Wednesday, July 24, 2013

ချစ်သက်သေ



သံယောဇဉ်ကြိုး

နှောင်တွယ်တိုးလို့

မလှုပ်သာအောင်

တုပ်ကာနှောင်လျက်

တမ်းတအလွမ်း

လောင်မြိုက်ကျွမ်းစေ

အပြစ်မဆို

ချစ်မေတ္တာတွင်

ခံစားလျက်သာ။

သူချစ်ခြင်းတွင်

ခ၀ါချထား

မာနများလည်း

သူ့ဖ၀ါးအောက်

သက်ရောက်ခစင်း

ဟန်တွေမပြ

မာန်ဖြေချလို့

ခစားလျက်သာ ။

သူချစ်ခြင်းမှာ

ပျော်မွေ့နေတာ

ကြာခဲ့ပြီနော်

အကြင်နာတွေ

ရင်မှဝေးပြီး

ရင်နင့်စရာ

ကြုံပါသော်လည်း

ခွဲမခွာရက်

ငြိုးမာန်မဖွဲ့

အမြဲညှဉ်းစေ

ကြိတ်မှိတ်ဖြေမယ်။

မှားခဲ့ပါစေ

တရားနဲ့ဖြေပြီး

ကံခေမဆုံး

ဒဏ်ရာပြည့်လည်း

အရှုံးတွေပိုက်

ပြုံးနေလိုက်မယ်။

စာဖတ်သူများအားလေးစားလျက်

ရှင်းသန့်မေ

No comments:

Post a Comment