Wednesday, July 24, 2013

(((GOOD BYE ချစ်သူ)))




နင့်နေအောင်ချစ်သလို

ရင်ပွင့်မတတ်လည်းခံစားရတယ်

နှလုံးသားကဒဏ်ရာ

ငါ့တသက်တာအမှတ်တရပေါ့။

ချစ်ခဲ့ဖူးတဲ့အချစ်

မြတ်နိုးဖူးတဲ့အကြင်နာ

လွမ်းခဲ့ဖူးတဲ့သူ့ပုံရိပ်

တိမ်တွေလိုပျောက်ကွယ်သွားပြီ။

ချစ်ခဲ့ဖူးတဲ့အချစ်က

တိမ်တွေလိုရွေ့လျား

ဖမ်းဆုပ်လို့မရမှတော့

ထိန်းချုပ်မထားတော့ဘူး

ချစ်ခဲ့ဖူးတဲ့အချစ်အတွက်

တသက်စာအတွက်အမှတ်တရပါပဲ။

ကွဲအက်သွားတဲ့အသည်း

ပြန်ဆက်ဖို့တော့မဖြစ်နိုင်မှတော့

အသက်ပေးလောက်အောင်ချစ်ခဲ့ပေမဲ့

မေတ္တာပြယ်ခဲ့လေတော့

နောင်သံသရာအထိမင်းအချစ်ကို

ရူးသွပ်မနေတော့ဘူး

ချိုမြိန်ဖူးတဲ့ အချစ်

လွမ်းဆွတ်ခဲ့ဖူးတဲ့ အရိပ်ထဲက

ထာဝရရုန်းထွက်လိုက်ပြီ

မင်းဆက်လျောက်မယ့်လမ်းဖြောင့်ဖြူးပါစေ။


ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ကြပါစေ
ကဗျာချစ်သူတိုင်းအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment