ဝေးကွာနေပါစေ
ငါအချစ်ကမင်းအတွက်ပါပဲချစ်သူရယ်။

အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ

No comments:

Post a Comment