Friday, January 18, 2013

♥ဤကမ္ဘာမြေငြိမ်းချမ်းပါစေ♥

အိုလူသားတို့...
တမြေတည်းနေ
တရေတည်းသောက်
မေတ္တာတရား
အဘယ်ကိုပျောက်
ဂရုဏာတွေကင်း
အကြင်နာပျောက်
ဆာလောင်မွတ်သိပ်နေတဲ့
အတ္တသားကောင်တွေသဖွယ်
ကိုယ်ဇာတ်တူကို
ကိုယ်စားနေကျ
လောဘကထူ
မောဟကဖုံး
နှလုံးသားကြမ်း
ရိုင်းစိုင်းရမ်းပျ
ကိုယ်တဘို့တည်း
ကိုယ်ကြည့်နေကြ
အိုစက်ဆုပ်ဖွယ်
ကောင်းလိုက်ပါဖိ
အဘယ်မှာမေတ္တာ
အဘယ်မှာအကြင်နာ
အဘယ်မှာဂရုဏာ
အဘယ်မှာမုဒိတာ
ရှင်းတို့နထိုင်နေ
ဤကမ္ဘာမြေမှာ
အားငယ်သူဖေးမမယ့်သူ
လဲနေသူထူပေးနိုင်မယ့်လူ
မေတ္တာအစွမ်းနဲ့
အကြင်နာချစ်ခြင်းမေတ္တာနဲ့
လမ်းပြပေးနိုင်တဲ့လူများစွာ
ပေါ်ထွန်းနိုင်ပါစေ
အမှောင်ကိုခွင်း
အလင်းကိုပြပေးနိုင်မယ်
လူများစွာပေါ်ထွန်းနိုင်ပါစေ
ဤကမ္ဘာမြေငြိမ်းချမ်းပါစေ......။

ချစ်ခြင်းမေတ္တာပေါ်ထွန်းနိုင်ပါစေ
မေတ္တာတရားလက်ကိုင်ထား
ဤကမ္ဘာမြေငြိမ်းချမ်းပါစေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ။

No comments:

Post a Comment