Wednesday, July 24, 2013

((((အတုယောင်သစ္စာ)))




အမုန်းတွေမရှိအရပ်မှာ
ငါနေချင်တယ်
သစ္စာတရားကို
တန်ဖိုးထားစောင့်ရှောက်တဲ့အရပ်
ငါနေချင်တယ်
တစ်ယောက်ကတစ်ယောက်ကို
ယုံကြည်ချက်အလင်းလေးဖန်ဆင်း
နားလည်မူနေရောင်ခြည်တည်ဆောက်တဲ့အရပ်
ငါနေချင်တယ်

အချစ်မှာ မျက်စိမရှိလို့
ချစ်ခဲ့ကြတာမဆန်းပေမယ့်
သံယောဇဉ်တစ်ခုတည်းနဲ့တော့
အချစ်ဆိုတဲ့ဂုဏ်ပုဒ်ကို
သစ္စာမဲ့အရောင်အဆိုးမခံနိုင်ဘူး

သစ္စတရားကိုအရောင်ဆိုးတဲ့မင်း
ဘယ်သံသရာမှ
ငါ့ကိုရှာမနေနဲ့တော့
ပျောက်သောသူမဟုတ်တဲ့အတွတ်
ကြာရင်တော့နင်မေ့သွားမှာပါ...။


လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment