Wednesday, July 24, 2013

(((((((ရှိနေပေးပါ ချစ်သူရယ်))))))



မိုးရာသီရောက်ပြီနော်ချစ်သူ.

မိုးစက်ကလေးတွေအောက်မှာ

ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်လေးတွေ.

သာယာချိုမြတဲ့တေးသွားလေးလို.

မင်းပြောခဲ့တဲ့အားပေးစကားတွေ

ပုံပြင်တစ်ပုဒ် မဖြစ်ပါရစေနဲ့ ချစ်သူ.

မင်းကြောင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ

့ ငါ့ရဲ့နေ့ရက်တွေကို

အိပ်မက်တစ်ခုလို မဖြစ်ပါရစေနဲ့

ချစ်သူရယ်

မာန နဲ့ သိက္ခာ

မင်းအတွက်အရှုံးထား

နှလုံးသားမှာ ကမ္ဓည်းထိုး

မင်း ကို မြတ်နိုးစွာချစ်မိသွားလို့ ပါ

ငါ့ရှိမှ ပြီးပြည့်စုံမယ်ပြောတတ်တဲ့မင်း

ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်.

မင်းမရှိရင်တော့

ငါ့နေ့ရက်တွေကအသက်မ၀င်နိုင်ဘူး

ငါအတွက်ရှိနေပေးပါချစ်သူရယ်။

လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment