Friday, January 18, 2013

♥´ငါ့ကိုယ်စားပြောပေးပါကဗျာရေ`♥


ကဗျာရေ
   ငါဘယ်လောက်ထိ ချစ်တယ် ဆိုတာ
     ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ
   ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
   
ကဗျာရေ
   မြင်တွေ့ခွင့် မရနိုင်သေးတဲ့သူကို
   အချိန်ခဏမှာ ငါတစ်ယောက်ထဲ
   လွမ်းနေတာကိုကဗျာအသိဆုံးပါ
ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
ကဗျာရေ
 မြင်မြင်ချင်းချစ်ခဲ့တာလည်း မဟုတ်ဘူး..
   အနေနီးလို့ချစ်သွားတာလည်း မဟုတ်ဘူး..
   အပြောကောင်းလို့ခိုက်သွားတာလည်း မဟုတ်ဘူး..
   နှလုံးသားကချစ်လိုက်ဆိုလို့.. ချစ်ခဲ့မိတာဆိုတာ
ငါ့ကိုယ်စားပြောပေးပါကဗျာရေ။
အားလုံးကိုလေးစားလျှက်
..ရှင်းသန့်မေ..

No comments:

Post a Comment