Wednesday, July 24, 2013

မြတ်နိုးလျှက်ပါမောင်




ကဗျာဆန်ဆန်မပြောတတ်ပေမယ့်

အမြဲနားလည်ပေးတတ်သူမို့

မြတ်နိးလျှက်ပါမောင်...။


ဝါသနာတူစရိုက်ကွဲပေမယ့်

စာနာစွာညှိယူပေးတတ်သူမို့

တန်ဖိုးထားလျှက်ပါမောင်...။




အကြင်နာကိုလူမြင်အောင်မဖွင့်ပြတတ်ပေမယ့်

စေတနာရင်မှာတွေ့တာမို့

ရိုးသားတဲ့ချစ်ခြင်းတွေအတွက်

လေးစားလျှက်ပါမောင်...။


သံယောဇဉ်တွယ်တာ တာတွေ

မြင်အောင်မပြတဲ့မောင့်ကို

အကြင်နာပိုအချစ်တွေတိုးလို့

မြတ်နိုးလျှက်ပါမောင်...။



စာဖတ်သူများအားးအစဉ်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment