Wednesday, July 24, 2013

တူနှစ်ကိုယ်ချစ်အိမ်



တို့နှစ်ယောက်အချစ်

မေတ္တာတရားနဲ့အလှဆင်

နှလုံးသာနဲ့ ဖန်တီးမယ်

အချစ်အိမ်လေး

အဖြူစင်ဆုံးနှလုံးသားနဲ့တည်ဆောက်မယ်။

တို့နှစ်ယောက်အချစ်အိမ်

အလှတရားကို

သစ္စာတရားနဲ့ထိန်းသိမ်း

နားလည်မူနဲ့တည်ဆောက်

ဘ၀အစနဲ့ အဆုံးကြား

အတူတူကွယ်ယုံကြည်စွာဖြတ်သန်းမယ်။

အချစ်တွေက

ရင်ခုန်သံထပ်တူညီ

တနယ်စီဝေးလို့

အလွမ်းတွေ ဒဏ်သင့်လည်း

တို့နှစ်ယောက်အချစ်အိမ်လေးမပျက်စီးကြေးနော်။

တို့နှစ်ယောက်ချစ်အိမ်

မေတ္တာတရားနဲ့အလှဆင်

နှလုံးသားနဲ့ဖန်တီး

အလွမ်းတံတိုင်းကို ကာရံ

အချစ်တွေစီချထားမယ်ဆို

တို့နှစ်ယောက်အချစ်အိမ်လေးထာဝရလှပနေမှာပါ။

ချစ်သူတိုင်းအချစ်အိမ်ခိုင်မြဲပါစေ။

လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment