Wednesday, July 24, 2013

အိမ်ဝေးငှက်တကောင် တမ်းချင်း




ခိုင်မာတဲ့အနာဂတ်

ပျော်ရွှင်တဲ့မိသားစု

တစ်ခုထုဆစ်ဖို့

အိပ်မက်တွေကိုထမ်းပိုးရင်း

ချန်ထားခဲ့ရတဲ့

အမေရဲ့မျက်ရည်တစ်စက်

မွေးရပ်မြေရဲ့ အငွ့အသက်ပစ်ကာ

သံယောဇဉ်ကိုလျစ်လျူရူ

ကံတရားရဲ့ မျက်ကွယ်

ရေကြည်ရာမြက်နုရာ ဖွေရှာ

နွေးထွေးတဲ့အမေအဝေး

မိသားစုအသိုက်အမြုံနဲ့ဝေးတဲ့အရပ်မှာ

အိမ်ပြန်ချင်ပေမယ့်လည်း

အောင်မြင်မူတွေအတွက်

မာနကိုတင်းခံ

ပန်းတိုင်ကိုလျှောက်လှမ်းရင်း

အိမ်ပြန်ချိန်တမ်းတပေမယ့်လည်း

အိမ်နဲ့ဝေးဆဲပါပဲ။


အဝေးရောက်သူငယ်ချင်းများအတွက်
ရှင်းသန့်မေ

No comments:

Post a Comment